Connect with us

Africa & Middle East

ကာတာနိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်၏ အကျိုးစီးပွားဆိုင်ရာ ကိုယ်စားလှယ်ဖြစ်လာမည်

ဝါရှင်တန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကာတာနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်၏ အကျိုးစီးပွားအတွက် ကိုယ်စားလှယ် ဖြစ်လာမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့၌ ကြေညာခဲ့သည်။ဘလင်ကန်သည် ကာတာနိုင်ငံမှ အလည်အပတ်ရောက်ရှိနေသော ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်နှင့် နိုဝင်ဘာ ၁၂ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုဆုံးဖြတ်ချက်ကို ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

နှစ်ဘက် လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်အရ ကာတာသည် အာဖဂန်နစ္စတန်တွင် အမေရိကန်၏ အကျိုးစီးပွားအတွက် ကိုယ်စားလှယ်ဖြစ်လာရန် သဘောတူထားဖြစ်သည်။ အာဖဂန်ရှိ ကာတာသံရုံးတွင် အမေရိကန်ကောင်စစ်ဝန်ဆောင်မှုနှင့် အာဖဂန်နစ္စတန်ရှိ အမေရိကန်သံတမန်အဆောက်အအုံများ၏ လုံခြုံရေးကို စောင့်ကြည့်ရန် ဌာနတစ်ခု ထူထောင်မည်ဖြစ်သည်။ ထို့အပြင် ကာတာသည် အမေရိကန်၏ အထူး ရွှေ့ပြောင်းနေထိုင်သူများဗီဇာ ကိုင်ဆောင်ထားသော အာဖဂန်များအတွက် ခရီးသွားလာရေး အကူအညီများကိုလည်း ဆက်လက် ပံ့ပိုးပေးမည်ဖြစ်သည်။

ဘလင်ကန်သည် ယခုနှစ်သြဂုတ်လတွင် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့ဝင်များ ဆုတ်ခွာစဉ် ကူညီပေးခဲ့သော ကာတာအား ကျေးဇူးတင်ရှိကြောင်း၊ ကာတာသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတွင် ဆက်လက်ပါဝင်ရန် ဆန္ဒရှိကြောင်း မိုဟာမက်က ပြောကြားခဲ့သည်။

သြဂုတ်လ ၁၅ ရက်နေ့တွင် အာဖဂန်တာလီဘန်တို့က အာဖဂန်နစ္စတန် မြို့တော် ကဘူးလ်ကို သိမ်းပိုက်ခဲ့သည်။ ဩဂုတ်လ ၃၀ ရက်ညနေပိုင်းတွင် အမေရိကန်စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းသည် အမေရိကန်စစ်သည်များနှင့်အတူ ကဘူးလ်မြို့မှ ထွက်ခွာလာပြီး အာဖဂန်နစ္စတန်တွင် နှစ် ၂၀ ကြာစစ်ပွဲကို အဆုံးသတ်ခဲ့သည်။ ယင်းနောက် အာဖဂန်နစ္စတန်နှင့် ဆက်စပ်သည့် အမေရိကန် သံတမန်ရုံးများကို ကာတာမြို့တော် ဒိုဟာသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။(Xinhua)

………………………………………………
(Chinese Version)

卡塔尔将成为美国在阿富汗的利益代理国

新华社华盛顿11月12日电(记者杨士龙)美国国务卿布林肯12日宣布,卡塔尔将成为美国在阿富汗的利益代理国。
布林肯当天与到访的卡塔尔副首相兼外交大臣穆罕默德举行会谈,随后在联合记者会上宣布这一决定。

根据双方签署的协议,卡塔尔将成为美国在阿富汗的利益代理国,卡塔尔驻阿富汗大使馆内将设立一个部门,负责提供美国领事服务并监控美在阿外交设施的安全。 此外,卡塔尔将继续为持有美国特殊移民签证的阿富汗人提供旅行协助。

布林肯在记者会上对卡塔尔今年8月协助美方人员从阿富汗撤离表示感谢。 穆罕默德表示,卡塔尔愿继续为地区和平与稳定发挥作用。
8月15日,阿富汗塔利班进入并控制阿首都喀布尔。 8月30日晚,一架美军运输机载着最后一批美国军人离开喀布尔,美国结束长达20年的阿富汗战争。 随后,美国涉阿富汗外交办公机构转至卡塔尔首都多哈。