Connect with us

China

“ကမ္ဘာ့စွဲမက်ဖွယ် စားကောင်းသောက်ဖွယ်မြို့တော်”အဖြစ် တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ဟွိုင်အန်းမြို့အား ယူနက်စကို ရွေးချယ်

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ဟွိုင်အန်းမြို့ ရွှီးရီခရိုင်တွင် ရိုးရာ နဂါးအက ဖျော်ဖြေနေသည်ကို ဇွန် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ)

ယူနက်စကို”Creative Cities Network”တွင် အသစ်ပါဝင်မည့် မြို့ပေါင်း ၄၉ မြို့၏အမည်စာရင်းကို ယူနက်စကိုဝဘ်ဆိုက်က နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ရာ တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ဟွိုင်အန်းမြို့သည် “ကမ္ဘာ့စွဲမက်ဖွယ် စားကောင်းသောက်ဖွယ်မြို့တော်(City of Gastronomy)”အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။ ၎င်းမှာ ချိန်တူး၊ စွန့်တယ်၊ မကာအို၊ ယန်ကျိုးမြို့များပြီးလျှင် “ကမ္ဘာ့စွဲမက်ဖွယ် စားကောင်းသောက်ဖွယ်မြို့တော်(City of Gastronomy)”စာရင်းတွင် ပါဝင်နိုင်သည့် တရုတ်နိုင်ငံ၏ ပဥ္စမမြောက်မြို့ ဖြစ်လာသည်။

တရုတ်နိုင်ငံ ဟွိုင်ယန်ဟင်းလျာ စားဖိုမှူးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူတစ်ဦး၏ ဟင်းလျာစီမံမှုအား အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟွိုင်ယန်ဟင်းလျာ စားဖိုမှူးပြိုင်ပွဲတွင် ပါဝင်ပြသထားသည့် ရှဉ့်သဏ္ဍန်ပုံဖော်ထားသည့် ငါးမွကျော်ဟင်းလျာတစ်မျိုးအား အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယူနက်စကို”Creative Cities Network”သည် ကမ္ဘာတစ်ဝန်း ဆန်းသစ်တီထွင်ဖန်တီးမှုကို ဖွံ့ဖြိုးရေးအခြေခံအဖြစ်ဆောင်ရွက်သည့် မြို့များ စုစည်းရာ ပလက်ဖောင်းဖြစ်ပြီး ဆန်းသစ်ဖန်တီးမှုကဏ္ဍများတွင် လက်မှုအနုပညာ၊ ရိုးရာအနုပညာ၊ ဒီဇိုင်းရေးဆွဲခြင်း၊ ရုပ်ရှင်၊ စားကောင်းသောက်ဖွယ်၊ စာပေ၊ မီဒီယာအနုပညာနှင့်တေးဂီတစသည့်အချက်တို့ပါဝင်သည်။ ၅ နှစ်ကြာ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဟွိုင်အန်းသည် ယူနက်စကို၏”Creative Cities Network”တွင် အောင်မြင်စွာ ပါဝင်နိုင်ခဲ့သည်။

ဟွိုင်အန်းသည် ဟွိုင်ယန် ရသာမွန်ဟင်းလျာများ၏ အဓိကပေါ်ပေါက်ရာ အရင်းအမြစ်နေရာနှင့်ဆက်ခံရာနေရာဖြစ်ပြီး ယခင်က “တရုတ်နိုင်ငံ ဟွိုင်ယန် ဟင်းလျာ၏ဇာတိမြေ” ၊“တရုတ်နိုင်ငံ၏ စွဲမက်ဖွယ် စားကောင်းသောက်ဖွယ် နာမည်ကျော်မြို့”အဖြစ် ဂုဏ်ပြုခေါ်ဝေါ်ကြသည်။ ဟွိုင်ယန်ဟင်းလျာသည် ဘီစီ ၇၇၀ ခုနှစ်မှ ဘီစီ ၄၇၆ ခုနှစ်ဖြစ်သည့် နွေဦး၊ဆောင်းဦးခေတ်ကာလ(Spring and Autumn period)တွင် စတင်ပြီး မင်မင်းဆက်နှင့်ချင်းမင်းဆက် ခေတ်ကာလတွင် ရေပန်းစားလာခဲ့ပြီး တရုတ်နိုင်ငံတော်သစ် တည်ထောင်သည့် ပထမဆုံးမိတ်ဆုံစားပွဲ၏ စံပြဟင်းလျာအမျိုးအစား ဖြစ်ခဲ့သည်။ ဟွိုင်အန်းတွင် လက်ရှိ နာမည်ကျော်ဟင်းလျာနှင့်မုန့်ပဲသရေစာ အမျိုးအစား ၁,၃၀၀ ကျော်ရှိရာ ၂၉၈ မျိုးမှာ ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်ပြီး တစ်နိုင်ငံလုံးရှိဒေသမြို့များအနက် ပါဝင်မှုအများဆုံးဖြစ်သည်။

တရုတ်နိုင်ငံ၏ စွဲမက်ဖွယ် စားကောင်းသောက်ဖွယ် ယဉ်ကျေးမှုသည် ကမ္ဘာတွင် နာမည်ကျော်ကြားရာ ဟွိုင်အန်းမြို့ ကမ္ဘာ့စွဲမက်ဖွယ် စားကောင်းသောက်ဖွယ်မြို့တော်(City of Gastronomy)”စာရင်းတွင် ပါဝင်ခြင်းသည် ဟွိုင်ယန်ဟင်းလျာ နိုင်ငံတကာဖလှယ်မှုတွင် တိုးတက်အောင် အထောက်အပံ့ဖြစ်စေရာ ဟွိုင်အန်း၏ ယဉ်ကျေးမှုအငွေ့အသက်နှင့် တစ်မူထူးခြားသည့် မြို့ပြ၏စွဲဆောင်မှုကို ပိုမိုများပြားသောသူများ ခံစားသိရှိစေနိုင်မည်ဖြစ်သည်။ (Xinhua)

—————————-
(Chinese Version)
联合国教科文组织:江苏淮安入选“世界美食之都”
2021/11/09 07:26:51 来源:央视新闻客户端
11月8日下午,联合国教科文组织官网公布新一批49个城市加入联合国教科文组织创意城市网络,淮安成功入选“世界美食之都”,成为继成都、顺德、澳门、扬州之后,中国第五个跻身“世界美食之都”行列的城市。
联合国教科文组织创意城市网络是汇聚全球以创意作为发展基础的城市的平台,创意领域包括手工艺和民间艺术、设计、电影、美食、文学、媒体艺术和音乐等。经过五年的不懈努力,淮安成功加入联合国教科文组织创意城市网络。
淮安是淮扬菜的重要发源地和传承地,此前已被授予“中国淮扬菜之乡”“中国食品名城”等称号。淮扬菜始于春秋、盛于明清,是新中国“开国第一宴”的基准菜系。淮安现存名菜名点1300余种,有298道入选省级非遗,为全国设区市最多。
中国美食文化享誉世界,淮安入选“世界美食之都”,有利于推进淮扬美食的国际交流,让越来越多的人感受到淮安浓郁的文化底蕴和独特的城市魅力。(记者 吴睿 丁学艺 周春洋 陆曌)
图说1:6月13日,在江苏省淮安市盱眙县第一山历史文化街区,民俗演员在舞龙。 新华社记者 季春鹏 摄
图说2:2021中国淮扬菜大师赛总决赛在江苏淮安举办。10月28日,参赛选手在制作菜品。 新华社记者 沈汝发 摄
图说3:2021中国淮扬菜大师赛总决赛在江苏淮安举办。 10月28日拍摄的参赛选手制作的菜品“松鼠桂鱼”。 新华社记者 沈汝发 摄