Connect with us

Science & Technology

တရုတ်က BeiDou-3 တည်နေရာပြဂြိုလ်တု နှစ်လုံးအား သယ်ဆောင်ရေးဒုံးပျံ တစ်ခုဖြင့် လွှတ်တင်


ရှီးချန်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းစနစ်နှင့် တည်နေရာကွန်ရက်အား ထောက်ပံ့နိုင်ရန်အတွက် နိုဝင်ဘာ ၅ ရက် ည ရး၄၅နာရီတွင် BeiDou-3 တည်နေရာပြဂြိုလ်တု နှစ်လုံးအား ဂြိုလ်တုသယ်ဆောင်ရေးဒုံးပျံတစ်ခုတည်းဖြင့် အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။

ယင်းဂြိုလ်တုများကို Long March-3B ဂြိုလ်တုသယ်ဆောင်ရေးဒုံးပျံ ဖြင့် သယ်ဆောင်ကာ စီချွမ်ပြည်နယ် အနောက်တောင်ပိုင်း ရှိ ရှီးချန်း ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံက ကိုယ်ပိုင်ထုတ်လုပ်ထားသည့် BeiDou တည်နေရာပြဂြိုလ်တုစနစ် ကို ကမ္ဘာလုံးဆိုင်ရာကွန်ရက်အတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့်ဝင်ရောက်ရန် တရားဝင်စတင်ခဲ့စဉ်တွင် ယခု BeiDou-3 တည်နေရာပြဂြိုလ်တု နှစ်လုံးအား ပထမဆုံးအကြိမ်လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

Long March-3B ဂြိုလ်တုသယ်ဆောင်ရေးဒုံးပျံ ဖြင့် BeiDou-3 တည်နေရာပြဂြိုလ်တု နှစ်လုံးအား လွှတ်တင်စဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့တွင် ကိုယ်ပိုင် တည်နေရာပြစနစ်များ ရှိကြသည့် အတွက် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုယ်ပိုင်တည်နေရာပြစနစ်ရှိသော တတိယမြောက်နိုင်ငံဖြစ်လာစေရန် ၂၀၂၀ခုနှစ် ဝန်းကျင်မတိုင်မီ ကမ္ဘာလုံးဆိုင်ရာ တည်နေရာ နှင့် လမ်းကြောင်းပြစနစ်အတွင်း BeiDou အား တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံသည် BeiDou ဝန်ဆောင်မှုများအား ပိုးလမ်းမကြီးတစ်လျှောက် ရှိ နိုင်ငံများအထိ ဖြန့်ကျက်နိုင်ရန် ၂၀၁၈ခုနှစ်အကုန်ဝန်းကျင်တွင် BeiDou-3 ဂြိုလ်တုပေါင်း ၁၈လုံးအထိ လွှတ်တင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

၂၀၂၀ ခုနှစ်မတိုင်မီ ယင်းစနစ်တွင် ဂြိုလ်တု အလုံး ၃၀ ရှိလာကာ ကမ္ဘာတစ်ခုလုံးသို့ လွှမ်းခြုံလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

BeiDou-3 ဂြိုလ်တုများ နှင့် သယ်ဆောင်ရေးဒုံးပျံများကို တရုတ်နိုင်ငံအာကာသနည်းပညာ အကယ်ဒမီ နှင့် တရုတ်နိုင်ငံယာဉ်လွှတ်တင်ရေးနည်းပညာအကယ်ဒမီတို့မှ အသီးသီး ဖန်တီးထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.