Connect with us

Agriculture

တရုတ်နိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍ ခေတ်မီလာရန် e-commerce စနစ်အား ပေးမည်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ် ရှိ စိုက်ခင်းတစ်ခု အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လယ်ယာ နှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် အတွက် e-commerce စနစ် အား အရှိန်မြှင့် တွန်းအားပေးမည်ဟု သောကြာနေ့တွင် ထုတ်ပြန်သော လုပ်ငန်း စီမံချက်အရ သိရပါသည်။

လာမည့် သုံးနှစ်အတွင်း e-commerce အခြေခံ အဆောက်အအုံများ နှင့် မှုဝါဒများကို တည်ထောင်သွားရန် ရှိကြောင်း နှင့် စိုက်ပျိုးရေး ဆိုင်ရာ e-commerce အမျိုးအစားများကို လုပ်ဆောင် သွားမည့် ဖြစ်ကြောင်း စိုက်ပျိုးရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဋ္ဌာန နှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ပြုပြင် ပြောင်းလဲရေး ကော်မရှင် တို့ ပူးတွဲလုပ် ငန်းစဉ် အရသိ ရသည်။

တရုတ်နိုင်ငံ ၏ လယ်ယာ ကဏ္ဍသည် ဆယ်စုနှစ် သုံးခုကျော် အတွင်း တိုးတက်သည့် အခြေအနေမှာ ရှိနေပေမဲ့ လူဦးရေ ပြောင်းလဲမှု နှင့် အဆင့်မြင့်သော နည်းပညာ လိုအပ်ချက်များ ကြောင့် အခက်အခဲများ ရှိခဲ့သည်။ ထိရောက်မှု မရှိသော အရောင်း နယ်ပယ်များ၊ လုပ်သားအင်အား လျော့ကျခြင်းနှင့် ငွေကြေး ခက်ခဲမှုများသည် လယ်သမား များ၏ ဝင်ငွေနှင့် ကျေးလက် ဒေသ စီးပွားရေးအား လျော့ကျ သွားစေခဲ့သည်။

အဆိုပါ လုပ်ငန်း အစီအစဉ် လမ်းပြ မြေပုံသည် စိုက်ပျိုးရေးနှင့် ဆိုင်သော စီးပွားရေးဖွံ့ ဖြိုးမှု အတွက် e-commerce ဖြင့် ချိတ်ဆက်ရန် နှင့် စီးပွားရေး ဈေးကွက် အခွင့်အလမ်းများ တိုးချဲ့ပြီး စိုက်ပျိုးရေး ဆိုင်ရာ e-commerce ဖွံ့ဖြိုးမှု တို့ကို အထောက်အကူပြုစေရန် အပါအဝင် အသေးစိတ် ရည်မှန်းချက် ၂၀ ပါဝင်ပါသည်။

တရုတ်နိုင်ငံ e-commerce ကုမ္ပဏီတစ်ခုဖြစ်သည့် အလီဘာဘာ ၏ စာရင်းအရ တရုတ်နိုင်ငံ၏ e-commerce စနစ်သည် အားကောင်းလျက်ရှိပြီး Taoboa နှင့် Tmall စသော လယ်ယာထွက် ရောင်းချသော အွန်လိုင်းစတိုး အရေအတွက် ပစ္စည်းများသည် ၁.၆ မီလီယံကျာ် ရှိနေပါသည်။ ကျေးလက်ဒေသ e-commerce စနစ်သည် ပြီးခဲ့သောနှစ်က ယွမ် ၁၄၀ ဘီလီယံကျော် ရှိခဲ့ကြောင်း သိရသည်။

အလီဘာဘာသည် လာမည့် သုံးနှစ်မှ ငါးနှစ်အတွင်း ကျေးရွာပေါင်း တစ်သိန်းတွင် ဆားဗစ် စင်တာများ ထူထောင်ရန် ယွမ် ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပြီး ကျေးလက်နေ ပြည်သူများအား အင်တာနက် အသုံးပြုရန် အကောင်းဆုံး နည်းလမ်းများအား သင်ကြား ပေးသွားမည်ဖြစ်သည်။ JD.com ကလည်း ယခုနှစ်အတွက် ကျေးရွာပေါင်း တစ်သိန်း၌ ရွာခံ တစ်သိန်းအား သူတို့၏ စီးပွားရေး အေးဂျင့်အဖြစ် ငှားရမ်းသွား ရန် အလိုရှိနေကြောင်း သိရသည်။ (Xinhua)