Connect with us

Media

ဈေးဝယ်ပွဲတော်ကြီးမတိုင်မီ အလိုအလျောက် ပစ္စည်းပို့ဆောင်ပေးနိုင်သည့် ဒလီဗာရီ ယာဉ်လေးများ တရုတ်နိုင်ငံ၏ ကျောင်းဝင်းများအတွင်းသို့ ဝင်ရောက်လာ

ပေကျင်း၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

“Double 11” Singles’ Day ဈေးဝယ်ပွဲတော်ကြီးမတိုင်မီ အလိုအလျောက် ပစ္စည်းပို့ဆောင်ပေးနိုင်သည့် ဒလီဗာရီ ယာဉ်လေးများကို E-commerce ဧရာမ ကုမ္ပဏီကြီးဖြစ်သည့် အာလီဘာဘာ(Alibaba)က တရုတ်နိုင်ငံတစ်ဝန်း တက္ကသိုလ်ကျောင်း ၂၀၀ ခန့်သို့ ပံ့ပိုးပေးခဲ့သည်။

ကျောင်းသားကျောင်းသူများအနေဖြင့် ပါဆယ်ထုတ်ယူရန်အချိန်သာလိုအပ်ပြီး ထောက်ပို့ရေးစက်ရုပ်လေးများက နေရာအတိအကျ ပါဆယ်များကို ပို့ဆောင်ပေးမည်ဖြစ်သည်။

နောက်ဆုံး-ခရီးမိုင် ထောက်ပို့ရေး ယာဉ်လေးများသည် တစ်ရက်လျှင် ၈ နာရီကြာ အလုပ်လုပ်နိုင်ပြီး ပါဆယ် ၄၀၀ ကျော် ပို့ဆောင်နိုင်ကြောင်းသိရသည်။

အဆိုပါယာဉ်လေးများသည် လူအင်အားလိုအပ်မှုကို လျော့နည်းစေနိုင်ပြီး အလုပ်တွင်ကျယ်ထိရောက်မှုကို မြှင့်တင်နိုင်သည်။ အာရုံခံကိရိယာနှင့်အခြားထိပ်တန်းနည်းပညာများပါရှိသည့် ယင်းယာဉ်လေးများက ယာဉ်လမ်းကြောင်းစည်းမျဉ်းစည်းကမ်းအတိုင်းသွားလာနိုင်ပြီး အတားအဆီးနှင့်ဖြတ်သန်းသွားလာသူများကို လိုက်လျောညီထွေစွာ ‌ရှောင်ကွင်းသွားလာနိုင်ကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)
GLOBALink | Automated delivery vehicles hit Chinese campuses prior to shopping spree
E-commerce giant Alibaba has provided a robot-only delivery service at around 200 Chinese universities for the upcoming Singles’ Day shopping festival. Students only need to set a pick-up time, and a logistics robot will deliver packages right to the location.The last-mile logistics vehicles can work 8 hours a day and deliver up to 400 parcels.They will ease a shortage of manpower and increase efficiency. With sensors and other cutting-edge technologies…the vehicles can move in compliance with traffic rules,while yielding to obstacles and pedestrains. #GLOBALink

Produced by Xinhua Global Service