Connect with us

COVID-19 UPDATES

“ကိုဗစ်ကင်းစင် နိုင်ငံကူးလက်မှတ်” ကို ဥရောပသမဂ္ဂတွင် ဇူလိုင် ၁ ရက်နေ့ စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ Mont des Arts တွင် ဖြတ်သန်းသွားလာနေသူများအား မေ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ မေ ၂၂ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံသားများ ယင်းနိုင်ငံများတွင် လွတ်လပ်စွာ ခရီးသွားလာနိုင်ရန် ဇူလိုင် ၁ ရက်မှစ၍ “ကိုဗစ်ကင်းစင် နိုင်ငံကူးလက်မှတ်” ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဥရောပကော်မရှင် ဥပဒေရေးရာကော်မတီဝင် Didier Reynder က မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

EUအဖွဲ့ဝင် နိုင်ငံသားများသည် EUအသိအမှတ်ပြုသည့် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံထားကြောင်း လက်မှတ်၊ nucleic acid Negative ဆေးစစ်လက်မှတ်၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာကြောင်း လက်မှတ် (၃)ခုကို အခမဲ့ ရယူနိုင်ကြောင်း Didier Reynder က ယင်းနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထိုလက်မှတ်များကို QR ကုဒ်ပုံစံဖြင့် ဖုန်းများကို ပို့ပေးနိုင်သလို၊ စာရွက်နှင့် မိတ္တူကူးထားနိုင်ကြောင်း ဆိုသည်။

“ကိုဗစ်ကင်းစင် နိုင်ငံကူးလက်မှတ်”ကို အကောင်အထည်ဖော်ခြင်းသည် EUအဖွဲ့ဝင်နိုင်ငံသားများအတွက် သတင်းကောင်းဖြစ်ရာ လုံးဝကျန်းမာဘေးကင်းသည့်အခြေအနေတွင် လွတ်လပ်စွာ သွားလာနိုင်မည်ဖြစ်ခြင်းကြောင့် နွေရာသီကာလတွင် ခရီးသွားလာနိုင်တော့မည်ဖြစ်ကြောင်း Didier Reynder က ဆိုသည်။ ၎င်းအစီအစဉ်သည် လှုပ်ရှားသွားလာနေရသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းစသည့် စီးပွားရေးကဏ္ဍများအတွက်လည်း အားကောင်းသည့် အထောက်အပံ့တစ်ခု ဖြစ်ကြောင်း သိရသည်။

EUအဖွဲ့ဝင် (၂၇)နိုင်ငံက ဇွန်လပိုင်းတွင် အပြည့်အဝ ပြင်ဆင်ထားရမည် ဖြစ်ကြောင်း၊ ၎င်းတို့အနက် အချို့နိုင်ငံများက ရက်သတ္တပတ် (၆)ပတ်ကြာ အသွင်ကူးပြောင်းသည့်ကာလ ရှိမည်ဖြစ်ကြောင်း၊ ဥရောပကော်မရှင်က အဖွဲ့ဝင်နိုင်ငံများကို နည်းပညာနှင့်ငွေကြေးပံ့ပိုးမှုများ ပေးမည်ဖြစ်ရာ အဖွဲ့ဝင်နိုင်ငံများ၏ စစ်ဆေးမှုကုန်ကျစရိတ် လျော့နည်းစေရန် ယူရိုငွေ သန်း(၁၀၀)ထောက်ပံ့သွားမည် ဖြစ်ကြောင်း Didier Reynder က ပြောသည်။

“ကိုဗစ်ကင်းစင် နိုင်ငံကူးလက်မှတ်”ဥပဒေ အဆိုပြုချက်ကို ဥရောပကော်မရှင်က မေ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီး မေ ၂၀ ရက်တွင် EUဌာနကြီး(၃)ခုဖြစ်သည့် ဥရောပကောင်စီ၊ ဥရောပကော်မရှင်နှင့် ဥရောပပါလီမန်တို့၏ သဘောတူညီချက်ရရှိခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
(国际疫情)欧盟将于7月1日开始推行“新冠通行证”
2021-05-22 01:50:33
新华社布鲁塞尔5月21日电(记者任珂)欧盟委员会负责法律事务的委员迪迪埃•雷恩代尔21日宣布,欧盟将于7月1日开始推行“新冠通行证”,以方便欧盟成员国公民在欧盟境内自由流动。
雷恩代尔在当天的记者会上介绍说,欧盟成员国公民将可免费获得3种证书:接种了欧盟认可的新冠疫苗的接种证书、核酸检测阴性证书、感染新冠病毒后的康复证书。证书将以手机二维码的形式颁发,也可下载打印在纸上。
雷恩代尔说,“新冠通行证”的推行,对所有欧盟成员国公民来说都是一个好消息,能确保人们在“完全健康安全”的状态下自由移动,夏季旅行将成为可能。这一计划也将有力支持依赖自由流动的运输业等经济部门。
雷恩代尔表示,欧盟27个成员国必须在6月做好充分准备,其中一些成员国还将有6个星期的过渡期。欧盟委员会将向各成员国提供技术和资金支持,并拨款1亿欧元支持成员国降低检测费用。
欧盟委员会于3月17日发布了有关“新冠通行证”的立法提案。5月20日,欧盟三大机构就“新冠通行证”问题达成共识。(完)

Photos:People walk at the Mont des Arts in Brussels, Belgium, May 4, 2021. (Xinhua/Zheng Huansong)