Connect with us

Sport

ကမ္ဘာတွင် အလွန်လှပတင့်တယ်ပြီး အမှတ်တရဖြစ်စေမည့် အိုလံပစ်အားကစားပွဲကြီးကို တရုတ်နိုင်ငံက ကျင်းပသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် “အစိမ်းရောင်ဖြစ်မှု ၊ အတူမျှဝေမှု ၊ တံခါးဖွင့်မှု၊ သန့်ရှင်းစင်ကြယ်မှု” စသည့်ဦးတည်ချက်များဖြင့် အိုလံပစ်အားကစားပွဲကျင်းပရေး အတွေးအမြင်ဖြင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၊နိုင်ငံအသီးသီးနှင့်အတူ “ပို၍ စည်းလုံးညီညွတ်”သည့် အိုလံပစ်စိတ်ဓါတ်ကို ပြသကာ ကမ္ဘာ့တွင် နက်ရှိုင်းသည့်အမှတ်တရနှင့်လှပသည့်အောက်မေ့ဖွယ်ရှိစေမည့် အိုလံပစ်အားကစားပွဲကြီးကို ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။ယခုရက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီဝဘ်ဆိုက်၌ G20ခေါင်းဆောင်များ ရောမ ထိပ်သီးအစည်းအဝေး ကြေညာချက်ဖော်ပြရာတွင် ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်ကို ထောက်ခံအားပေးကြောင်းဖော်ပြချက်အား ကိုးကားတင်ပြထားသည်ကို တွေ့ရှိပြီး အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bachကလည်း G20ခေါင်းဆောင်များ၏ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲအပေါ် အသိအမှတ်ပြုအားပေးထောက်ခံသည့်အတွက် ကြိုဆိုကြောင်းနဲ့ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ရာ ထို့အပေါ် မည်သို့ မှတ်ချက်ပြုချင်သည်နည်းဟူ၍ ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အပေါ် ဝမ်းက အထက်ပါတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ပေကျင်း ဆောင်းရာသီ အိုလံပစ်သည် နိုင်ငံအသီးသီးမှ အားကစားသမားများ၏ ပွဲတော်ကြီးဖြစ်သလို လူသားများ၏ စည်းလုံးညီညွတ်ချစ်ကြည်ရင်းနှီးမှုရှိသည့် အမှတ်သင်္ကေတလည်းဖြစ်ကြောင်း ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။ ယခုကာလများတွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီနှင့်အတူ နိုင်ငံအများအပြားက ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲအတွက် ဆုမွန်ကောင်းနှင့်အားပေးထောက်ခံလျက်ရှိကြောင်း ၎င်းက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၊ အပြည်ပြည်ဆိုင်ရာ အားကစားဖက်ဒရေးရှင်း (GAISF) ၊ နိုင်ငံအသီးသီးမှ အားကစားသမားများက ပေကျင်းဆောင်းရာသီအိုလံပစ် နိုင်ငံတကာအားကစားပြိုင်ပွဲစမ်းသပ်အဖွဲ့၏ လုပ်ငန်းများနှင့် ပြိုင်ပွဲကွင်း၊ခန်းမများအပေါ် မှတ်ချက်ကောင်းများပေးခဲ့သလို ဩစတြီးယား၊ ပြင်သစ်၊ ဆိုက်ပရပ်စ်၊ ဖင်လန်၊ ဂရိ၊ ဟန်ဂေရီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွစ်ဇာလန်၊ ရုရှား၊ ဘီလာရုဇ် စသည့်နိုင်ငံများမှ အစိုးရအဓိကအရာရှိများ၊ အိုလံပစ်ကော်မတီအရာရှိများက ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲကို ထောက်ခံကြောင်းနှင့်တက်ကြွစွာ ပါဝင်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို ထောက်ခံခဲ့ကြကြောင်း ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက အစိမ်းရောင်၊ အတူမျှဝေမှုရှိတဲ့၊ တံခါးဖွင့်၊ သန့်ရှင်းစင်ကြယ်တဲ့ အိုလံပစ်အားကစားပွဲကျင်းပရေး အတွေးအမြင်နဲ့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၊နိုင်ငံအသီးသီးနဲ့အတူ ပိုပြီး စည်းလုံးညီညွတ်တဲ့ အိုလံပစ်စိတ်ဓါတ်ကို ပြသသွားမှာဖြစ်သလို ကမ္ဘာမှာ နက်ရှိုင်းတဲ့အမှတ်တရနဲ့လှပတဲ့အောက်မေ့ဖွယ်ရှိစေမယ့် အိုလံပစ်အားကစားပွဲကြီးကို ကျင်းပပြီး ဆောင်းရာသီအိုလံပစ်အားကစာ ပိုမိုတွင်ကျယ်အောင်နဲ့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်လုပ်ငန်းတွေအတွက် အကျိုးသစ်ဆောင်ကြဉ်းသွားပါမယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။(Xinhua)

…………………………………………
(Chinese Version)

(外事)外交部:中方将举办一届给世界留下美好回忆的奥运盛会

新华社北京11月3日电(记者孙楠、朱超)外交部发言人汪文斌3日表示,中方将秉持绿色、共享、开放、廉洁的办奥理念,同国际奥委会和各国一道,展现“更团结”的奥林匹克精神,举办一届给世界留下深刻印象和美好回忆的奥运盛会。

当日例行记者会上,有记者问:我们注意到国际奥委会官网近日引述了《二十国集团领导人罗马峰会宣言》支持北京冬奥会的内容,国际奥委会主席巴赫表示,“欢迎并感谢二十国集团领导人对北京冬奥会的认可和支持”。发言人对此有何评论?

汪文斌表示,北京冬奥会是各国运动员的盛会,也是人类团结和友谊的象征。近一个时期,国际奥委会和多个国家纷纷表达对北京冬奥会的祝福和支持。
他介绍, 国际奥委会、国际单项体育联合会以及各国参赛运动员对北京冬奥会国际测试赛组织工作和比赛场馆给予高度评价。奥地利、法国、塞浦路斯、芬兰、希腊、匈牙利、意大利、荷兰、西班牙、瑞士、俄罗斯、白俄罗斯等多国政要、奥委会官员表示支持并将积极参加北京冬奥会。中国—太平洋岛国外长会发表联合声明,支持北京冬奥会。

“中方将继续秉持绿色、共享、开放、廉洁的办奥理念,同国际奥委会和各国一道,展现‘更团结’的奥林匹克精神,举办一届给世界留下深刻印象和美好回忆的奥运盛会,为冬奥运动的普及推广和国际奥林匹克事业作出新的贡献。”汪文斌说。(完)
图说1:这是10月28日拍摄的国家体育场夜景。新华社记者 张晨霖 摄