Connect with us

Economy

ကွေ့ယန်-နန်နင်း မြန်နှုန်းမြင့်ရထားလမ်း၏ အရှည်ဆုံးဥမင်လိုဏ်ခေါင်း အူတိုင်တစ်လျှောက် ဥမင်ငယ် ဖောက်လုပ်ပြီးစီး

ကွေ့ကျိုး၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

China Railway ShibaJu Engineering Co.,Ltd မှ တာဝန်ယူ တည်ဆောက်သည့် ကွေ့ယန််-နန်နင်း မြန်နှုန်းမြင့် ရထားလမ်း၏ Jiuwandashan အမှတ် ၁ လိုဏ်ခေါင်း အူတိုင်တစ်လျှောက် ဥမင်ငယ်ကို ဒီဇင်ဘာ ၅ ရက်တွင် အောင်မြင်စွာ ဖောက်လုပ်ပြီးစီးကြောင်း၊ယင်းဥမင်ငယ်အား အောင်မြင်စွာ ဖောက်လုပ်ပြီးစီးခြင်းသည် ပင်မဥမင်လိုဏ်ခေါင်း တည်ဆောက်မှု အန္တရာယ်များလျှော့ချနိုင်ခြင်းနှင့်၊ ဉမင်ရေလွှတ်စနစ် ၊ တည်ဆောက်မှုလေဝင်လေထွက်စနစ် ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးစသော အခက်အခဲများကို ဖြေရှင်းနိုင်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ထမ်းများက Jiuwandashan အမှတ် ၁ လိုဏ်ခေါင်း အူတိုင်တစ်လျှောက် ဥမင်ငယ်ဖောက်လုပ်ပြီးစီးသဖြင့် အောင်ပွဲခံနေသည်ကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆောက်လုပ်ရေးဝန်ထမ်းက Jiuwandashan အမှတ် ၁ လိုဏ်ခေါင်း အူတိုင်တစ်လျှောက် ဉမင်ငယ်အတွင်း စက်ပစ္စည်းများ စမ်းသတ်စစ်ဆေးနေသည်ကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆောက်လုပ်ရေးဝန်ထမ်းက Jiuwandashan အမှတ် ၁ လိုဏ်ခေါင်း အူတိုင်တစ်လျှောက်ရှိ အတွင်းနံရံ စစ်ဆေးနေသည်ကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Jiuwandashan အမှတ် ၁ ဥမင်လိုဏ်ခေါင်းသည် ကွေ့ကျိုးပြည်နယ် Libo ခရိုင်တွင်တည်ရှိပြီး စုစုပေါင်းအရှည်မှာ ၁၇,၀၁၂ မီတာရှိကြောင်း၊ ၎င်းသည် ကွေ့ယန်-နန်နင်း မြန်နှုန်းမြင့်ရထားလမ်းတစ်လျှောက်ရှိ အရှည်ဆုံးဥမင်ဖြစ်ကြောင်းနှင့် ရထားလမ်းတစ်လျှောက်တွင် ထိန်းချုပ်ဆောက်လုပ်ရန် အခက်ခဲဆုံး ပရောဂျက်တစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)

#China, #Guinan,# Tunnel, #Myanmar, #XinhuaMyanmar, #တရုတ်, #Guinan,# ဥမင်လိုဏ်ခေါင်း, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ

————————————
(English Version)

新华社照片,荔波(贵州),2021年12月5日
当日,由中铁十八局承建的贵(贵阳)南(南宁)高铁九万大山一号隧道平行导洞顺利贯通。据了解,平行导洞的顺利贯通可以降低隧道正洞的施工风险,解决隧道排水、施工通风、防灾救援等困难。九万大山一号隧道位于贵州省荔波县境内,全长17012米,是贵南高铁全线最长隧道,属全线重难点控制性工程。

图说1- 12月5日,工作人员庆祝九万大山一号隧道平行导洞贯通。新华社记者 刘续 摄
图说2-12月5日,工作人员庆祝九万大山一号隧道平行导洞贯通。新华社记者 刘续 摄
图说3- 12月5日,工作人员在九万大山一号隧道平行导洞内调试设备。新华社记者 刘续 摄
图说4- 12月5日,工作人员在九万大山一号隧道平行导洞内检查洞壁。新华社记者 刘续 摄