Connect with us

COVID-19 UPDATES

ဂျပန်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှု ပြန်လည် တွေ့ရှိရ

ဂျပန်နိုင်ငံ၊ မီယာဇာစီရင်စု Tokaoka မြို့ရှိ ကူးစက်ရောဂါကာကွယ်ရေးဝန်ထမ်းများက ကြက်မွေးမြူရေးခြံအား ပိုးသတ်ဆေးဖြန်းနေသည်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံတောင်ပိုင်း၊ ကာဂိုရှီးမားစီရင်စုရှိ Izumi မြို့၌ ကြက်မွေးမြူရေးခြံတစ်ခုတွင် ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားသော ကြက်ငှက်တုပ်ကွေးရောဂါကြောင့် မွေးမြူထားသည့် ကြက်အကောင်ရေ ၄၀,၀၀၀ ခန့်ကို သုတ်သင်ရှင်းလင်းခဲ့ရကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက နိုဝင်ဘာ ၁၃ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဤသည်မှာ ဂျပန်နိုင်ငံတွင် ၃ ရက်အတွင်း ကြက်ငှက်တုပ်ကွေး ဖြစ်ပွားကြောင်း ထပ်မံကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနက သက်ဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေး မူဝါဒများနှင့်အညီ အဆိုပါ ကြက်မွေးမြူရေးခြံအနီးဝန်းကျင်ပတ်လည် ၃ ကီလိုမီတာနှင့် ၁၀ ကီလိုမီတာရှိ နယ်မြေကို ကူးစက်ရောဂါ ထိန်းချုပ်ရေးနယ်မြေ အဖြစ်သတ်မှတ်ကာ ၃ ကီလိုမီတာ နယ်မြေအတွင်းရှိ မွေးမြူရေး ကြက်နှင့် ကြက်ဥထွက်ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားကြောင်းသိရသည်။

ယခုဖြစ်ပွားမှုသည် ယခုနှစ်ကြက်ငှက်တုပ်ကွေးရာသီတွင် ဂျပန်နိုင်ငံ၌ ဒုတိယအကြိမ် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ မြောက်ပိုင်းရှိ Akita စီရင်စုရှိ Yokote မြို့ရှိ ကြက်မွေးမြူရေးခြံတစ်ခုတွင် ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားသော ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး ကြက်အကောင်ရေ ၁၄၀,၀၀၀ ကျော်ကို သုတ်သင်ရှင်းလင်းလိုက်ရကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနက နိုဝင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဂျပန်မီဒီယာများ၏ ဖော်ပြချက်အရ Akita စီရင်စုရှိ ကြက်ငှက်တုပ်ကွေးရောဂါသည် H5N8 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………
(Chinese Version)
(科技)日本再现禽流感疫情
新华社东京11月13日电日本农林水产省13日宣布,其南部鹿儿岛县出水市的一家养鸡场出现高致病性禽流感疫情,该养鸡场饲养的约4万只鸡将全被扑杀。这是时隔3天日本再次报告禽流感疫情。
日本农林水产省13日宣布,根据有关传染病防疫方针,以上述养鸡场为中心设定了半径3公里和10公里的防疫控制区,半径3公里区域内的养鸡场被禁止在该区域内转移鸡和鸡蛋,半径3至10公里范围内的养鸡场则被禁止向外界运输鸡和鸡蛋。
这是本次禽流感流行季内日本第二次出现禽流感疫情。日本农林水产省本月10日宣布,该国北部秋田县横手市的一个养鸡场出现高致病性禽流感疫情,超过14万只鸡须被扑杀。据日本媒体报道,秋田县的禽流感疫情由H5N8亚型禽流感病毒引发。(完)