Connect with us

Africa & Middle East

ဂီနီနိုင်ငံအား အနောက်အာဖရိကန်နိုင်ငံများ စီးပွားရေးအသိုက်အဝန်းက အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်း

အက်ခရာ၊စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း(ECOWAS)အဖွဲ့ဝင်နိုင်ငံများသည် စက်တင်ဘာ ၈ ရက်က အွန်လိုင်း အထူးအစည်းအဝေးကျင်းပပြီး ဂီနီနိုင်ငံအား အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။အဆိုပါ တစ်ရက်ကြာ ကျင်းပသည့် အထူးအစည်းအဝေးကို အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း(ECOWAS)ဥက္ကဋ္ဌ၊ ဂါနာနိုင်ငံ သမ္မတAkufo-Addoက အစည်းအဝေးခေါ်ယူခြင်းဖြစ်ရာ ECOWAS အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ၊ ကုလသမဂ္ဂနှင့် အာဖရိကသမဂ္ဂကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး ဂီနီနိုင်ငံအရေးအား အဓိကထား စိစစ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲအပြီး ကြေညာချက်တွင် ဂီနီနိုင်ငံ၌ စက်တင်ဘာ ၅ ရက်က ဖြစ်ပွားသည့် အာဏာသိမ်းမှုအား ပြစ်တင်ရှုတ်ချကြောင်းနှင့် အခြေခံဥပဒေကို ချိုးဖောက်၍ နိုင်ငံရေးပြောင်းလဲသည့် မည်သည့်နည်းလမ်းကိုမဆို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း ထပ်မံအလေးထား ဖော်ပြခဲ့သည်။

ဂီနီသမ္မတAlpha Condé၏ လုံခြုံရေးကို အာဏာသိမ်းစစ်တပ်က အာမခံပေးရန်နှင့် ၎င်းနှင့်အခြားထိန်းသိမ်းထားသူများကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန် ECOWASက တောင်းဆိုခဲ့သည်။

ECOWASကိုယ်စားလှယ်အဖွဲ့က စက်တင်ဘာ ၉ ရက်တွင် ဂီနီနိုင်ငံသို့သွားရောက်၍ အာဏာသိမ်းစစ်တပ်ဖြင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဂီနီနိုင်ငံတွင် စက်တင်ဘာ ၅ ရက်က စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး သမ္မတCondeကို ထိန်းသိမ်းထားကြောင်းနှင့် အစိုးရအဖွဲ့ကို ဖျက်သိမ်းကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း စစ်တပ်က ကြေညာထားသည်။ (Xinhua)

——————————————-
(Chinese Version)

西共体暂停几内亚成员国资格

新华社阿克拉9月8日电(记者许正)西非国家经济共同体(西共体)成员国8日召开线上特别会议,决定暂停几内亚成员国资格。

此次特别会议为期一天,由西共体主席、加纳总统阿库福-阿多召集,西共体成员国领导人、联合国及非洲联盟代表参加,主要就几内亚局势进行审议。

西共体在会后发表公报,谴责5日在几内亚发生的政变,并重申强烈反对以任何违背宪法的方式进行政治变革。西共体要求政变军人保障几内亚总统阿尔法•孔戴的人身安全,并立即将其和其余被扣押人士无条件释放。

公报说,西共体代表团将于9日前往几内亚与政变军人会面。
9月6日在几内亚科纳克里拍摄的政变军队。(新华社发)
几内亚5日发生军事政变,政变军人宣称扣押了总统孔戴并解散政府,称将组建“民族团结政府”。