Connect with us

Europe

ကနေဒါနိုင်ငံ၌ နောက်ထပ် ဌာနေတိုင်းရင်းသားဘော်ဒါကျောင်းတစ်ခုတွင် အမှတ်အသားမရှိ သင်္ချိုင်းအုတ်ဂူ အများအပြား တွေ့ရှိ

အော့တဝ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်Penelakutကျွန်းရှိ ဌာနေတိုင်းရင်းသား ကလေးငယ်များ ဘော်ဒါကျောင်းဟောင်းတစ်ခု အနီးတွင် အမှတ်အသားမရှိသည့် သင်္ချိုင်းအုတ်ဂူ (၁၆၀)ကျော် တွေ့ရှိရကြောင်း ကနေဒါရုပ်မြင်သံကြားက ဇူလိုင် ၁၂ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။၎င်းမှာ နှစ်လကြာကာလအတွင်း စတုတ္ထမြောက် ကနေဒါနိုင်ငံ ဌာနေတိုင်းရင်းသား ဘော်ဒါကျောင်းဟောင်းများတွင် အမှတ်အသားမရှိ သင်္ချိုင်းအုတ်ဂူအများအပြား တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။ ကနေဒါ ဌာနေတိုင်းရင်းသား First Nationsများက အဆိုပါအုတ်ဂူများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ဌာနေတိုင်းရင်းသားဘော်ဒါကျောင်းကလေးငယ်များအား ဝမ်းနည်းအောက်မေ့ခြင်းအထိမ်းအမှတ်လှုပ်ရှားမှု ပြုလုပ်နေသည်ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းဘော်ဒါကျောင်းဆောင်၏ မူလအမည်မှာ” Kuper Island Industrial School”ဖြစ်ပြီး ၁၈၉၀ ခုနှစ်တွင် တည်ထောင်ခဲ့ရာ ၁၉၇၅ ခုနှစ်တွင် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ဌာနေတိုင်းရင်းသားဘော်ဒါကျောင်းကလေးငယ်များအား ဝမ်းနည်းအောက်မေ့ခြင်းအထိမ်းအမှတ်လှုပ်ရှားမှု ပြုလုပ်နေသည်ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

First Nations သည် ကနေဒါနိုင်ငံအတွင်းရှိ မြောက်အမေရိကတိုက် ဌာနေတိုင်းရင်းသား အင်ဒီးယန်းလူမျိုးများနှင့်၎င်းတို့၏မျိုးဆက်များကို ခြုံငုံသည့်အခေါ်အဝေါ်ဖြစ်သည်။

Kamloops Residential School ကျောင်းနေရာဟောင်းအနီးတွင် ကလေးငယ်ရုပ်အလောင်း (၂၁၅)ခုတွေ့ရှိမှု ဝမ်းနည်းအောက်မေ့ခြင်းအထိမ်းအမှတ်ကို ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ် ဗန်ကူးလ်ဗားမြို့ အနုပညာပြခန်းပြင်ပတွင် ပြုလုပ်နေသည်ကို မေ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မေ ၂၈ ရက်က ဗြိတိသျှကိုလံဘီယာပြည်နယ် Kamloops Indian Residential School ကျောင်းနေရာဟောင်းအနီးတွင် ရုပ်အလောင်း (၂၁၅)ခုကို လည်းကောင်း၊ ဇွန် ၂၄ ရက်က ဆက်စကက်ချီဝမ်ပြည်နယ်ရှိ Marival Indian Boarding School ကျောင်းနေရာဟောင်း အနီးတွင် အမှတ်အသားမရှိ အုတ်ဂူ (၇၅၁)ခုကို လည်းကောင်း ၊ ဇွန် ၃၀ ရက်က ဗြိတိသျှကိုလံဘီယာပြည်နယ် St Eugene’s Mission School ကျောင်းနေရာဟောင်းအနီးတွင် အမှတ်အသားမရှိ အုတ်ဂူ (၁၈၂)ခုကို လည်းကောင်း ဌာနေတိုင်းရင်းသားများက အသီးသီး တွေ့ရှိခဲ့သည်။

Kamloops Residential School ကျောင်းနေရာဟောင်းအနီး ကလေးငယ်ရုပ်အလောင်း (၂၁၅)ခုတွေ့ရှိမှုအား ဝမ်းနည်းအောက်မေ့ခြင်းအထိမ်းအမှတ်ကို ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ် ဗန်ကူးလ်ဗားမြို့၌ ပြုလုပ်နေသည်ကို ဇူလိုင် ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကနေဒါဖက်ဒရေးရှင်းတည်ထောင်ပြီးနောက်ပိုင်း ဌာနေတိုင်းရင်းသားကလေးငယ်များ ဘော်ဒါကျောင်းစနစ် တည်ဆောက်ပြီး မူလဌာနတိုင်းရင်းသားများအား တစ်သားတည်းဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မှုများ ရှိခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ကနေဒါ အမှန်တရားနှင့်ပြန်လည်သင့်မြတ်ရေးကော်မရှင် (TRC)က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ရာ ၁၈၄၀ နှစ်များမှ ၁၉၉၀ နှစ်များအတွင်း အင်ဒီးယန်း၊အိနွတ်(Inuit)၊ မေတီစ်(Métis)စသည့် ဌာနေတိုင်းရင်းသား ကလေးငယ် (၁၅၀,၀၀၀)ခန့် သည် အတင်းအဓမ္မဘော်ဒါကျောင်းများသို့ ပို့ဆောင်ခံခဲ့ရကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ ဘော်ဒါကျောင်း၌ ဌာနေတိုင်းရင်းသားကလေးငယ်များအား ရက်စက်စွာ နှိပ်စက်ညှဉ်းဆဲမှုများရှိရာ ယင်းဒဏ်ကြောင့် သေဆုံးသွားသည့် ကလေးငယ် အနည်းဆုံး (၃,၂၀၀)ရှိမည်ဟု ဆိုသည်။ (Xinhua)

———————————————
(Chinese Version)

(国际)加拿大又一原住民学校旧址发现大量无名坟墓

新华社渥太华7月12日电(记者李保东)加拿大电视台12日晚报道说,在加拿大不列颠哥伦比亚省的佩内拉库特岛(前“库珀岛”)一个原住民儿童寄宿学校旧址附近发现了160多座没有标记的坟墓。

这是两个月内第四次在加拿大原住民儿童寄宿学校旧址附近发现大量无标记坟墓。报道说,加拿大原住民第一民族发现了这些坟墓。这一寄宿学校原名为“库珀岛工业学校”,1890年成立,1975年关闭。

第一民族是加拿大境内北美洲印第安人原住民及其后代的统称。
5月28日,不列颠哥伦比亚省原住民在“坎卢普斯印第安寄宿学校”旧址附近发现了215具遗骸;6月24日,萨斯喀彻温省原住民在“马里瓦尔印第安寄宿学校”旧址附近发现了751处无名坟墓;6月30日,不列颠哥伦比亚省原住民在“圣尤金教会学校”旧址附近发现了182处没有标记的坟墓。

加拿大联邦成立后,逐步建立原住民儿童寄宿学校制度,试图强制“同化”原住民。2015年加拿大真相与和解委员会公布的一份报告显示,从19世纪40年代到20世纪90年代,至少有15万印第安人、因纽特人和梅蒂人等原住民儿童被强制送入寄宿学校。寄宿学校对原住民儿童进行残酷虐待,至少有3200名儿童被虐致死。(完)

图说1:加拿大:悼念原住民寄宿学校儿童。 6月2日,人们在加拿大温哥华参加集会时唱歌击鼓。 新华社发(梁森摄)
图说2: 7月1日,人们在加拿大多伦多集会悼念原住民寄宿学校死难者。新华社发(邹峥摄)
图说3:7月1日,人们在加拿大多伦多集会悼念原住民寄宿学校死难者。 新华社发(邹峥摄)
图说4:Children’s shoes and toys are placed on the staircase outside Vancouver Art Gallery during a memorial event for the 215 children whose remains have been found buried at a former Kamloops residential school, in Vancouver, British Columbia, Canada, May 30, 2021. (Photo by Andrew Soong/Xinhua)
图说5:A girl tries to put a pair of shoes on the staircase while attending a memorial event for the 215 children whose remains have been found buried at a former Kamloops residential school, in Vancouver, British Columbia, Canada, May 29, 2021. (Photo by Liang Sen/Xinhua)