Connect with us

Asia

ကာဇက်စတန်နိုင်ငံတွင် တစ်ပြည်လုံး ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ လှုပ်ရှားမှုများ ပြုလုပ်

အက်တာနာ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

ပြည်တွင်း အဓိကရုဏ်းများကြောင့် လူအများအပြား အသက်ဆုံးရှုံးခဲ့ရခြင်းအတွက် ကာဇက်စတန်နိုင်ငံတွင် ဇန်နဝါရီ ၁၀ ရက်က တစ်ပြည်လုံး ဝမ်းနည်းခြင်းအထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ ကာဇက်စတန်သမ္မတရုံး၊ အစိုးရဌာနအဆင့်ဆင့်နှင့် ပြည်ပအခြေစိုက် ကာဇက်စတန်ဌာနဆိုင်ရာများက နိုင်ငံတော်အလံတစ်ဝက်ချ၍ ဝမ်းနည်းအောက်မေ့ဖွယ်လှုပ်ရှားမှုပြုလုပ်ခဲ့သည်။
“ဒီနေ့မှာ ကျွန်တော်တို့က အဓိကရုဏ်းအတွင်း အသက်ဆုံးရှုံးခဲ့ကြတဲ့ ပြည်သူ၊ တရားဥပဒေစိုးမိုးရေးဝန်ထမ်းတွေနဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေအတွက် ဝမ်းနည်းကြောင်း ဖော်ပြကြတယ်။ ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက အဆိုးဝါးဆုံးအကျပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရခြင်းဖြစ်တယ်ဆိုတာကတော့ သံသယဖြစ်မေးခွန်းထုတ်စရာ မလိုပါဘူး”ဟု သမ္မတတိုကာယက်ဗ်က ယင်းနေ့ လူထုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ တရားဥပဒေချိုးဖောက်သူများကို ပြင်းပြင်ထန်ထန်ဒဏ်ခတ်အရေးယူသွားမည်ဖြစ်ပြီး အချင်းဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားရအောင် ကာကွယ်တားဆီးသွားမည် ဖြစ်ကြောင်း ၎င်းက ကတိပြုပြောကြားခဲ့သည်။

ယင်းနေ့တွင် ဝဘ်ဆိုက်အများစုတွင် အဖြူအမည်း ပြောင်းလဲခဲ့သည်။ကာဇက်စတန် မြို့တော် အက်တာနာ မြို့ခံတစ်ဦးက မိမိနိုင်ငံတွင် အချင်းဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရသည့်အတွက် ဝမ်းနည်းကြေကွဲကြောင်း၊ နိုင်ငံက ပြည်သူကို ဦးဆောင်ပြီး အမှောင်မိုက်ဆုံးအချိန်ကို ဖြတ်ကျော်နိုင်မည်ဟု အခိုင်အမာယုံကြည်ကြောင်း ဆင်ဟွာကို ပြောသည်။

ကာဇက်စတန် သမ္မတ ဝဘ်ဆိုက်၏ ဇန်နဝါရီ ၉ ရက် ထုတ်ပြန်ချက်တွင် လက်ရှိ ကာဇက်စတန်နိုင်ငံတစ်ဝန်း လုံခြုံရေးအခြေအနေ တည်ငြိမ်မှုရှိပြီဖြစ်ကြောင်းနှင့် ထိုမတိုင်မီ သိမ်းပိုက်ခံထားရသည့် အုပ်ချုပ်ရေးအဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ရယူနိုင်ခဲ့ပြီး အများပြည်သူဆိုင်ရာ အဆောက်အဦနေရာနှင့်ဆေးကုသမှုစနစ်များ ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း ဆိုသည်။
အဲလ်မတ်တီမြို့တွင် ဘဏ်အများအပြား ပြန်လည်လည်ပတ်မှုရှိနေပြီး စူပါမာကက်များ ပြန်လည်ဖွင့်လှစ်နေရာ အွန်လိုင်းလုံးဝပြတ်တောက်မှုမှ အချိန်ပိုင်းပြန်လည်ဝန်ဆောင်မှုပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်အစတွင် ကာဇက်စတန်နိုင်ငံတောင်ပိုင်း Mangystauပြည်နယ်တွင် သဘာဝဓါတ်ငွေ့ရည်ဈေးနှုန်း များစွာမြင့်တက်လာမှုကြောင့် ဒေသအများအပြားတွင် ပြည်သူများက စုဝေးဆန္ဒပြမှုခဲ့ကြသည်။ ဇန်နဝါရီ ၅ ရက်တွင် အစိုးရနုတ်ထွက်မှုကို တိုကာယက်ဗ် လက်ခံခဲ့ပြီး လူမှုစီးပွားရေးရာအစည်းအဝေး ခေါ်ယူကာ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနည်းလမ်းများကို အတည်ပြုပေးခဲ့သည်။ သို့သော် အချို့ဒေသများတွင် အဓိကရုဏ်းဆက်လက်ဖြစ်ပွားနေပြီး နေရာအများအပြားတွင် ဆူပူဆန္ဒပြသူများက အစိုးရ အဆောက်အအုံးများကို စီးနင်းခြင်း၊ ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းစသည့် အခြေအနေဖြစ်ပေါ်ခဲ့ရာ တိုကာယက်ဗ်က နိုင်ငံတော်အရေးပေါ်အခြေအနေကို ဇန်နဝါရီ ၁၉ ရက်ထိ ဆောင်ရွက်မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

အဓိကရုဏ်းကြောင့် လူအများအပြားသေဆုံးရခြင်းအတွက် ဇန်နဝါရီ ၁၀ ရက်ကို တစ်ပြည်လုံး ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေ့အဖြစ် တိုကာယက်ဗ်က ဆုံးဖြတ်လိုက်ကြောင်း ကာဇက်စတန်သမ္မတ သတင်းပြန်ကြားရေး အတွင်းရေးမှု Berik Ualiက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီ ၈ရက် ထုတ်ပြန်ခဲ့သည်။ ကာဇက်စတန် ကျန်းမာရေးနှင့်ပြည်ထဲရေး ဝန်ကြီးဌာနများ၏ သတင်းများအရ လက်ရှိတွင် အဓိကရုဏ်းကြောင့် သေဆုံးသူ ၁၆၄ ဦး ၊ တရားဥပဒေစိုးမိုးရေးဌာနမှ ဖမ်းဆီးထားသူ ၇,၉၃၉ ဦး ရှိကြောင်း သိရသည်။ (Xinhua)

———————————————–
(Chinese Version)

(国际)哈萨克斯坦举行全国哀悼日活动
2022-01-11 00:00:56
新华社努尔苏丹1月10日电(记者张继业)因国内骚乱造成不少人员死亡,哈萨克斯坦10日举行全国哀悼日活动,哈总统府、各级政府机关以及许多外国驻哈机构降半旗志哀。

“这一天,我们向在骚乱中丧生的民众、执法人员及军人表示悼念。毫无疑问,我们的国家正经历独立以来最严重的危机。”哈总统托卡耶夫当天向民众发表讲话时说。他承诺,将对违法分子严惩不贷,防止再次发生此类事件。
当天,许多网站的页面变为黑白色。哈首都努尔苏丹市民奥斯帕诺夫告诉记者,他为自己的国家发生此类事件感到痛心,同时也坚信国家会带领人民走过这一“至暗时刻”。

哈总统网站9日发布通报说,目前哈全国范围内的安全形势已趋于稳定,此前被占领的行政设施已被执法部门夺回,公共设施和医疗系统已恢复运行。据了解,在阿拉木图,许多银行已恢复办公,部分大型连锁超市恢复运行,互联网从严格断网状态变为限时提供服务。

2022年伊始,哈萨克斯坦西南部曼吉斯套州液化天然气价格大幅上涨,引发多地民众集会抗议。托卡耶夫5日接受政府辞职,并主持召开社会经济形势会议,通过多项稳定物价措施。但部分地区骚乱持续,多地出现骚乱者冲击政府机构、攻击警察等情况,托卡耶夫随后宣布在全国范围实施紧急状态直至19日。

哈总统新闻秘书乌阿利8日通过其社交媒体账号通报,鉴于骚乱造成不少人员死亡,托卡耶夫决定10日为全国哀悼日。据哈卫生部和内务部消息,目前骚乱已导致164人死亡,执法部门已逮捕7939人。(完)
图说1:1月8日,在哈萨克斯坦首都努尔苏丹,市民与警察站在一起。新华社发(努尔苏丹市政府网站供图)