Connect with us

WORLD

ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ ပြင်းထန်သည့်အခြေအနေနှင့်ထပ်မံရင်ဆိုင်နေရကြောင်း WHO ပြောကြား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အား မေ ၇ ရက် ဂျီနီဗာ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေခြင်းနှင့် ကာကွယ်ဆေးပံ့ပိုးနိုင်မှု မမျှတခြင်းတို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါသည် ပြင်းထန်သည့် အခြေအနေနှင့်ထပ်မံရင်ဆိုင်နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဇူလိုင် ၁၂ ရက် ဂျီနီဗာတွင် ပြောကြားခဲ့သည်။“Delta”မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သည် ကူးစက်မှုနှုန်း အလွန်လျင်မြန်စွာဖြင့် တစ်ကမ္ဘာလုံးကို တိုက်ခိုက်လျက်ရှိရာ ကိုဗစ်အတည်ပြုလူနာနှင့်သေဆုံးလူနာဦးရေ အဆမတန် မြင့်တက်လာကြောင်း တက်ဒရော့စ်က ယင်းနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့်အပတ်က ကမ္ဘာ့တစ်ဝန်း ကိုဗစ်အတည်ပြုလူနာဦးရေသည် ရက်သတ္တပတ်(၄)ပတ်မြောက် ဆက်တိုက် မြင့်တက်လာခဲ့ရာ သေဆုံးလူနာဦးရေ ရက်သတ္တပတ်(၁၀)ပတ် ဆက်တိုက် ကျဆင်းရာမှ ပြန်လည် မြင့်တက်လာခဲ့ကြောင်း ၊ လက်ရှိ မျိုးရိုးဗီဇပြောင်း “Delta” ကိုရိုနာဗိုင်းရပ်စ်သည် နိုင်ငံနှင့်ဒေသ အနည်းဆုံး (၁၀၄)ခုတွင် တွေ့ရှိရရာ ကမ္ဘာ့ကပ်ရောဂါ၏ အဓိက ကိုရိုနာဗိုင်းရပ်စ်ဖြစ်လာတော့မည်ဟု ခန့်မှန်းရကြောင်း ၎င်းက ပြောကြားခဲ့သည်။

Delta၏ ကူးစက်ပြန့်ပွားမှုနှုန်း အလွန်လျင်မြန်ခြင်းကြောင့် ဆေးရုံတင်ကုသရသည့်လူနာနှင့်သေဆုံးလူနာဦးရေ များပြားလာခြင်းသည် သက်ဆိုင်ရာနိုင်ငံ အထူးသဖြင့် ဆေးကုသမှုအရင်းအမြစ်အကန့်အသတ်ရှိသည့် ဝင်ငွေနည်းပါးနိုင်ငံများအတွက် အလွန်ကြီးမားသည့် ဝန်ပိအား ဖြစ်စေကြောင်း တက်ဒရော့စ်က ဆိုသည်။
တစ်ချိန်တည်းတွင်ပင် ကမ္ဘာ့လုံးဆိုင်ရာ ကာကွယ်ဆေး ပံ့ပိုးမှုတွင် အလွန်တရာ မညီမျှမှုနှင့်မမျှတမှုများ ဖြစ်ပေါ်နေကြောင်း၊ အချို့နိုင်ငံနှင့်ဒေသများတွင် ထပ်ဖြည့်ကာကွယ်ဆေးများ ထိုးနေပြီဖြစ်သော်လည်း အချို့နိုင်ငံများတွင် ကျန်းမာရေးဝန်ထမ်းနှင့်ထိလွယ်ရှလွယ်လူအုပ်စုများအတွက်ပင် အခြေခံကာကွယ်မှုမပေးနိုင် ဖြစ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြည်သူ့ကျန်းမာရေးနှင့်လူမှုကာကွယ်စောင့်ရှောက်ရေး အစီအမံများကို အချို့နိုင်ငံများက ဖျက်သိမ်းရန် ကြေညာနေသည့်အပေါ် စိုးရိမ်ကြောင်း ၊ ယင်းနိုင်ငံများ၏လုပ်ဆောင်ချက်သည် ကျန်းမာရေးဝန်ထမ်းနှင့်ကျန်းမာရေးစနစ်အပေါ် သက်ရောက်မှုရှိနိုင်သည်ကို စဉ်းစားဆင်ခြင်သင့်ကြောင်း တက်ဒရော့စ်က ပြောကြားခဲ့သည်။ (Xinhua)
———————————————
(Chinese Version)

(国际疫情)世卫组织:全球新冠疫情再度面临严峻态势

新华社日内瓦7月12日电(记者聂晓阳 陈俊侠)世界卫生组织总干事谭德塞12日在日内瓦表示,由于变异新冠病毒的流行和疫苗供应的不均衡,全球新冠疫情再度面临严峻态势。

谭德塞当天在新闻发布会上说,变异新冠病毒德尔塔毒株正以极快的速度席卷全球,导致新冠确诊病例和死亡病例激增。上周全球新冠确诊病例连续第四周增加,死亡病例也在连续10周下降后再次上升。目前,德尔塔毒株已出现在至少104个国家和地区,预计其很快将成为全球流行的主导新冠病毒。

谭德塞表示,德尔塔毒株的快速传播导致大量人员住院和死亡,给有关国家特别是医疗资源有限的低收入国家造成极大压力。同时,全球疫苗供应方面存在严重不均衡、不公平问题。一些国家和地区已在接种加强针,而另一些国家甚至无法为卫生工作者和最弱势群体提供基本的保护。

谭德塞对一些国家宣布取消公共卫生和社会防护措施表示担忧。他认为,这些国家应考虑此举对卫生工作者和卫生系统的影响。(完)
图说1:这是世界卫生组织总干事谭德塞5月7日在瑞士日内瓦出席新闻发布会的视频截图。 新华社发