Connect with us

Europe

ကိုဗစ်ကပ်ရောဂါ၏ အလုပ်အကိုင်အပေါ်သက်ရောက်မှုက ကြိုခန့်မှန်းချက်ထက် ပို၍ ဆိုးဝါးနေသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ဆို

ဂျီနီဗာ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)

ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးပြန်လည်ရှင်သန်မှု တိုးတက်နှုန်းက မညီမျှဖြစ်နေရာ ကမ္ဘာ့စီးပွားရေးတစ်ခုလုံး ပြန်လည်နလန်ထူလာစေရန် ခြိမ်းခြောက်မှုဖြစ်စေကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါ၏ကမ္ဘာလုံးဆိုင်ရာ အလုပ်အကိုင်များအပေါ် သက်ရောက်မှုက ကြိုတင်ခန့်မှန်းထားသည်ထက် ပို၍ ဆိုးဝါးနေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)၏ အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင် အလုပ်လုပ်ကိုင်ချိန်သည့် ကပ်ရောဂါမတိုင်မီ(၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်)ထက် ၄.၃ ရာခိုင်နှုန်းလျော့နည်းသွားရာ အချိန်ပြည့်အလုပ်အကိုင်နေရာ ၁၂၅ သန်းခန့် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ယင်းနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ညွှန်ပြထားသည်။ ယင်းအဖွဲ့၏ ယခုနှစ် ဇွန်လတွင် ကြိုတင်ခန့်မှန်းမှုတစ်ရပ်ပြုလုပ်ခဲ့ရာ ၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အလုပ်လုပ်ကိုင်ချိန်လျော့နည်းမှုပမာဏသည် ၃.၅ ရာခိုင်နှုန်းဖြစ်မည်ဖြစ်ပြီး အချိန်ပြည့်အလုပ်အကိုင်နေရာ သန်း ၁၀၀ ခန့် ဖြစ်မည်ဟု ဆိုသည်။

အီသီယိုးပီးယားနိုင်ငံရှိ အထည်ချုပ်စက်ရုံတစ်ခုအတွင်း အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားဝန်ထမ်းများအား အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်တွေ့ကျသည့် ဘဏ္ဍာရေးနှင့်နည်းပညာပံ့ပိုးမှုမရှိပါက ဖွံ့ဖြိုးပြီးနိုင်ငံနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အလုပ်အကိုင်နေရာ ပြန်လည်ရှင်သန်ရေး အခြေအနေသည် ကြီးမားသည့် ကွာဟချက်များ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် တတိယ သုံးလပတ်တွင် ဝင်ငွေမြင့်မားနိုင်ငံများ၏ စုစုပေါင်းအလုပ်ချိန်သည် ၂၀၁၉ ခုနှစ် စတုတ္ထ သုံးလပတ်ထက် ၃.၆ ရာခိုင်နှုန်း လျော့နည်း သွားပြီး ဝင်ငွေနည်းပါးနိုင်ငံများနှင့်ဝင်ငွေအလယ်အလတ်အဆင့်နိုင်ငံများ၏ လျော့နည်းမှုက ၅.၇ ရာခိုင်နှုန်းနှင့် ၇.၃ ရာခိုင်နှုန်း အသီးသီးဖြစ်ကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားဝန်ထမ်းများအား ဩဂုတ်လ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဤသို့ ကွာဟချက်ကြီးမားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကာကွယ်ဆေးထိုးနှံမှုနှင့် ဘဏ္ဍာရေးနိုးဆွမှုအစီအစဉ်၏ ကွာဟချက်ကြီးခြင်းကြောင့် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့က ယူဆသည်။ ၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ်တွင် လူ ၁၄ ဦး ကာကွယ်ဆေးထိုးနှံပြီးတိုင် ကမ္ဘာ့လုပ်သားအင်အားဈေးကွက်တွင် အချိန်ပြည့်အလုပ်အကိုင်နေရာတစ်ခုတိုးလာနိုင်ကြောင်း ယင်းအဖွဲ့က ခန့်မှန်းထားသည်။

ဘဏ္ဍာရေး နှိုးဆွမှုက ပြန်လည်ရှင်သန်ရေးအရိပ်အရောင်အပေါ်သက်ရောက်မှုရှိသော အရေးကြီးသည့်အကြောင်းအရင်း နောက်တစ်ခု ဖြစ်ကြောင်း ယင်းအဖွဲ့က ထောက်ပြထားသည်။ သို့သော် ကမ္ဘာတစ်ဝန်း ဘဏ္ဍာရေးနှိုးဆွမှု ၈၆ ရာခိုင်နှုန်းက ဝင်ငွေမြင့်မားနိုင်ငံများတွင် စုစည်းနေကြောင်း ဆိုသည်။

ကပ်ရောဂါသက်ရောက်မှုကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား လုပ်သားအင်အားနှင့်ကုန်ထုတ်စွမ်းအားအချိုးအစားမှာ17.5:1မှ 18:1ထိ ဖြစ်နိုင်ရာ ၂၀၀၅ ခုနှစ်နောက်ပိုင်း စံချိန်သစ်ချိုးခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ (Xinhua)

————————————————
(Chinese Version)

(经济)国际劳工组织称新冠疫情对就业的影响比预期更严重

新华社日内瓦10月27日电(记者陈俊侠)国际劳工组织27日发布报告称,发达国家和发展中国家经济复苏进度不均,对全球经济整体复苏造成威胁,2021年新冠疫情对全球就业造成的影响比预期更严重。

国际劳工组织在当天发布的报告中指出,2021年全球工作时间将比疫情前水平(2019年第四季度)减少4.3%,相当于1.25亿个全职工作岗位。国际劳工组织今年6月份曾预测,2021年全球工作时间减少幅度为3.5%,相当于1亿个全职工作岗位。

报告称,若没有切实的财政和技术支持,发达国家和发展中国家之间的就业复苏趋势将持续存在“巨大差异”。报告显示,2021年第三季度,高收入国家的总工作时间比2019年第四季度少3.6%,低收入国家和中低收入国家减少的幅度则分别为5.7%和7.3%。
国际劳工组织认为,这种巨大差距主要由疫苗接种和财政刺激计划的重大差异造成。该组织估计,在2021年第二季度,每14人完全接种疫苗,全球劳动力市场就会增加一个全职工作岗位。

该组织指出,财政刺激也是影响复苏轨迹的另一个关键因素。然而,全球约86%的刺激措施集中在高收入国家。
报告同时指出,受疫情影响,发达国家和发展中国家之间的劳动生产率比值将从17.5:1扩大到18:1,创下2005年以来的新纪录。(完)
图说1:这是行人从加拿大多伦多街头的招工广告牌旁走过的资料照片(10月8日摄)。 新华社发(邹峥摄)
图说2:这是工人在埃塞俄比亚哈瓦萨一家纺织厂内工作的资料照片(10月12日摄)。 新华社发(迈克尔•特韦尔德摄)
图说3:这是工人在孟加拉国达卡一家服装厂工作的资料照片(8月23日摄)。 新华社发