Connect with us

Africa & Middle East

စစ်တပ်အဆင့်မြင့်အကြီးအကဲ ဆိုလီမန်နီအား လုပ်ကြံသတ်ဖြတ်သူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန် အီရန်သမ္မတ တောင်းဆို

အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် ဆိုလီမန်နီ အောက်မေ့ဖွယ်အထိမ်းအမှတ်အခမ်းအနား၌ အီရန်နိုင်ငံအလံနှင့်ဆိုလီမာနီ၏ရုပ်ပုံအား‌ ဝေ့ရမ်းနေသည့် လူထုကို ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန်၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

အီရန်စစ်တပ် အဆင့်မြင့်အကြီးအကဲ ဆိုလီမန်နီအား လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန် တောင်းဆိုကြောင်း အီရန် သမ္မတ ရိုင်စီက ဇန်နဝါရီ ၃ ရက် တီဟီရန်တွင် ပြောကြားခဲ့သည်။

အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် ဆိုလီမန်နီ အောက်မေ့ဖွယ်အထိမ်းအမှတ်အခမ်းအနား၌ ဝမ်းနည်းငိုကြွေးနေသူများအား ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီရန်နိုင်ငံ မြို့တော် တီဟီရန် ဆိုလီမန်နီ အောက်မေ့ဖွယ်အထိမ်းအမှတ်အခမ်းအနားတွင် အီရန် သမ္မတရိုင်စီ မိန့်ခွန်းပြောကြားနေသည်ကို ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းနေ့တွင် လွန်ခဲ့သော ၂ နှစ်က အမေရိကန်လေတပ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဆိုလီမန်နီအား အောက်မေ့ဖွယ်အထိမ်းအမှတ်အခမ်းအနားကို အီရန်ဒေသအသီးသီးတွင် ပြုလုပ်ခဲ့ကြသည်။

လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သည့် အမေရိကန် သမ္မတ ထရမ့် (ဟောင်း) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး(ဟောင်း) မိုက်ပွမ်ပီယို စသည့်သူတို့ကို တရားမျှတမှုရှိစွာ တရားစီရင်ရမည်ဖြစ်ကြောင်း ၊ ဤအရှက်ရဖွယ်လုပ်ရပ်အတွက် ၎င်းတို့အနေဖြင့် ပြစ်ဒဏ်ခံယူရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက အမေရိကန်အနေဖြင့် “အီရန် လက်တုန့်ပြန်မည်ဆိုသည်ကို မယုံမရှိလေနှင့်”ဟု တီဟီရန်တွင် ကျင်းပသည့် အထိမ်းအမှတ်ပွဲတွင် အီရန်သမ္မတရိုင်စီက ပြောကြားခဲ့သည်ဟု အီရန်သမ္မတဝဘ်ဆိုက်၏ သတင်းများအရ သိရသည်။

အီရန်နိုင်ငံ၏ဦးသျှောင် ခါမေနီက ဇန်နဝါရီ ၁ ရက်တွင် ဆိုလီမန်နီ၏ မိသားစုများကို တွေ့ဆုံခဲ့ကြောင်း အီရန်အမြင့်ဆုံးခေါင်းဆောင်ရုံး ဝဘ်ဆိုက်သတင်းများအရ သိရသည်။ ဆိုလီမန်နီ သေဆုံးပြီးနောက် ဤ ၂နှစ်ကြာကာလတွင် အမေရိကန်သည် အာဖဂန်မှ ထွက်ပြေးခဲ့ရသလို ဒေသတွင်းတွင်လည်း “မာန်မာနထောင်လွှားမှုများကို ဆန့်ကျင်တွန်းလှန်သည့် ဒီရေလှိုင်းဖြင့်ကြုံတွေ့ရမှု”သည် ပြီးခဲ့သည့် ၂ နှစ်ကထက် ပို၍ ကြီးမားလာကြောင်း ၎င်းက ဆိုသည်။

၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်စစ်တပ်သည် အီရတ်နိုင်ငံ ဘဂ္ဂဒက်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြင်ပသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့လက်အောက်ခံ Holy City တပ်မဟာမှူး ဆိုလီမန်နီအား သတ်ဖြတ်ခဲ့သည်။ ဆိုလီမန်နီအား လုပ်ကြံသတ်ဖြတ်မှုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ပြီး “အမျိုးသား အကြမ်းဖက်ဝါဒ”၏လုပ်ရပ် ဖြစ်ကြောင်း အီရန်ဘက်က ပြောကြားခဲ့သည်။ (Xinhua)

……………………………………
(Chinese Version)
(国际)伊朗总统要求严惩暗杀高级将领苏莱曼尼的凶手
2022-01-04 10:30:30
新华社德黑兰1月3日电(记者高文成 王守宝)伊朗总统莱希3日在德黑兰发表讲话,要求严惩参与暗杀伊朗高级将领苏莱曼尼的凶手。
伊朗各地当天举行纪念活动,悼念两年前遭美军空袭身亡的苏莱曼尼。据伊朗总统网站消息,莱希在德黑兰举行的纪念大会上说,必须对参与暗杀的美国前总统特朗普、前国务卿蓬佩奥等人进行公平审判,让他们因这一可耻行为而受到惩罚。否则,美国“不要怀疑伊朗将进行报复”。
另据伊朗最高领袖办公室官网消息,伊朗最高领袖哈梅内伊1日会见了苏莱曼尼的亲属。他说,苏莱曼尼死后这两年,美国已逃离阿富汗,地区内“抵抗和反对傲慢的潮流”比两年前更加壮大。
2020年1月3日,美军在伊拉克巴格达国际机场外发动空袭,杀死伊朗伊斯兰革命卫队下属“圣城旅”指挥官苏莱曼尼等人。伊朗方面说,美方暗杀苏莱曼尼违反国际法,是“国家恐怖主义”行为。(完)
图说1:1月3日,在伊朗首都德黑兰,民众在纪念苏莱曼尼大会上挥舞伊朗国旗和苏莱曼尼肖像画。新华社记者 高文成 摄
图说2:1月3日,在伊朗首都德黑兰,参会嘉宾在纪念苏莱曼尼大会上掩面哭泣。 新华社记者 高文成 摄
图说3:1月3日,在伊朗首都德黑兰,伊朗总统莱希在纪念苏莱曼尼大会上讲话。 新华社记者 高文成 摄