Connect with us

Videos

ကျူးဘားခေါင်းဆောင်(ဟောင်း) ဖီဒဲကတ်စ်ထရို ကွယ်လွန်သည့်ဝမ်းနည်းခြင်းအထိမ်းအမှတ်ကုလတွင်ပြုလုပ်

နယူးယောက်၊ နိုဝင်ဘာ ၃ဝ ရက် (ဆင်ဟွာ)
နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အသက် ၉ဝ နှစ်ရှိပြီဖြစ်သည့် ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒဲကတ်စ်ထရို ကွယ်လွန်သည့် အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂ တွင် ၁ မိနစ် ငြိမ်သက်ကာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့သည်။ ဖီဒဲကတ်စ်ထရို ကွယ်လွန်ခြင်းအား ကုလသမဂ္ဂအနေဖြင့် ကျူးဘားနိုင်ငံ သမ္မတ ရာအူးကတ်စ်ထရို အပါအဝင် ကျူးဘားနိုင်ငံပြည်သူများအားလုံးနှင့် ထပ်တူ ဝမ်းနည်းပါကြောင်း ၊ ဖီဒဲကတ်စ်ထရို မှာ ၂ဝ ရာစု၏ အထင်ကရ ခေါင်းဆောင်ကြီးတစ်ဦးလည်းဖြစ်ကြောင်း၊ ၎င်းသည် အမိမြေကို လွန်စွာချစ်မြတ်နိုးသူဖြစ်ပြီး နိုင်ငံနှင့် လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်း၏ဘဝကို မြှုပ်နှံကာ အထူးကြိုးပမ်းဆောင်ရွက်ခဲ့သူလည်းဖြစ်ကြောင်း၊ ၎င်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံး အားကျ အတုယူနိုင်မည့်ခေါင်းဆောင်ကောင်းတစ်ယောက်လည်းဖြစ်ခဲ့ပါကြောင်း၊ အထူးသဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင် အထူးကြိုးပမ်းစွမ်းဆောင်ခဲ့သူလည်းဖြစ်ပါကြောင်း၊ ၎င်း၏ ကြီးမြတ်မှုများကို နှစ်ပေါင်းများစွာတိုင်မေ့နိုင်အုန်းမည်မဟုတ်ကြောင်းစသဖြင့် ဂုဏ်ပြုပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.