Connect with us

Asia

ဂျပန်နိုင်ငံ Kurushimaရေလက်ကြားတွင် ကုန်တင်သင်္ဘောနှစ်စီး တိုက်မိမှုဖြစ်ပွား ၊ လူ (၃)ဦး ပျောက်ဆုံး

Kurushimaရေလက်ကြား၏ မြင်ကွင်းတစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

တိုကျို၊ မေ ၂၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ Kurushimaရေလက်ကြား အနီးတွင် မေ ၂၇ ရက် ဒေသစံတော်ချိန် ညပိုင်း ၁၁ နာရီ ၅၅ မိနစ်ခန့်က ဂျပန်ကုန်သင်္ဘောနှင့် မာရှယ်ကျွန်းစုနိုင်ငံ ကုန်သင်္ဘောတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၏ ယင်းနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ အချင်းဖြစ်ရပ်ကြောင့် ဂျပန်ကုန်သင်္ဘောနစ်မြုပ်ခဲ့ပြီး ဂျပန်သင်္ဘောသား (၃)ဦး ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

နစ်မြုပ်ခဲ့သည် ကုန်တင်သင်္ဘောတွင် ဂျပန်သင်္ဘောသား (၁၂)ဦး ပါရှိရာ (၉)ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကပ္ပတိန်အပါအဝင် သင်္ဘောသား (၃)ဦးသည် ပျောက်ဆုံးနေကြောင်း ဒေသခံမီဒီယာများ၏ ပြောကြားချက်အရ သိရသည်။

မာရှယ်ကျွန်းစုနိုင်ငံ သင်္ဘောပေါ်တွင် သင်္ဘောသား (၁၃)ဦး ပါရှိရာ တောင်ကိုရီးယားနိုင်ငံသား (၈)ဦး ၊ မြန်မာနိုင်ငံသား (၅)ဦး ဖြစ်ပြီး ၎င်းတို့မှာ ဒဏ်ရာရမှုမရှိကြောင်း သိရသည်။

အချင်းဖြစ်ပွားပြီးနောက် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ကင်းလှည့်ရေယာဉ်၊ လေယာဉ်နှင့် ဒေသခံ ငါးဖမ်းသင်္ဘောများကို စေလွှတ်၍ ရှာဖွေခဲ့သလို ကယ်ဆယ်ရေးအဖွဲ့ကို သင်္ဘောအတွင်းသို့ ရေငုပ်ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်စေခဲ့သည်။ အချင်းဖြစ်ပွားမှုအသေးစိတ်အကြောင်းအရင်းကို ဂျပန်နိုင်ငံသက်ဆိုင်ရာဌာနများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

သင်္ဘောနှစ်စီးတိုက်မိသည့် နေရာ Kurushimaရေလက်ကြားသည် ဂျပန်နိုင်ငံ၏ ပင်လယ်ရေကြောင်း အဓိကလမ်းတစ်ခုဖြစ်ပြီး နေ့စဉ် သင်္ဘောအစီးရေ (၅၀၀)ခန့် ဖြတ်သန်းသွားလာကြကြောင်း ဂျပန်မီဒီယာများ၏ သတင်းအရ သိရသည်။ ယင်းရေလက်ကြားသည် မောင်းနှင်သွားလာရန် ခက်ခဲရာ လက်ရှိအချိန်က ပင်လယ်ဒီရေအပြောင်းအလဲများချိန်နှင့်လှိုင်းလေထန်သည့် ရာသီဥတု ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际)日本来岛海峡两货船相撞致3人失踪
2021-05-28 15:07:01
新华社东京5月28日电(记者郭丹)据日本海上保安厅27日消息,当地时间27日晚11时55分(北京时间晚10时55分),一艘日本货船和一艘马绍尔群岛籍货船在日本来岛海峡附近相撞,事故导致日本货船沉没,3名日本船员下落不明。
据日本媒体报道,失事的日本“白虎”号货船共载有12名日本籍船员。船只沉没后,9名船员获救并被送往当地医院,包括船长在内的3名船员至今下落不明。
马绍尔群岛籍货船上共有13名船员,其中8人为韩国籍,5人为缅甸籍,事故没有造成船员受伤。
事故发生后,日本海上保安厅已派出巡逻船、飞机以及当地渔船进行搜寻,并派出救援队潜入船内进行搜救。日本相关部门正在对事故具体原因进行调查。
另据日媒报道,此次事故发生地点来岛海峡是日本海上要道之一,每天约有500艘船只通过。该海峡航行难度较大,目前正值海水潮流变化较大、比较汹涌的时节。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.