Connect with us

Africa & Middle East

ကူဝိတ်နှင့် အမေရိကန် စသည့်နိုင်ငံများ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

ကူဝိတ်နိုင်ငံ Jahra ပြည်နယ်၌ ရိုက်ကူးသည့် "Gulf Shooting 2021"ပူးတွဲစစ်ရေးလေ့ကျင့်မှုနေရာ မြင်ကွင်းအား နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကူဝိတ်စီးတီး၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ကူဝိတ်၊ ဆော်ဒီအာရေဗျနှင့် အမေရိကန် သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၁၈ ရက်က ကူဝိတ်တွင် အဆုံးသတ်ခဲ့ကြောင်း ကူဝိတ်ပြည်ထဲရေးဝန်ကြီးနှင့် ခေတ္တကာကွယ်ရေးဝန်ကြီး Sheikh Thamer Al-Ali Al-Sabahက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ကူဝိတ်နိုင်ငံ Jahra ပြည်နယ်၌ ကျင်းပသည့်”Gulf Shooting 2021″ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် တင့်ကားများ၏ လှုပ်ရှားမှုအား နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကူဝိတ်နိုင်ငံ Jahra ပြည်နယ်၌ ကျင်းပသည့်”Gulf Shooting 2021″ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် ဒုံးကျည်လောင်ချာများအား နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“Gulf Shooting 2021” ဟု အမည်ပေးထားသော ယခုအကြိမ် စစ်ရေးလေ့ကျင့်မှုသည် ကူဝိတ်နှင့် ဆော်ဒီအာရေဗျ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည့် အင်အားစုများအား ဟန့်တားခြင်းဖြစ်ပြီး သုံးနိုင်ငံညှိနှိုင်းပူးပေါင်းဆောင်ရွက်သည့် စိတ်ဓါတ်ကို ပေါ်လွင်စေကြောင်း Sheikh Thamer Al-Ali Al-Sabah က ယင်းနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။ စစ်ရေးလေ့ကျင့်မှုသည် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် ကူဝိတ်နှင့်ဆော်ဒီ နှစ်နိုင်ငံ ကာကွယ်ရေးကဏ္ဍတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုရှိကြောင်း ဖော်ပြခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုအကြိမ်စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၇ ရက်မှစတင်ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲ၊ စစ်ရေးလေ့ကျင့်မှုမွမ်းမံသင်တန်းနှင့် မြေပြင်လှုပ်ရှားမှု စသည့် ကဏ္ဍစုံပါဝင်ကြောင်း၊ အဓိကရည်ရွယ်ချက်တစ်ခုမှာ ဘက်စုံလက်တွေ့တိုက်ပွဲနှင့် စစ်ရေးနည်းပရိယာယ် စုစည်းရန်ဖြစ်ကြောင်း ကူဝိတ်သတင်းဌာန၏ဖော်ပြချက်များအရ သိရသည်။ (Xinhua)
———————————————-
(Chinese Version)
(国际•环球军情)科威特与美国等国举行联合军演
2021-11-19 05:37:20
新华社科威特城11月18日电(记者王薇 聂云鹏)科威特内政大臣兼代理国防大臣萨米尔•阿里•萨巴赫18日说,科威特、沙特阿拉伯和美国三国举行的联合军演当天在科威特落下帷幕。
萨巴赫在当天发表的声明中说,这次代号为“海湾射击2021”的军演是对所有威胁科威特和沙特国家安全的势力的威慑,体现了三国军队的协调与合作精神。军演还体现了海湾合作委员会成员国,尤其是科威特和沙特两国在国防方面的协调与合作。
据科通社报道,此次军演于11月7日开始,包括研讨会、军事培训和地面行动等多个方面,其主要目的之一是统一各方的实战和战术理念。(完)
图说1:这是11月18日在科威特杰赫拉省拍摄的“海湾射击2021”联合军演现场。新华社发(阿萨德摄)
图说2:11月18日,在科威特杰赫拉省,坦克参加“海湾射击2021”联合军演。新华社发(阿萨德摄)
图说3:11月18日,在科威特杰赫拉省,火箭炮参加“海湾射击2021”联合军演。新华社发(阿萨德摄)