Connect with us

WORLD

ကိုဗစ်ကာကွယ်ဆေး အမျိုးအစား ရောနှောထိုးနှံခြင်း မပြုကြဖို့ WHO အရာရှိက သတိပေး

ဗြိတိန်နိုင်ငံ Bedfordရှိ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန် လမ်းညွှန် ဆိုင်းဘုတ်တစ်ခုအား မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

ထုတ်လုပ်မှုမတူညီသည့် ကာကွယ်ဆေးများကို ရောနှော ထိုးနှံခြင်း မပြုကြဖို့နှင့် ၎င်းမှာ အန္တရာယ်ရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)သိပ္ပံပညာရှင်အကြီးအကဲ Soumya Swaminathanက ဇူလိုင် ၁၂ ရက်က သတိပေး ပြောကြားခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် လူခန္ဓာကိုယ်ကျန်းမာရေးကို သက်ရောက်သည့် အချက်အလက် အကန့်အသတ်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။ကိုဗစ်ကာကွယ်ဆေး ဒုတိယတစ်လုံးကို အခြားအမျိုးအစားပြောင်း ထိုးနှံ၍ ရမရဆိုသည်ကို လူအများက မေးမြန်းမှုများရှိရာ “၎င်းမှာ အန္တရာယ်ရှိနိုင်ကြောင်း”၊ ကာကွယ်ဆေး ရောနှောထိုးနှံခြင်းနှင့်စပ်လျဉ်း၍ လက်ရှိ “မိမိတို့တွင် ကိန်းဂဏန်းအချက်အလက်မရှိသလို အထောက်အထားလည်း ပံ့ပိုးမှုလည်း မရှိကြောင်း” ရိုက်တာသတင်းဌာနက Soumya Swaminathan၏ အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အား ကိုးကားဖော်ပြထားသည်။

ကိုဗစ်ကာကွယ်ဆေး ရောနှောထိုးနှံခြင်း၏ လက်တွေ့စမ်းသပ်မှုကိန်းဂဏန်းအချက်အလက်များ အကန့်အသတ်ရှိနေခြင်းနှင့်စပ်လျဉ်းပြီး ယခုအခါ ဗြိတိန်နိုင်ငံက လက်တွေ့စမ်းသပ်မှုများ ပြုလုပ်နေကြောင်း ၊ AstraZeneca နှင့်Pfizer ကာကွယ်ဆေးနှစ်မျိုး ရောနှောထိုးနှံသည့် ထိရောက်မှုကို သုတေသနပြုနေကြောင်း Soumya Swaminathanက ဆိုသည်။

AstraZenecaကိုဗစ်ကာကွယ်ဆေးသည့် ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြင်းကြောင့် ပြင်သစ်အစိုးရက ဧပြီလတွင် AstraZenecaကာကွယ်ဆေး ပထမတစ်လုံး ထိုးနှံပြီးသည့် အသက်(၅၅)နှစ်အောက် လူအုပ်စုများကို အမျိုးအစားမတူသည့် ကာကွယ်ဆေး ဒုတိယတစ်လုံး ထိုးနှံပေးရန် ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ဆောင်ရွက်မှုအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Margaret Harris က “ဒါနဲ့ပတ်သတ်တဲ့ ကိန်းဂဏန်းအချက်အလက် အပြည့်အဝမရှိသေးတာကြောင့် ကာကွယ်ဆေးထိုးရင်းတစ်ဝက်နဲ့ အခြားကာကွယ်ဆေးအမျိုးအစား ပြောင်းလဲထိုးနှံနိုင်တယ်လို့ မိမိတို့အနေဖြင့် အကြံပြုလို့မရဘူး”ဟု ပြောကြားခဲ့သည်။ (Xinhua)

#WHO, #COVID-19, #vaccination, #vaccine, #myanmar, #xinhua, #xinhuamyanmar, #ကမ္ဘာ့ကျန်းမာရေးအဖွဲ့, #ကိုဗစ်-၁၉, #ကာကွယ်ဆေး, #ထိုးနှံ, #ဆင်ဟွာ

—————————————————-
(Chinese Version)

世卫组织官员提醒新冠疫苗接种勿“混搭”

新华社北京7月13日电(记者王鑫方)世界卫生组织首席科学家苏米娅•斯瓦米纳坦12日提醒,不要将来自不同制造商的疫苗“混搭”接种,称这是一种“危险趋势”,因为目前关于这种做法对人体健康影响的数据还很有限。

路透社援引斯瓦米纳坦在线上新闻发布会上的话报道,不少人询问接种第二剂新冠疫苗时是否可以换一种,“这一趋势有点危险”,因为目前关于疫苗混搭“我们既没有数据、也没有证据”支持。

斯瓦米纳坦说,关于混搭新冠疫苗的临床数据有限,英国现阶段开展临床试验,研究混合接种阿斯利康疫苗和辉瑞疫苗的效果。
鉴于阿斯利康疫苗可能引发的副作用,法国政府4月决定为已接种第一剂阿斯利康疫苗的55岁以下人群提供不同种类的第二剂疫苗。关于这一做法,世卫组织发言人玛格丽特•哈里斯当时说:“没有充分数据说明这种做法可行……我们无法就中途更换疫苗给出建议。”

图说1:5月19日在英国贝德福德拍摄的一处新冠疫苗接种点标识。(新华社发,蒂姆•爱尔兰摄)