Connect with us

Africa & Middle East

ဂီနီနိုင်ငံ အာဏာသိမ်းစစ်တပ်က အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းမည်ဟု ဆို

ကာနေလ်ခရီလ်၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

အာဏာအသွင်ကူးပြောင်းရေး တည်ငြိမ်အောင် တွန်းအားပေးနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းသွားမည်ဟု ဂီနီနိုင်ငံ အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။ဂီနီစစ်တပ်အကြီးအကဲ Mamadi Doumbouyaက မြို့တော်ကာနေလ်ခရီလ်ရှိ ပြည်သူ့နန်းတော်၌ Condeအစိုးရ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ယင်းနေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးပြီးနောက် ၎င်းက တရားမျှတ၍ တည်ငြိမ်စွာ အာဏာအသွင်ကူးပြောင်းမှုကို တွန်းအားပေး ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Condeအစိုးရ ဝန်ကြီးချုပ်၊ ဝန်ကြီးများကို ခွင့်ပြုချက်မရှိပါက နိုင်ငံပြင်ပသို့ ထွက်ခွာခွင့်မပြုကြောင်းနှင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်၊ ရုံးသုံးမော်တော်ယာဉ်များကို စစ်တပ်က ထိန်းသိမ်းထားရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ဂီနီနိုင်ငံ ကာနေလ်ခရီလ်တွင် အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်များအား စက်တက်ဘာ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

အာဏာသိမ်းစစ်တပ်က တည်ထောင်သည့် တစ်နိုင်ငံလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ဂီနီသတ္တုအရင်းအမြစ် တင်ပို့မှုကို အာမခံနိုင်စေရန်အတွက် ပင်လယ်ရေကြောင်းနယ်စပ်ကို ဆက်လက်ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း Mamadi Doumbouyaက ဆိုသည်။

ဂီနီနိုင်ငံ ကာနေလ်ခရီလ်ရှိ ပြည်သူ့နန်းတော်ပြင်ပတွင် အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်များအား စက်တက်ဘာ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂီနီနိုင်ငံတွင် စက်တင်ဘာ ၅ ရက်က စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး သမ္မတCondeကို ထိန်းချုပ်ထားကြောင်းနှင့် အစိုးရအဖွဲ့ကို ဖျက်သိမ်းကြောင်း စစ်တပ်က ကြေညာခဲ့သည်။ လက်နက်ဖြင့်အာဏာလုယူသည့် မည်သည့်လုပ်ရပ်မဆို ပြစ်တင်ရှုတ်ချကြောင်း၊သမ္မတCondeကို ချက်ချင်းပြန်လွတ်ပေးရန် တောင်းဆိုကြောင်း ကုလသမဂ္ဂ၊ အာဖရိက သမဂ္ဂ၊ “အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း(ECOWAS)” စသည့် နိုင်ံငံတကာအဖွဲ့အစည်းများက ယင်းနေ့တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းစစ်တပ်၏ စက်တင်ဘာ ၅ ရက် AFPသို့ ပေးပို့သည် ဗွီဒီယိုတွင် Condeသည် အခန်းတစ်ခု ၏ ဆိုဖာခုံပေါ်တွင် ထိုင်နေပြီး ၎င်းပတ်ဝန်းကျင်တွင် စစ်သားအချို့ကို တွေ့ရသည်။ ယင်းဗွီဒီယိုရုပ်ကူးသည့်အချိန်နှင့်နေရာကို အတိအကျမသိရကြောင်း သိရသည်။ အသက် (၈၃)နှစ်ရှိပြီဖြစ်သည့် Condeသည် ၂၀၁၀ ပြည့်နှစ်တွင် ပထမဆုံးအကြိမ် သမ္မတအဖြစ်ရွေးချယ်ခံရပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်များတွင် နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————————
(Chinese Version)

全球连线 | 几内亚政变军人:将组建民族团结政府

新华社阿比让9月7日电 科纳克里消息:几内亚政变军人6日称将组建民族团结政府,以推动政权平稳过渡。
几内亚政变军队领导人马马迪•敦布亚当天在首都科纳克里人民宫与孔戴政府的总理、部长举行会谈。他随后发表讲话说,将组建民族团结政府,本着公正原则推动政权平稳过渡。他要求孔戴政府的部长级官员未经允许不得出境,其护照、公车暂由军队保管。

敦布亚说,由政变军人成立的“全国团结和发展委员会”将保持海路边境开放,以确保几内亚矿产资源出口。
几内亚5日发生军事政变。政变军人宣称扣押总统孔戴并解散政府。联合国、非盟、西共体等国际组织同日发表声明,谴责任何以武力夺取政权的行为,要求立即释放孔戴。

政变军队5日发给法新社的一段视频显示,孔戴在一个房间内,身着便装坐在沙发上,身旁有数名军人。视频拍摄的时间地点不明。孔戴现年83岁,2010年首次当选总统,2015年和2020年两次赢得连任。

图说1:9月6日,政变军队在几内亚科纳克里人民宫外维持秩序。新华社发
图说2:这是9月6日在几内亚科纳克里拍摄的政变军队。新华社发
图说3:这是9月6日在几内亚科纳克里人民宫外拍摄的政变军队。新华社发