Connect with us

Europe

ကာဂျစ္စတန်နှင့် တာဂျစ်ကစ္စတန် နယ်စပ်များတွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား

ကာဇက်စတန်နိုင်ငံ အဲလ်မတ်တီမြို့တွင် စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့(CSTO) ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ နှုတ်ဆက်ပွဲအခမ်းအနား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘစ်ရှ်ကတ်ရှ် ၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ကာဂျစ္စတန်နိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့က မတ် ၁၀ ရက်တွင် နှစ်နိုင်ငံနယ်စပ်ဒေသ၌ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ကာဂျစ္စတန်နိုင်ငံ အမျိုးသားလုံခြုံရေးကော်မရှင် သတင်းထုတ်ပြန်ရေးဗျူရိုက မတ် ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုနေ့နံနက်ပိုင်းတွင် ကာဂျစ္စတန်နိုင်ငံ Batken ပြည်နယ် နယ်စပ်တွင် တာဂျစ်ကစ္စတန်နိုင်ငံ နယ်စပ်ကင်းလှည့်တပ်ဖွဲ့က ယခင်၏ကင်းလှည့်လမ်းကြောင်းကို ပြောင်းလဲခဲ့ပြီး နယ်ခြားစောင့်မျဉ်းအသစ်ကို ဖြတ်ကျော်ကာ ကာဂျစ္စတန်နယ်ခြားစောင့်တပ်များကို ထွက်ခွာရန် တောင်းဆိုခဲ့သည်။

ကာဂျစ္စတန်နိုင်ငံ နယ်စပ်ကာကွယ်ရေးတပ်ဖွဲ့များက ယင်းတောင်းဆိုချက်ကို ငြင်းဆိုခဲ့သဖြင့် နှစ်ဖက်အကြား ၁၀ မိနစ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

သတင်းအချက်အလက်များအရ ကာဂျစ္စတန်ဘက်တွင် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းနှင့် နှစ်ဖက်နယ်ခြားစောင့်ကိုယ်စားလှယ်များက ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်းသိရသည်။

နှစ်နိုင်ငံနယ်ခြားစောင့်တပ်များသည် ထိုနေ့နံနက်ပိုင်းတွင် နယ်စပ်ဒေသ Isfara တွင်လည်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တာဂျစ်ကစ္စတန်၏ “အာရှအသံ” သတင်းဌာနက မတ် ၁၀ ရက်တွင် ဖော်ပြခဲ့သည်။ အပြန်အလှန် ပစ်ခတ်မှုကြောင့် တာဂျစ်ကစ္စတန်ဘက်တွင် အနည်းဆုံး နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ကာဂျစ္စတန်နယ်ခြားစောင့်တပ်များသည် တာဂျစ်ကစ္စတန်ပိုင်နက်အတွင်းသို့ ဝင်ရောက်ကာ တာဂျစ်ကစ္စတန်နယ်ခြားစောင့်တပ်များ ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ကာဂျစ္စတန်ဘက်မှ စတင်ပစ်ခတ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ နှစ်ဖက်စလုံးမှ သက်ဆိုင်ရာ တာဝန်ရှိများက ပဋိပက္ခဖြစ်ပွားရာနယ်မြေတွင် ဆွေးနွေးမှုများလုပ်ဆောင်နေသော်လည်း အခြေအနေမှာ တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံ Sputnik ၏ သတင်းဖော်ပြချက်အရ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် တာဂျစ်ကစ္စတန်နှင့် ကာဂျစ္စတန်ကြား နယ်နိမိတ်သည် မူလက ၉၇၀ ကီလိုမီတာရှည်လျားပြီး ယခုတွင် ၅၀၄ ကီလိုမီတာ သာကျန်ရှိကြောင်းနှင့် နယ်မြေ ၇၀ တွင် အငြင်းပွားမှုများဆက်လက်ရှိနေသောကြောင့် နှစ်နိုင်ငံကြား ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

…………………………………………
(Chinese Version)

吉尔吉斯斯坦和塔吉克斯坦在边境地区发生交火

2022-03-10 22:53:33 来源: 新华网
新华社比什凯克3月10日电(记者关建武 努尔然)吉尔吉斯斯坦国家安全委员会新闻局10日发布消息说,吉尔吉斯斯坦和塔吉克斯坦当天在两国边境地区发生交火。
消息说,当天上午,在吉尔吉斯斯坦巴特肯州的边境地区,塔边境巡逻队改变以前巡逻路线,跨过新的边境警卫防线并要求吉边防警卫离开。吉边防部队不允许塔方实现其意图。交火持续了大约10分钟。   消息说,吉方没有人员受伤。吉塔边防代表正在进行谈判。
另据塔吉克斯坦“亚洲之声”通讯社10日报道,塔吉边防人员当天上午在两国边境的伊斯法拉地区发生交火。交火已导致塔方至少一名边防士兵死亡、两人受伤。
消息说,吉边防部队进入塔领土并要求塔边防部队撤离,吉方首先开火。双方执法人员正在冲突地区开展工作,但局势依然紧张。
据俄罗斯卫星通讯社介绍,苏联解体后,塔吉克斯坦与吉尔吉斯斯坦之间970公里的边界至今仅划定504公里,尚有70个地段存在争议,导致两国在边境地区冲突不断。(参与记者:张继业)
图说- 集安组织维和部队开始撤离哈萨克斯坦。1月13日,在哈萨克斯坦阿拉木图,集安组织维和部队在送行仪式上接受检阅。新华社发(阿里汗·萨里耶夫 摄)