Connect with us

COVID-19 UPDATES

ကိုဗစ်-၁၉ မျိုးကွဲ ဗိုင်းရပ်စ် အိုမီခရွန် ကူးစက်မှုအန္တရာယ် အလွန်မြင့်မား၊ ကာကွယ်ဆေးထိုးနှံမှုက အရေးကြီးဆုံးဖြစ်သည်ဟု WHO ပြောကြား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အား မေ ၇ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ)

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်သည် ကမ္ဘာတစ်ဝန်း ကူးစက်မှု တစ်ဟုန်တိုးမြင့်မားလာမည့် “အန္တရာယ် အလွန်များ”ပြီး အချို့ဒေသများတွင် ဆိုးဝါးသည့် နောက်ဆက်တွဲများ ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံ အွန်တေးရီးယိုပြည်နယ် Toronto Pearson အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နှာခေါင်းစည်းတပ်ဆင်ထားသည့် ပြည်ဝင်ခွင့်ရ ခရီးသွားများက ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရေးနေရာသို့ သွားနေသည်ကို နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံရှိ အားကစားစင်တာ တစ်ခုတွင် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးနေသည်ကို နိုဝင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သိပ္ပံပညာရှင်များက အိုမီခရွန် ဗိုင်းရပ်စ် မျိုးကွဲကို လေ့လာမှုများ လျင်မြန်စွာ ပြုလုပ်နေသည့်တစ်ချိန်တည်းတွင်ပင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အဖွဲ့ဝင်များအား တတ်နိုင်သမျှ ကိုဗစ်ကာကွယ်ဆေးအရှိန်မြှင့်တင်ထိုးနှံကြရန် တိုက်တွန်းလိုက် သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ယင်းနေ့တွင် ထုတ်ပြန်သည့် စာတမ်းတစ်ခုတွင် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်၏ စူးချွန်ပရိုတင်း(Spike protein) ပြောင်းလဲမှုအရေအတွက်က ယခင်ကမရှိခဲ့ဖူးကြောင်း၊ ၎င်းတို့အနက် အချို့၏ပြောင်းလဲမှုမှာ ကပ်ရောဂါအခြေအနေအလားအလာကို ပြောင်းလဲနိုင်ရာ စိုးရိမ်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။ ၎င်းမျိုးကွဲဗိုင်းရပ်စ်သည် လက်ရှိတွင် “မသေချာမရေရာမှုများ အတော်များများ”ရှိနေသေးကြောင်း၊ သို့သော် ကနဦး သက်သေပြုချက်များအရ ယင်းမျိုးကွဲဗိုင်းရပ်စ်၏ ပြောင်းလဲမှုသည် ကိုယ်ခံစွမ်းအားကို ရှောင်ကွင်းနိုင်စွမ်းသည့်တစ်ချိန်တည်းတွင်ပင် ကူးစက်နိုင်စွမ်းအား ပို၍ ကောင်းကြောင်း ဟု ဖော်ပြထားသည်။

“အဆိုပါ ဝိသေသလက္ခဏာများကို အခြေခံပြီး ကိုဗစ်လူနာဦးရေသည် နောင်တွင် တစ်ဟုန်တိုး တိုးပွားလာနိုင်ရာ ထိုမှတစ်ဆင့် ဆိုးဝါးသည့် နောက်ဆက်တွဲဖြစ်ပေါ်နိုင်ကြောင်း၊ ၎င်းမှာ အကြောင်းအရင်းများစွာက ဆုံးဖြတ်ခြင်းဖြစ်ရာ လူနာဦးရေတိုးပွားလာသည့်နေရာတွင် ဖြစ်နိုင်ကြောင်း”အဆိုပါစာတမ်းက ဆိုသည်။ ယေဘုယျအားဖြင့် ဆိုရသော် အိုမီခရွန်သည် တစ်ကမ္ဘာလုံးအတိုင်းအတာတွင် ကူးစက်မှုအန္တရာယ် “အလွန်မြင့်မား”မည်ဟု သုံးသပ်ထားကြောင်း သိရသည်။

APသတင်းဌာန၏ ပြောကြားချက်အရ ၎င်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ယနေ့အထိ အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်အတွက် ထုတ်ပြန်သည့် အပြင်းထန်ဆုံး သတိပေးချက်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က “ကျွန်တော်တို့ထဲမှာ လူတော်တော်များများက ကိုဗစ်ကပ်ရောဂါကို ကိုင်တွယ်မှုမှာ မဆိုးဘူးလို့ ထင်မှတ်နေကြတယ်။ သူနဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လမ်းက မပြီးသေးပါဘူး”ဟု ဆိုသည်။

တောင်အာဖရိကတွင် နိုဝင်ဘာ ၉ ရက်က ဓါတ်ခွဲနမူနာအတွင်း ကိုရိုနာဗိုင်းရပ် ဗီဇာပြောင်း မျိုးကွဲ B.1.1.529 ကို ပထမအကြိမ် တွေ့ရှိခဲ့သည်။ တိုတောင်းလှသည့် ရက်သတ္တပတ် ၂ ပတ်ကြာကာလအတွင်း ဤမျိုးကွဲဗိုင်းရပ်စ်သည် တောင်အာဖရိက Gauteng ပြည်နယ် ကိုဗစ်ကူးစက်လူနာများအနက် အများစု ဖြစ်လာခဲ့သည်။ နိုဝင်ဘာ ၂၆ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ၎င်းအား အိုမီခရွန်(Omicron)ဟု အမည်ပေးခဲ့သည်။ ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အစီရင်ခံစာကို ယနေ့အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လက်ခံရရှိခြင်းမရှိသေးကြောင်း ၊ ကမ္ဘာတွင်လည်း ၎င်းမျိုးကွဲဗိုင်းရပ်စ်၏ ကူးစက်နိုင်စွမ်း၊ ရောဂါဖြစ်ပွားနိုင်စွမ်း၊ ဒုတိယအကြိမ် ကူးစက်နိုင်သည့်အန္တရာယ်နှင့် ကိုယ်ခံစွမ်းအားကို ရှောင်ကွင်းနိုင်စွမ်းစသည့်တိုတွင် စနစ်ကျသည့် သုတေသန ကိန်းဂဏန်များ မရရှိသေးကြောင်း သိရသည်။

ဗီဇပြောင်း မျိုးကွဲဗိုင်းရပ်ကို ရင်ဆိုင်ဖို့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အဖွဲ့ဝင်နိုင်ငံနှင့်ဒေသ ၁၉၄ ခုသို့ ကိုဗစ်ကာကွယ်ဆေး အရှိန်မြှင့်တင်ထိုးနှံကြရန် အထူးသဖြင့် ကူးစက်မှုအန္တရာယ်များ လူအုပ်စုများ၏ ကိုဗစ်ကာကွယ်ဆေးထိုးနှံနှုန်းကို မြှင့်တင်ကြရန် နောက်ထပ်တစ်ကြိမ်တိုက်တွန်းထားသည်။

ကူးစက်ရောဂါကြိုတင်ကာကွယ်ပြင်ဆင် ဆန်းသစ်တီထွင်ရေးပူးပေါင်းအဖွဲ့(CEPI) အမှုဆောင်အရာရှိချုပ် Dr Richard Hatchettက “ဗိုင်းရပ်စ်က ကာကွယ်ဆေးရရှိရန် မလွယ်ကူတဲ့ဒေသတွေမှာ ကူးစက်မှုမြန် သန္ဓေပြောင်းမြန်တယ်ဆိုတဲ့ သိပ္ပံပညာရှင်များ၏ ကြိုတင်ခန့်မှန်းတွက်ချက်မှုကို အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ပေါ်ထွက်လာမှုက အတိအကျသက်သေပြလိုက်ခြင်းဖြစ်တယ် ”ဟု ဆိုသည်။

ယခုနားလည်ထားသည့် အခြေအနေပေါ်မှာအခြေခံ၍ လက်ရှိ ရှိနေသည့်ကိုဗစ်ကာကွယ်ဆေးများက အိုမီခရွန် မျိုးကွဲဗိုင်းရပ်အပေါ် အလားတူ ထိရောက်မှုရှိကြောင်းနှင့်”ဆေးရုံတင်ကုသမှုနှင့် ရောဂါပြင်းထန်မှုကို ကြိုတင်ကာကွယ်ရာတွင် ထိရောက်မှုမြင့်မား”ကြောင်း တောင်အာဖရိက အဆင့်မြင့် ကျန်းမာရေးပညာရှင် Salim Abdool Karimက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

APသတင်းဌာန၏ သတင်းများအရ တောင်အာဖရိကတွင် ယနေ့အထိ အစီရင်ခံထားသည့် ထပ်တိုးကိုဗစ်လူနာအများစုသည် ရောဂါလက္ခဏအပျော့စားသာရှိပြီး အသက် ၂၀၊ ၃၀ အရွယ် လူငယ်ပိုင်းများကြောင်း သိရသည်။ သို့သော်လည်း ဤကိန်းဂဏန်းများဖြင့် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်အား အတိအကျကောက်ချက်ချရန် အချိန်စောလွန်းနေသေးကြောင်း တောင်အာဖရိက ပညာရှင်များက သတိပေးထားသည်။ (Xinhua)

…………………………………………
(Chinese Version)
世卫组织:奥密克戎风险非常高 加快接种疫苗是王道
2021-11-30 17:03:51
Image Carouse
新华社北京11月30日电 世界卫生组织11月29日说,新冠变异病毒奥密克戎毒株在全球范围造成感染病例激增的风险“非常高”,并可能给部分地区带来“严重后果”。
在科学家加紧研究奥密克戎毒株的同时,世卫组织呼吁各成员尽可能加快推进新冠疫苗接种。
世界卫生组织总干事谭德塞5月7日在瑞士日内瓦出席新闻发布会的视频截图。(新华社发)
世卫组织在当天发布的一份文件中说,奥密克戎毒株“刺突蛋白突变数量空前,其中部分突变可能影响疫情走向,令人担忧”。虽然这一变异株眼下存在“相当大的不确定性”,但初步证据显示,这一毒株发生的突变可能使其具有免疫逃逸能力,同时增强其传播能力。
这份文件说:“基于这些特征,新冠病例今后可能激增,进而可能产生严重后果,这取决于许多因素,包括病例激增可能出现的地点。”整体而言,它在全球范围内传播的风险被评估为“非常高”。
11月28日,在加拿大安大略省多伦多皮尔逊国际机场,戴口罩的入境旅客前往新冠病毒检测站。(新华社发,邹峥摄)
按美联社说法,这是世卫组织迄今关于奥密克戎毒株措辞最强烈的警告。
世卫组织总干事谭德塞说:“我们中许多人可能认为新冠疫情处理得差不多了。它跟我们还没完呢。”
南非11月9日首次从病例样本中检测到新冠病毒变异株B.1.1.529。短短2周内,这一变异株成为南非豪登省新冠感染病例的绝对优势变异株。11月26日,世卫组织将其命名为奥密克戎毒株。世卫组织迄今尚未收到关联这一毒株的死亡病例报告。全球也尚无这一变异株传播力、致病力、二次感染风险和免疫逃逸能力等方面的系统研究数据。
11月29日,民众在菲律宾马里基纳的一个体育中心接种新冠疫苗。(新华社发,乌马利摄)
面对新变异株,世卫组织再次敦促194个成员加快推进新冠疫苗接种,特别是提高高风险人群接种率。
流行病防范创新联盟首席执行官理查德•哈切特说:“奥密克戎毒株的出现精确印证了科学家的预测,即病毒在不易获得疫苗的地区加快传播将加速其进化。”
南非高级卫生专家萨利姆•阿卜杜勒•卡里姆11月29日说,基于目前了解的情况,现有新冠疫苗可能对奥密克戎毒株同样有效,“对预防住院治疗和重症仍有高效力”。
据美联社报道,南非迄今报告的新增新冠感染病例多数为轻症,以二三十岁年轻人居多。不过,南非专家提醒,依据这些数据作出有关奥密克戎毒株的确切结论还为时过早。(王鑫方)