Connect with us

Science & Technology

ဂြိုဟ်တုမှတွေ့မြင်ရသည့် “ရပ်ဝန်းနှင့်ပိုးလမ်းမ”ပေါ် ရှိ တံတားများနှင့် လမ်းများ

ကူမင်း၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ယခုနှစ်သည် “ရပ်ဝန်းနှင့်ပိုးလမ်းမ” စီမံကိန်း ပူးပေါင်းတည်ဆောက်မှု၏ ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ကြောင်း၊ ၈ နှစ်တာကာလအတွင်း “ရပ်ဝန်းနှင့်ပိုးလမ်းမ” သည် နိုင်ငံများစွာထံမှ ထောက်ခံမှုနှင့် တုံ့ပြန်မှုများ ရရှိခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းအများအပြား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လမ်းတံတားများသည် မျဉ်းကြောင်းများသဖွယ် အချင်းချင်းစုံစည်းကာ လူသားမျိုးနွယ်၏ ကံကြမ္မာအကျိုးတူ အသိုက်အဝန်း၏ တောက်ပသော အနာဂတ်ကို ပုံဖော်နေကြောင်း တွေ့ရသည်။
တရုတ်-လာအို မီးရထား

မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ ကူမင်းမှ တောင်ဘက်တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းအထိ ဖောက်လုပ်ထားသောတရုတ်-လာအို ရထားလမ်းသည် တရုတ်စံနှုန်းများကို အသုံးပြုကာ တရုတ်-လာအိုနှစ်နိုင်ငံမှ ပူးပေါင်းဖောက်လုပ်လည်ပတ်သည့် ရထားလမ်းဖြစ်ပြီး တရုတ်ရထားကွန်ရက်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် ပထမဆုံးပြည်ပရထားလမ်းဖြစ်ကြောင်းသိရသည်။ ရထားလမ်း စုစုပေါင်း အရှည် ၁,၀၃၅ ကီလိုမီတာရှိသည်။

အီသီယိုးပီးယား-ဂျီဘူတီ ရထားလမ်းကို ဂြိုဟ်တုမှ ရိုက်ကူးထားသော မြင်ကွင်း (ဆင်ဟွာ)

တရုတ်-လာအိုရထားလမ်းကြောင်းတလျှောက်သည် ပထဝီအနေအထားရှုပ်ထွေးသည့် တောင်တန်းချိုင့်နက်များစွာရှိကြောင်း၊ ရထားလမ်းတစ်လျှောက် အသစ်တည်ဆောက်ထားသော ဥမင်များနှင့် တံတားများသည် ကီလိုမီတာ ၇၁၂ ရှည်လျားပြီးရထားလမ်း စုစုပေါင်းအရှည်၏ ၇၆.၅ ရာခိုင်နှုန်းရှိကြောင်းသိရသည်။ လူများက တရုတ်-လာအို ရထားလမ်းသည် ဥမင်နှင့်လေထဲတွင် ဖြတ်သန်းသွားလာသည့် လမ်းကြောင်းဟုခေါ်ဆိုကြသည်။

တရုတ်-လာအို ရထားလမ်းသည် တစ်နာရီလျှင် အမြင့်ဆုံး ၁၆၀ ကီလိုမီတာ မောင်းနှင်နိုင်ပြီး၊ ကူမင်းမှ Xishuangbanna သို့ ၃ နာရီ ၂၄ မိနစ်၊ ကူမင်းမှ မိုဟန်သို့ ၅ နာရီ ၂၀ မိနစ်နှင့် ဘိုတန်မှ ဗီယင်ကျန်းမြို့သို့ ၃ နာရီ ၂၀ မိနစ် အတွင်းရောက်ရှိနိုင်ကြောင်း၊ နယ်စပ်ဂိတ် အကောက်ခွန်ရှင်းလင်းချိန်အပါအဝင် ခရီးသည်များသည် ကူမင်းမှ ဗီယင်ကျန်းမြို့သို့ ၁၀ နာရီခန့်သာ ရထားဖြင့် ရောက်ရှိနိုင်ကြောင်း သိရသည်။

တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတားကို ဂြိုဟ်တုမှ ရိုက်ကူးထားသော မြင်ကွင်း (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ၏”ရပ်ဝန်းနှင့်ပိုးလမ်းမ”အဆိုပြုချက်နှင့် လာအိုနိုင်ငံ၏ “ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်းတွင်းချိတ်နိုင်ငံအဖြစ်သို့ ပြောင်းလဲခြင်း” မဟာဗျူဟာ နှင့် ချိတ်ဆက်ထားသည့် စီမံကိန်းတစ်ခုဖြစ်ပြီး နှစ်နိုင်ငံကြား ဆက်သွယ်ချိတ်ဆက်သည့် ချစ်ကြည်ရင်းနှီးရေးလမ်းကြောင်း ဖြစ်လာခဲ့သည်။

အီသီယိုးပီးယား-ဂျီဘူတီ ရထားလမ်း

အီသီယိုးပီးယား-ဂျီဘူတီ ရထားလမ်းသည် အီသီယိုးပီးယားနိုင်ငံမြို့တော်အာဒစ်အာဘာဘာ နှင့် အိမ်နီးချင်း ဂျီဘူတီဆိပ်ကမ်းကို ဆက်သွယ်ထားကြောင်း၊ စုစုပေါင်းအရှည် ၇၅၂ ကီလိုမီတာရှိပြီး တစ်နာရီလျှင် အမြင့်ဆုံး ၁၂၀ ကီလိုမီတာ မောင်းနှင်နိုင်သည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် တရားဝင် စီးပွားဖြစ် လုပ်ငန်းစတင်ခဲ့ချိန်မှစ၍ ၎င်းသည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ စီမံကိန်းဖြစ်သလို “ရပ်ဝန်းနှင့်ပိုးလမ်းမ” ၏ ပြယုဂ်စီမံကိန်းလည်းဖြစ်ကြောင်း သိရသည်။

ကုန်းတွင်းပိတ်နိုင်ငံ အီသီယိုးပီးယားတွင် လမ်းပန်းဆက်သွယ်ရေးသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် “အတားအဆီး” တစ်ခုဖြစ်သည်။ ယခင်က ဂျီဘူတီ ဆိပ်ကမ်းမှ အီသီယိုးပီးယားနိုင်ငံမြို့တော် အာဒစ်အာဘာဘာ သို့ ကုန်စည်ပို့ဆောင်ရာတွင် အဓိကအားဖြင့် ကားလမ်းများသာ မှီခိုအားထားရပြီး သယ်ယူပို့ဆောင်ရေးကြာချိန်မှာ ၃ ရက်ခန့်ဖြစ်ပြီး မိုးရာသီကာလတွင် မိုးရွာသွန်းမှုကြောင့် လမ်းများ ပျက်စီးလေ့ရှိပြီး ပို့ဆောင်ချိန်မှာ ၁ ပတ်ကျော်အထိ ကြာနိုင်ကြောင်း သိရသည်။

မွန်ဘာဆာ-နိုင်ရိုဘီ ရထားလမ်းကို ဂြိုဟ်တုမှ ရိုက်ကူးထားသော မြင်ကွင်း (ဆင်ဟွာ)

အီသီယိုးပီးယား-ဂျီဘူတီ ရထားလမ်းဖွင့်လှစ်လည်ပတ်ပြီးနောက် သယ်ယူပို့ဆောင်ရေးအချိန်သည် ၁၂ နာရီခန့်သာကြာပြီး သယ်ယူပို့ဆောင်ရေးစရိတ်ကို ၃၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ကြောင်း၊ ဒေသခံပြည်သူများအတွက် အဆင်ပြေလုံခြုံ၊ သယ်ယူပို့ဆောင်ရေး အရည်အသွေးမြှင့်မားပြီး ကုန်ကျစရိတ်နည်းသော သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတား

မော်လဒိုက်သည် ၎င်း၏ လှပသော ပင်လယ်ရှုခင်းဖြင့် ကမ္ဘာတွင် ထင်ရှားကသည်။ တရုတ်-မော်လဒိုက် ချစ်ကြည်ရေးတံတားသည် နှစ်နိုင်ငံအကြား “ရပ်ဝန်းနှင့်ပိုးလမ်းမ”အဆိုပြုချက် ပူးပေါင်းတည်ဆောက်ရန်အတွက် အဓိကစီမံကိန်းတစ်ခုဖြစ်ကြောင်း၊ တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတားကို ၂၀၁၈ ခုနှစ် သြဂုတ်လတွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်းအရှည် ၂ ကီလိုမီတာရှိကြောင်း၊ ၎င်းတံတားသည် မော်လ်ဒိုက်နိုင်ငံ၏ အမှတ်တံဆိပ်သစ်တစ်ခုဖြစ်လာခဲ့သည်။

ဂြိုဟ်တုဓာတ်ပုံအရ တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတားသည် Male Island နှင့် Airport Island ၏အစွန်းနှစ်ဖက်ကို မတည်ထားသည့် ပုံစံရှိနေကြောင်း တွေ့ရသည်။ မော်လ်ဒိုက် သမိုင်းတစ်လျှောက် ပထမဆုံးတံတားကြီးဖြစ်သလို အိန္ဒိယသမုဒ္ဒရာအတွင်း ပထမဆုံးပင်လယ်ဖြတ်ကူးတံတားလည်းဖြစ်ကြောင်း သိရသည်။ ဒေသခံများနှင့် မော်လ်ဒိုက်သို့ ခရီးသွားများသည် ထိုတံတားကိုဖြတ်၍ Male Island နှင့် Airport Island အကြား ၅ မိနစ်အတွင်းအရောက် သွားလာနိုင်ကြောင်း သိရသည်။

Padma တံတားကို ဂြိုဟ်တုမှ ရိုက်ကူးထားသော မြင်ကွင်း (ဆင်ဟွာ)

သို့သော်လည်း ပြင်းထန်သောလေနှင့်ရေလှိုင်းများကြားတွင် တံတားတစ်ခုတည်ဆောက်ရန်မှာ လွယ်ကူသည်မဟုတ်၊ တံတားတည်ဆောက်သူများသည် ဆောက်လုပ်ရေးပင်လယ်ဧရိယာအတွင်း မြင့်မားသော အပူချိန်၊ စိုထိုင်းမှု၊ ဆားဓာတ်၊ ဓါတ်ရောင်ခြည် စသည့် ကြမ်းတမ်းသောအခြေအနေများကို ကျော်လွှားကာ အလွန်တိုတောင်းသောကာလ ၃၃ လ အချိန်ဖြင့် တံတားတည်ဆောက်ပြီးစီးခဲ့ကြောင်း၊ အမိုးအကာမရှိသော ပင်လယ်ရေနက်ပိုင်းပတ်ဝန်းကျင်နှင့် သန္တာကျောက်တန်းများ၏ ဘူမိဗေဒအခြေအနေများအောက်တွင် တံတားကြီးဆောက်လုပ်ရေးစီမံကိန်းအတွက် စံနမူနာတစ်ခုဖြစ်ခဲ့သည်။ တံတားတည်ဆောက်ပြီးနောက် လမ်းပန်းဆက်သွယ်ရေးသာမက Male တစ်ဝိုက်ရှိ လူနေမှု ဖွံ့ဖြိုးတိုးတက်ရေးကိုပါ မြှင့်တင်ပေးခဲ့ကြောင်း သိရသည်။

မွန်ဘာဆာ-နိုင်ရိုဘီ ရထားလမ်း

မွန်ဘာဆာ-နိုင်ရိုဘီ ရထားလမ်းသည် ကင်ညာ ၏ “ရာစု၏စီမံကိန်း” ဟုလူသိများသည်။၂၀၁၇ ခုနှစ် မေလ ၃၁ ရက် နေ့တွင်ဖွင့်လှစ်ခဲ့ကြောင်း၊ ရထားလမ်း၏ စုစုပေါင်းအရှည်မှာ ၄၈၀ ကီလိုမီတာခန့်ရှိပြီး၊ ၎င်းသည် ကင်ညာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံးတည်ဆောက်ခဲ့သော ရထားလမ်းဖြစ်ကြောင်း၊ ၎င်းသည် တရုတ်စံနှုန်း၊ တရုတ်နည်းပညာနှင့် တရုတ်စက်ကိရိယာများဖြင့် တည်ဆောက်ထားသည့် ခေတ်ရထားလမ်းဖြစ်သည်။

မွန်ဘာဆာ-နိုင်ရိုဘီ ရထားလမ်း တည်ဆောက်မှုသည် ဒေသခံပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေပြီး သယ်ယူပို့ဆောင်ရေး ချောမွေ့စေပါသည်။ စတင်ဖွင့်လှစ်သည့်နှစ်တွင် ခရီးသည်ပေါင်း ၆၉၉,၀၀၀ ဦးနှင့် ကွန်တိန်နာပေါင်း ၁၃,၀၀၀ ခန့် ကုန်ပစ္စည်းများ ပို့ဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် တစ်ရက်လျှင် ပျမ်းမျှ ကုန်စည်ရထား ၁၇ စင်း ပြေးဆွဲခဲ့ရာ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကွန်တိန်နာပေါင်း ၃၈၂,၀၀၀ ခန့် ပို့ဆောင်ခဲ့ကြောင်း၊ ယခင်နှစ် ကာလတူထက် ၈.၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ကုန်စည်များကို မနက်ပိုင်းတွင် မွန်ဘာဆာ တွင် တင်ဆောင်ပြီး၊ နေ့လည်ပိုင်းတွင် နိုင်ရိုဘီသို့ ရောက်ရှိနိုင်ကြောင်း၊ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကို ၁၀-၄၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့သည်။

မွန်ဘာဆာ-နိုင်ရိုဘီ ရထားလမ်းသည် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ရန်အတွက် “ပင်မသွေးကြော” ဖြစ်ရုံသာမကဘဲ အစိမ်းရောင်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာ ဒေသခံတို့၏ စားဝတ်နေရေးကို မြှင့်တင်ပေးသည့် “နှလုံးသားနွေးထွေးသောလမ်း” လည်းဖြစ်သည်။

Padma တံတား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Padma တံတားသည် ဒါကာမြို့ အနောက်တောင်ဘက် ကီလိုမီတာ ၄၀ ခန့်အကွာတွင် တည်ရှိပြီး Padma မြစ်ကိုဖြတ်၍ကျော်သော တံတားဖြစ်သည်။ တံတားသည် ကားလမ်း-ရထားလမ်း နှစ်မျိုးသွားလာနိုင်သော တံတားဖြစ်ကြောင်း၊ ပင်မတံတားအရှည် ၆.၁၅ ကီလိုမီတာရှိပြီး အလွှာနှစ်ထပ် သံဘောင်ပုံစံ တည်ဆောက်ထားသည်။အပေါ်ဆုံးအလွှာသည် လေးလမ်းသွား အဝေးပြေးလမ်းဖြစ်ပြီး အောက်အလွှာသည် တစ်လမ်းသွား ရထားလမ်းဖြစ်သည်။

“ရပ်ဝန်းနှင့်ပိုးလမ်းမ”အဆိုပြုချက် တည်ဆောက်မှုအတွက် အရေးပါသော သယ်ယူပို့ဆောင်ရေးကဏ္ဍတစ်ခုဖြစ်သည့် Padma တံတား စီမံကိန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးမြစ်ကူးတံတားစီမံကိန်းဖြစ်ပြီး တရုတ်နိုင်ငံနှင့် အာရှဖြတ်ကျော်ရထားလမ်း၏ အရေးကြီးသောလမ်းကြောင်းများထဲမှ တစ်ခုဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် Padma တံတားနောက်ဆုံးပိုင်းအား အောင်မြင်စွာ တပ်ဆင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အခြေခံအားဖြင့် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ Padma တံတား ပြီးစီးပါက ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနောက်တောင်ပိုင်းရှိ ခရိုင် ၂၁ ခရိုင်နှင့် မြို့တော် ဒါကာအကြား ဆက်သွယ်ပေးသော တံတားဖြစ်သည်။ မူလမြစ််ကူးကြာချိန် ခုနစ်နာရီမှ ရှစ်နာရီကို ၁၀ မိနစ်အတွင်း ရောက်စေနိုင်ပြီး နှစ်ထောင်ပေါင်းများစွာ နေထိုင်သူများ၏ ရေကြောင်းဖြင့် မြစ်ကူးသော သမိုင်းကို အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

တောင်တွေ့တိုင်းလမ်းဖောက် ၊ပင်လယ်တွေ့တိုင်းတံတားဆောက်ကြသော တရုတ်လမ်းတံတားတည်ဆောက်သူများသည် ၎င်းတို့၏ကြိုးပမ်းမှုနှင့် ဉာဏ်ပညာ ပေါင်းစည်းကာ ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တံတားများစွာ တည်ဆောက်ခဲ့သည်။ “ရပ်ဝန်းနှင့်ပိုးလမ်းမ”သည် ကမ္ဘာတစ်ဝှမ်းတွင် တောင်တန်းနှင့် ချိုင့်ဝှမ်းကြား၊မြစ်ချောင်းပင်လယ်များထက်တွင် ခိုင်မာစွာရပ်တည်နေပြီး၊ ချမ်းမြေ့သာယာမှုဆီသို့ သွားရာလမ်းတံတား တည်ဆောက်မှုပုံရိပ်များသည် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများနှင့် ပိုမိုကောင်းမွန်သောအနာဂတ်ကို ဖန်တီးရန် တရုတ်နိုင်ငံက ကမ္ဘာနှင့် မျှဝေလိုသော ဆန္ဒကို သရုပ်ပြနေသည်။(Xinhua )
———————————
(Chinese Version)

卫星见证,“一带一路”上的桥与路
2021-12-19 13:35:16 分类: 其他

今年是共建“一带一路”倡议提出8周年。8年来,“一带一路”得到了越来越多国家的支持和响应,一大批合作项目落地扎根,一条条公路、一架架桥梁如一道道交相辉映的线条,勾画出人类命运共同体的美好明天。
中老铁路
北起昆明,南至万象,中老铁路是第一条采用中国标准、中老合作建设运营,并与中国铁路网直接连通的境外铁路,全长1035公里。
中老铁路沿途山高谷深、地质复杂,新建隧道、桥梁总长达712公里,占新建线路全长的76.5%,被称为一条“不是穿行在洞中、就是穿行在空中”的铁路。
航拍视角下穿山跨河的铁路线,左边的隧道口即为景寨隧道口。
中老铁路设计时速160公里,乘上钢铁巨龙,昆明至西双版纳最快3小时24分可达,昆明至磨憨最快5小时20分可达,磨丁至万象最快3小时20分可达,加上口岸通关时间,旅客从昆明至万象最快10小时可达。
中老铁路是中国“一带一路”倡议与老挝“变陆锁国为陆联国”战略对接的重要项目,成为中老两国间的联通之路、友谊之路。
亚吉铁路
亚吉铁路因连接埃塞俄比亚首都亚的斯亚贝巴和邻国吉布提的港口而得名,全长752公里,设计时速120公里。自2018年1月1日正式投入商业运营来,已经成为“一带一路”标志性工程、中非合作旗舰项目。
埃塞俄比亚是纯粹的内陆国,交通一直是阻碍该国经济发展的“拦路虎”。过去,从吉布提港到埃塞首都亚的斯亚贝巴的货运主要依靠公路,运输时间约为3天,逢雨季道路易被雨水冲毁,运输时间就要延至1周以上。
2016年10月3日,在埃塞俄比亚首都亚的斯亚贝巴附近,一列试运行列车在亚吉铁路上行驶。
亚吉铁路开通运营后,这一运输时间缩短至12个小时左右,运输成本降低了30%,给当地提供了一种“安全、便捷、高运量、低成本”的运输新选择。
中马友谊大桥
风景旖旎的马尔代夫以蓝天碧海、白沙椰影闻名世界。作为中国与马尔代夫共建“一带一路”的重要合作项目,中马友谊大桥于2018年8月正式开通,全长2千米,成为马尔代夫向世界展示的一张崭新名片。
从卫星图上看,中马友谊大桥好似一根扁担挑起了两端的马累岛和机场岛。作为马尔代夫有史以来第一座大桥,同时也是印度洋上第一座跨海大桥,当地百姓和赴马游客可通过大桥5分钟内往返于马累岛和机场岛之间。

这是2018年8月30日拍摄的即将开通的中马友谊大桥。 新华社发(王明亮摄)
然而在这一片狂风怒浪中建造一座大桥绝无浪漫可言,建桥者克服了施工海域长周期涌浪,高温、高湿、高盐、高辐射等恶劣条件,在33个月的超短工期内完成了大桥建设,开创了远洋深海无遮掩环境及珊瑚礁地质条件下特大型桥梁建设的先河。建成后的大桥不仅联通了交通,还推动了环马累生活居住圈的发展。
蒙内铁路
蒙内铁路被称为肯尼亚的“世纪工程”,于2017年5月31日开通。铁路全长约480公里,是肯尼亚独立以来建设的首条铁路,是一条采用中国标准、中国技术、中国装备建造的现代化铁路。
修建蒙内铁路之前,肯尼亚仅有的一条铁路是1901年修建的米轨铁路。蒙内铁路的贯通给当地百姓的出行带来了便利,也让物流更为顺畅,开通当年运送旅客69.9万人次,发送货物约1.3万个标准集装箱。2021年日均开行17列货物列车,截至10月31日,发送38.2万个标准集装箱,同比增长8.6%,货物上午在蒙巴萨装车,下午就能运抵内罗毕,物流成本可降低10%—40%。
一列火车行驶在肯尼亚蒙内铁路蒙巴萨段。
根据设计规划,蒙内铁路要穿越肯尼亚最大的野生动物保护区——察沃国家公园。为维护动物与自然的和谐,项目部人员设计线路时“见缝插针”,尽量将铁路限定在既有交通走廊内;为保护动物正常迁徙,特意设计出14处大型动物通道,架设的桥梁高达7米,让个子最高的长颈鹿也能安全通过。除了桥梁式野生动物通道,蒙内铁路还在沟渠处设置了100多个涵洞,既方便斑马等动物饮水,也方便小型野生动物穿过铁路。
蒙内铁路既是一条为发展提速的“大动脉”,也是一条处处体现着绿色环保、改善民生的“暖心路”。
帕德玛大桥
孟加拉国帕德玛大桥位于达卡偏西南约40公里处,横跨帕德玛河,被当地居民称为“梦想之桥”。大桥为公铁两用大桥,主桥长6.15公里,采用双层钢桁梁结构,上层为四车道公路,下层是单线铁路。
作为“一带一路”建设的重要交通支点,帕德玛大桥项目是孟加拉国最大桥梁项目,也是中国和泛亚铁路的重要通道之一。
2020年12月10日,帕德玛大桥成功合龙,预计将于2022年基本竣工。帕德玛大桥建成后,孟加拉国西南部21个区与首都达卡之间将被连通,原本七八个小时的过河时间可缩短至10分钟,孟加拉国南部21个区与首都达卡之间居民千百年来靠摆渡往来的历史将彻底结束。
这是2020年3月4日在孟加拉国帕德玛河上拍摄的施工中的帕德玛大桥项目现场。
逢山开路、遇水架桥,一座座凝结中国桥梁建设者匠心、智慧与汗水的合作之桥、发展之桥、友谊之桥,从神州大地出发,沿着“一带一路”走向五洲四海,挺拔屹立在世界各地的高山峡谷之间、江河湖海之上。一个个天堑变通途的桥梁建设故事,彰显着中国与世界共享发展机遇、共创美好未来的愿景。