Connect with us

Europe

စပိန်နိုင်ငံတွင် မီးတောင်ပေါက်ကွဲမှု ပြင်းထန်လာခြင်းကြောင့် လူအများအပြားအား ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးရ

စပိန်နိုင်ငံ လာပါလ်မားကျွန်းတွင် မီးတောင်ပေါက်ကွဲသည့် မြင်ကွင်းအား စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာပါလ်မား၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ)

စပိန်နိုင်ငံ လာပါလ်မားကျွန်းတွင် Cumbre Viejaမီးတောင် ပေါက်ကွဲမှုသည် ယခုရက်ပိုင်းတွင် ပိုမိုပြင်းထန်လာခြင်းကြောင့် လက်ရှိ ယင်းဒေသ လေဆိပ်အား လုံးဝပိတ်ထားလိုက်ရကြောင်း သိရသည်။ ရေယာဉ်သည် အချင်းဖြစ်ပွားရာကျွန်းတွင် သွားလာနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ပြီး လူအများအပြားကို အရေးပေါ်ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။

 စပိန်နိုင်ငံ လာပါလ်မားကျွန်းတွင် မီးတောင်ပေါက်ကွဲသည့် မြင်ကွင်းအား စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စပိန်နိုင်ငံ လာပါလ်မားကျွန်းနေ ပြည်သူများ အိမ်ထောင်ပရိဘောဂ ပစ္စည်းများသယ်ဆောင်၍ ဘေးလွတ်ရာသို့ ထွက်ခွာနေသည်ကို စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စပိန်နိုင်ငံ လာပါလ်မားကျွန်း Cumbre Viejaမီးတောင်အနီးတွင် လူသွားလူလာများအား ရှင်းလင်းနေသည့် ရဲတပ်ဖွဲ့ဝင်အား စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စပိန်နိုင်ငံ လာပါလ်မားကျွန်းမှ ထွက်ခွာရန် ဆိပ်ကမ်းတွင် စောင့်ဆိုင်းနေသူများအား စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မီးတောင်ဝ၌ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် မီးခိုးမည်းများကျယ်လောင်သည့် မြည်ဟိန်းသံနှင့်အတူ တစ်လိပ်လိပ်တက်လာခဲ့ပြီး ယင်းနေ့နေ့လည်ပိုင်းတွင် မီးတောင်ဝမှ ချော်ရည်များ မပြတ်စတင် မှုတ်ထုတ်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။ ထိုမတိုင်မီ မီးတောင်ပေါက်ကွဲမှုတွင် သက်ရောက်မှုမရှိသေးသည့် ကျေးရွာများပင် စိုးရိမ်ပူပန်မှုများဖြစ်လာကာ ဒေသတွင်နေထိုင်သူများသည် နေရပ်မှ ထွက်ခွာရန် ပြင်ဆင်လာကြပြီး လမ်းမပေါ်တွင် ရဲတပ်ဖွဲ့ယာဉ်အများအပြား ရောက်ရှိလာကာ ကျေးရွာအများအပြားကို အရေးပေါ်လုံခြုံရေးနှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။ ယင်းနေ့ ညပိုင်းတွင် Cumbre Viejaမီးတောင်ဝ အနောက်မြောက်ဘက်တွင် ချော်ရည်မှုတ်ထုတ်သည့် နေရာနှစ်ခုပေါ်လာပြီး မီးတောင်အပ်ကြောင်း ပေါ်လာခဲ့ရာ ပူလောင်နေသည့်ချော်ရည်များ တစ်စက္ကန့်လျှင် ၄၀ မီတာ နှုန်းဖြင့် ပင်လယ်အတွင်းသို့ စီးဝင်နေကြောင်း Canary မီးတောင်သုတေသနဌာန ဘူမိဗေဒပညာရှင်များ အတည်ပြုခဲ့သည်။

မီးတောင်ဝမှ ကီလိုမီတာအနည်းငယ်အကွာတွင် မီးတောင်မှ မှုတ်ထုတ်သည့် မီးခိုးပြားများ စုပုံနေရာ El Pasoကျေးရွာနေအမျိုးသမီးဖြစ်သည့် Martinaက မီးတောင်ပြာမှုန့်များကို ၎င်းအနေဖြင့် နေ့တိုင်း သန့်ရှင်းရေးလုပ်ရကြောင်း၊ အိမ်ခေါင်မိုးကအစ ခြံဝန်းနေရာတိုင်း၊ သစ်ပင် သစ်ရွက်တိုင်းကို ပြာတွေဖုံးလွှမ်းနေခြင်းကြောင့် သန့်ရှင်းရေးကို အနည်းဆုံး ၄ နာရီကြာ လုပ်ရကြောင်း ဆိုသည်။

မီးတောင်ပြာမှုန့်များကြောင့် လာပါလ်မာလေဆိပ်ကို ပိတ်ထားရကြောင်း၊ လက်ရှိ ကျွန်းနှင့်ပြင်ပ သွားလာဆက်သွယ်ရန် ဖယ်ရီရေယာဉ်ကိုသာ အသုံးပြုနိုင်ရာ ကျွန်းပေါ်တွင် ပိတ်မိနေသည့် ခရီးသွား သို့မဟုတ် ယင်းဒေသနေပြည်သူများက ရေယာဉ်ဖြင့်သာ ထွက်ခွာနေရကြောင်း သိရသည်။

လာပါလ်မားကျွန်းသည် မီးတောင် ကျွန်းတစ်ကျွန်း ဖြစ်ပြီး စပိန်နိုင်ငံ Canary ကျွန်းစု၏ အနောက်မြောက်ပိုင်းတွင် တည်ရှိရာ ဧရိယာ ၇၀၈ စတုရန်းကီလိုမီတာ နှင့် လူဦးရေ ၈၃,၀၀၀ ခန့် ရှိသည်။ မှတ်တမ်းများအရ ယင်းကျွန်းသည် မီးတောင် ပေါက်ကွဲမှု ၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ပြီးခဲ့သည့်အခေါက် မီးတောင်ပေါက်ကွဲမှုသည် ၁၉၇၁ ခုနှစ်က ဖြစ်ကြောင်း သိရသည်။
အာဏာပိုင်များ၏ စက်တင်ဘာ ၂၅ ရက် ညပိုင်း ကိန်းဂဏန်းများအရ စက်တင်ဘာ ၁၉ ရက် မီးတောင် စတင် ပေါက်ကွဲသည့်အချိန်မှစ၍ မှုတ်ထုတ်လိုက်သည့် ချော်ရည်များသည် ကျွန်းပေါ်ရှိ မြေယာ ၂၁၂,၁ ဟက်တာကို ဖုံးလွှမ်းခဲ့ပြီး နေအိမ်အဆောက်အအုံပေါင်း ၄၀၀ ကျော်ကို ပျက်စီးစေခဲ့ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
西班牙拉帕尔马岛火山猛烈喷发 大批民众紧急撤离
2021-09-26 22:04:53
Image Carouse
新华社西班牙拉帕尔马岛9月26日电(记者孟鼎博 赵珉)西班牙拉帕尔马岛的老昆布雷火山近日猛烈喷发,目前当地机场已完全关闭,进出岛的唯一方式是轮渡,大批民众紧急撤离。
新华社记者看到,火山口24日上午出现越来越浓的黑烟和阵阵巨响,声波震动了十几公里外的门窗。当天中午,火山口开始不断喷出大量气体。一些此前暂时还没有受到影响的村庄也出现了紧张氛围,居民开始提前收拾东西离开居所,道路上出现越来越多的警车,更多村落也陆续开始戒严并疏散居民。当天晚些时候,加那利火山研究所的地质学家证实,老昆布雷火山口西北面又出现了两个新的喷发口。巨大的压力导致火山锥体破裂,滚热的岩浆以每秒40米的速度流向大海。
在距离火山口几公里以外的地面上都有厚厚一层火山喷发所产生的黑色灰尘。居住在埃尔帕索村的玛蒂娜告诉记者,她每天都要清扫火山灰,从屋顶开始到院子每个角落甚至是树叶上都布满灰尘,每次清扫至少要花费4个小时。
鉴于拉帕尔马机场受火山灰影响已关闭,目前岛上与外界联系的交通方式只有轮渡,滞留在岛上的游客或居民也只能乘轮渡离开。据悉,两家轮渡公司已经在原有基础上增加了轮渡班次,但轮渡码头上还是排起长队。
拉帕尔马岛是一座火山岛,位于西班牙加那利群岛西北部,面积708平方公里,人口约8.3万。该岛有记录以来曾发生过7次火山喷发,最近一次发生在1971年。
根据权威机构25日晚间的数据,自火山19日开始喷发以来,喷出的熔岩覆盖了岛上212.1公顷土地,摧毁了400多座房屋和建筑物。

图说1:这是9月23日在西班牙拉帕尔马岛拍摄的火山喷发景象。新华社记者 孟鼎博 摄
图说2:这是9月24日在西班牙拉帕尔马岛拍摄的老昆布雷火山喷发的景象。(新华社记者 孟鼎博摄)
图说3:9月24日,西班牙拉帕尔马岛居民载着家具驶离受火山影响的区域。拉帕尔马岛的老昆布雷火山自9月24日开始喷发加剧,岛上机场于25日关闭,进出岛的方式只剩下轮渡,大批民众紧急撤离。(新华社记者 孟鼎博摄)
图说4:9月22日,警察在西班牙拉帕尔马岛老昆布雷火山附近阻止游人靠近。 新华社发(古斯塔沃•巴连特摄)
图说5: 9月25日,大量民众在西班牙拉帕尔马岛港口等待离岛。新华社记者 孟鼎博 摄