Connect with us

Africa & Middle East

ကာဇက်စတန်နိုင်ငံ အခြေအနေ ထိန်းချုပ်နိုင်ပြီဟု ကာဇက်စတန် သမ္မတဝဘ်ဆိုက်က သတင်းထုတ်ပြန်

ကာဇက်စတန်နိုင်ငံ အက်တာနာမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးယူနေသည်ကို ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အက်တာနာ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ)

လက်ရှိ ကာဇက်စတန်နိုင်ငံတစ်ဝန်း လုံခြုံရေးအခြေအနေ တည်ငြိမ်မှုရှိလာပြီး အခြေအနေအရပ်ရပ်အား ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ကာဇက်စတန်နိုင်ငံ သမ္မတ ဝဘ်ဆိုက်က ဇန်နဝါရီ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုမတိုင်မီ သိမ်းပိုက်ခံထားရသည့် အုပ်ချုပ်ရေးအဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ရယူနိုင်ခဲ့ပြီး အများပြည်သူဆိုင်ရာ အဆောက်အဦနေရာနှင့်ဆေးကုသမှုစနစ်များ ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း ဆိုသည်။

တရားဥပဒေစိုးမိုးရေးဌာနနှင့်လက်နက်ကိုင်တပ်ဖွဲ့များက ကာဇက်စတန်ပြည်တွင်း စနစ်တကျ ပြန်လည်လည်ပတ်နိုင်ရန်နှင့် ဒေသအသီးသီးတွင် အရေးပေါ်အခြေအနေသက်ဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာမှုရှိအောင် ဆောင်ရွက်လျက်ရှိပြီး မဟာဗျူဟာအဆောက်အအုံများကို စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့(CSTO) ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့သို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် အကြမ်းဖက်များကို ဆက်လက်ရှာဖွေ ဖမ်းဆီးလျက်ရှိပြီး သက်ဆိုင်ရာစစ်ဆေးမှု၊ ပြစ်မှုသက်သေ စုဆောင်းမှုများပြုလုပ်နေရှိကြောင်း ဆိုသည်။

ယင်းနေ့က ကျင်းပသည့် အစည်းအဝေးတွင် ကာဇက်စတန် သမ္မတ တိုကာယက်ဗ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဥပဒေရေးရာဌာန၊ အမျိုးသားလုံခြုံရေးကောင်စီနှင့်ပြည်ထဲရေးဝန်ကြီးဌာနတို့၏ အစီရင်ခံမှုများအား နားထောင်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ လိုအပ်သည့်နည်းလမ်းများကိုဆောင်ရွက်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေး ဘက်စုံပြန်လည်လည်ပတ်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ အဓိကရုဏ်းဖြစ်ပွားသည့် ဒေသများတွင် တာဝန်ယူပြန်လည်စီမံဆောင်ရွက်ဖို့ရာ အစိုးရ ကော်မတီ တစ်ရပ်ဖွဲ့စည်းရန် တိုကာယက်ဗ်က ညွှန်ကြားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ကာဇက်စတန်ပြည်တွင်း အဓိကရုဏ်းကာလအတွင်း ပြစ်မှုပေါင်း ၁၂၅ ခုရှိပြီး လူပေါင်း ၅,၈၀၀ ဖမ်းဆီးခံခဲ့ရကြောင်း၊ ၎င်းတို့အနက် အရေအတွက်အတိုင်းအတာတစ်ခုက နိုင်ငံခြားသားများဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်အစတွင် ကာဇက်စတန်နိုင်ငံတောင်ပိုင်း Mangystauပြည်နယ်တွင် သဘာဝဓါတ်ငွေ့ရည်ဈေးနှုန်း များစွာမြင့်တက်လာမှုကြောင့် ဒေသအများအပြားတွင် ပြည်သူများက စုဝေးဆန္ဒပြမှုခဲ့ကြသည်။ ဇန်နဝါရီ ၅ ရက်တွင် အစိုးရနုတ်ထွက်မှုကို တိုကာယက်ဗ် လက်ခံခဲ့ပြီး လူမှုစီးပွားရေးရာအစည်းအဝေး ခေါ်ယူကာ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနည်းလမ်းများကို အတည်ပြုပေးခဲ့သည်။ သို့သော် အချို့ဒေသများတွင် အဓိကရုဏ်းဆက်လက်ဖြစ်ပွားနေပြီး နေရာအများအပြားတွင် ဆူပူဆန္ဒပြသူများက အစိုးရ အဆောက်အအုံးများကို စီးနင်းခြင်း၊ ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းစသည့် အခြေအနေဖြစ်ပေါ်ခဲ့ရာ တိုကာယက်ဗ်က နိုင်ငံတော်အရေးပေါ်အခြေအနေကို ဇန်နဝါရီ ၁၉ ရက်ထိ ဆောင်ရွက်မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

တိုကာယက်ဗ်၏ တောင်းဆိုချက်အရ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ကို ကာဇက်စတန်တွင် ရေတိုထားရှိသွားဖို့ စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့(CSTO)က ဆုံးဖြတ်လိုက်ကြောင်း ယင်းအဖွဲ့က ဇန်နဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

——————————–
(Chinese Version)
哈萨克斯坦总统网站:哈局势已得到控制
2022-01-09 19:27:38
新华社努尔苏丹1月9日电据哈萨克斯坦总统网站9日发布的通报,目前哈全境安全形势已趋稳定,局势得到控制,此前遭占领的行政设施已被执法部门夺回,公共设施和医疗系统已恢复运行。
通报说,执法部门和武装部队正继续采取措施恢复哈国内秩序,确保各地遵守紧急状态相关规定,并将战略设施移交给集体安全条约组织(集安组织)维和部队。目前,强力部门仍在继续搜捕恐怖分子并进行相关检查,收集犯罪证据。
通报介绍,哈总统托卡耶夫当天主持召开会议,听取了检察机关、国家安全委员会和内务部的报告。他强调,强力部门将采取一切必要措施,全面恢复国家公共秩序和安全。托卡耶夫还指示成立一个政府委员会,负责处理发生骚乱地区的善后事宜。
截至目前,哈国内骚乱期间已有125起事件被刑事立案,约5800人被捕,其中有相当数量的外国人。

2022年伊始,哈西南部曼吉斯套州液化天然气价格大幅上涨,引发多地民众集会抗议。托卡耶夫5日接受政府辞职,并主持召开社会经济形势会议,通过多项稳定物价措施。然而,部分地区骚乱持续,多地出现骚乱者冲击政府机构、攻击警察等情况,托卡耶夫随后宣布在全国范围实施紧急状态直至19日。集安组织6日说,应托卡耶夫请求,集安组织决定在哈短期部署维和部队。
图说1:哈萨克斯坦总统托卡耶夫7日发表声明说,哈全国正在恢复宪法法制,哈方将继续实施反恐行动。新华社发(奥斯潘诺夫摄)
图说1:1月7日,哈萨克斯坦执法人员在努尔苏丹的进出城检查站警戒。新华社发(奥斯潘诺夫摄)