Connect with us

Videos

မြန်မာကျောင်းသား/သူ ၁ဝ၈ ဦး အား တရုတ် နိုင်ငံ သို့ ပညာတော်သင် ထပ်မံ စေလွှတ်

ရန်ကုန် ၊ သြဂုတ် ၃ဝ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ ကဏ္ဍအသီးသီး မှ ကျောင်းသား၊ ကျောင်းသူ ၁ဝ၈ ဦး အား တရုတ် နိုင်ငံ ပညာတော်သင် ဖောင်ဒေးရှင်း ကော်မတီ မ ှပညာတော်သင် အဖြစ် တရုတ် နိုင်ငံ သို့သွားရောက် ရန် ထပ်မံရွေးချယ် ပွဲကို သြဂုတ်လ ၂၉ ရက်နေ့တွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး ယဉ်ကျေးမှု သံရုံး တွင် ပြုလုပ်ခဲ့သည်။ အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် Mr. Hong Liang ၊ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်း ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာတော်သင် စေလွှတ်ခြင်းခံရသည့် ကျောင်းသား ကျောင်းသူ များ တက်ရောက်ခဲ့ပါသည်။
ယခု ပညာတော်သင် သွားရောက်မည့် ကျောင်းသား/သူ ၁ဝ၈ ဦးသည် တရုတ် နိုင်ငံ ရှိ တက္ကသိုလ် ပေါင်း ၂ဝ ကျော်တွင် တက်ရောက် ကြမည် ဖြစ်ပြီး လာမည့် စက်တင်ဘာ လတွင် သွားရောက်မည် ဖြစ်သည်။
တရုတ် နိုင်ငံ သို့သွားရောက် ပညာတော်သင်မည့် ကျောင်းသား/သူ များကို ပညာရေး ဝန်ကြီးဌာန ၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ၊ တရားသူကြီးချုပ်ရုံး ၊ စည်ပင်သာယာ နှင့် အခြားဌာန ဆိုင်ရာများမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။၂ဝ၁၆ ခုနှစ် အတွင်းတွင် ပညာရေး ဝန်ကြီးဌာန အနေဖြင့် တရုတ် နိုင်ငံ သို့ ပညာတော်သင် ၄၆ ဦးစေလွှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.