Connect with us

Europe

စီရော်နယ်ဒို က မည်သည့်အရာမှ ပေါ်တူဂီအသင်း ဗိုလ်စွဲခြင်းကို တားဆီးနိုင်မည်မဟုတ်ကြောင်း ပြောကြား

ပေါ်တူဂီအသင်း ကစားသမား စီရော်နယ်ဒိုက ဇွန် ၉ ရက်တွင် အသင်းအတွက် ဂိုးသွင်းယူခဲ့စဉ်(ဆင်ဟွာ)

ဘူဒါပက် ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ပေါ်တူဂီအသင်း ကြယ်ပွင့်ကစားသမား စီရော်နယ်ဒိုသည် တဖြည်းဖြည်းပိုမို ရင့်ကျက်လာသည်နှင့်အမျှ မိမိအနေဖြင့် ပေါ်တူဂီအသင်းကို ဦးဆောင်၍ ယူရို ဖလားအား ဆက်လက်ထိန်းသိမ်းသွားရန် မျှော်လင့်ထားကြောင်း ဇွန် ၁၄ ရက်၌ ပြောကြားခဲ့သည်။

ပေါ်တူဂီအသင်း ကစားသမား စီရော်နယ်ဒို (ယာ- ၂ )က မတ်၂၄ ရက်၌ အသင်းအတွက် ဂိုးသွင်းယူနေစဉ်(ဆင်ဟွာ)

ပေါ်တူဂီအသင်း ကစားသမား စီရော်နယ်ဒို အား ဇွန် ၄ ရက်တွင် ယှဉ်ပြိုင်ကစားသောပွဲစဉ်၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေါ်တူဂီအသင်း ကစားသမား စီရော်နယ်ဒို အား ဇွန် ၄ ရက်တွင် ယှဉ်ပြိုင်ကစားသောပွဲစဉ်၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေါ်တူဂီအသင်းသည် ဇွန် ၁၅ ရက်တွင် ဘူဒါပက်၌ ဟန်ဂေရီအသင်း နှင့် UEFA EURO 2020 ပြိုင်ပွဲ အုပ်စုပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ စီရော်နယ်ဒို က ကစားကွင်းတွင် ပရိသတ်များ အပြည့်လာရောက်အားပေးရန် မျှော်လင့်ထားသော်လည်း COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုရှိနေဆဲဖြစ်ရာ ယင်းမှာ မိမိတို့ဆုံးဖြတ်နိုင်သည့် ကိစ္စရပ်မဟုတ်၍ စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားခဲ့သည်။

မန်စီးတီး ကြယ်ပွင့်ကစားသမား João Cancelo သည် COVID-19 ရောဂါ ကူးစက်ခံရသဖြင့် နိုင်ငံလက်ရွေးစင်အသင်းမှ ချန်လှပ်ထားခဲ့ရကြောင်း ပေါ်တူဂီဘောလုံးအဖွဲ့ချုပ် က ဇွန် ၁၃ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ စီရော်နယ်ဒို က အသင်းသားအားလုံးအနေဖြင့် ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုအပေါ် မစိုးရိမ်ကြရန် ၊ João Cancelo အသင်းမှ နုတ်ထွက်ခဲ့ရသည့် အတွက် ဝမ်းနည်းမိသော်လည်း မိမိတို့အနေဖြင့် ပြိုင်ပွဲကိုသာ အဓိကအာရုံထားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
စီရော်နယ်ဒို က မိမိတို့သည် ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ အားလုံးပြင်ဆင်ထားပြီးဖြစ်ကြောင်း ၊ ကစားသမားများသည် လူငယ်များဖြစ်ကြသော်လည်း မိမိတို့၏ အိပ်မက်ကို တားဆီးနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

စီရော်နာဒိုသည် ယူရိုပြိုင်ပွဲ ၅ ကြိမ်ဆက်တိုက် ပြိုင်ပွဲတစ်ခုလျင် အနည်းဆုံး တစ်ပွဲပါဝင်ကစားဖူးသည့် ပထမဦးဆုံး ကစားသမားဖြစ်လာတော့မည်ဖြစ်သည်။ ထို့ပြင် အီရန်ဘောလုံးအသင်း ရှေ့တန်းကစားသမား အလီဒါယီ (Ali Daei ) ၏ နိုင်ငံတကာပြိုင်ပွဲ သွင်းဂိုး ၁၀၉ ဂိုးကို လိုက်မီရန် ၅ ဂိုးသာလိုတော့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ လက်ရှိတွင် အသက် ၃၆ နှစ်ရှိပြီးဖြစ်သည့် စီရော်နယ်ဒို က မိမိအနေဖြင့် လွန်ခဲ့သည့် ၁၅ နှစ် ၊ ၁၀ နှစ် သို့မဟုတ် ၅ နှစ် က စီရော်နယ်ဒို မဟုတ်တော့ကြောင်း ၊ ဘောလုံးသမားတစ်ဦးအနေဖြင့် အချိန်ကာလရှည်ကြာစွာ ဘောလုံးကစားလိုပါက မိမိခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်မှုအတွက် အမြဲချိန်ညှိနိုင်ရန် သင်ယူရမည်ဖြစ်ပြီး လက်ရှိတွင် မိမိအနေဖြင့် ပိုမိုရင့်ကျက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
(体育•欧锦赛)C罗:没有什么可以阻止葡萄牙争冠
2021-06-15 00:15:04 分类: 体育
新华社布达佩斯6月14日电 葡萄牙队头号球星C罗14日表示,愈发成熟的自己期待带领葡萄牙队蝉联欧锦赛冠军。
15日,葡萄牙队将在布达佩斯对阵匈牙利队。C罗说:“我希望每座球场都能坐满观众,但遗憾的是这不是由我们决定的,因为新冠肺炎疫情仍在造成影响。”
葡萄牙足协13日宣布,曼城球星坎塞洛因确诊感染新冠病毒而离开国家队,但C罗表示全队上下并未担心疫情带来的潜在影响。“坎塞洛的退出令人难过,但我们只专注于比赛。”他说。
“我认为球队已经准备好了,无论是身体上还是心理上。队友们还年轻,但这并不能阻止我们的梦想。”C罗说。
C罗即将成为第一位在5届欧锦赛都至少出战1场的球员。此外,他距离伊朗前锋阿里•代伊109个国际比赛进球的纪录只差5球。
对此,36岁的C罗表示:“我不是18年前、10年前又或是5年前的那个我了。如果一个球员想踢很多年,那他必须不断学会调整自我,我现在变得更成熟了。”(完)

Photo
1. 6月9日,葡萄牙队球员克•罗纳尔多在比赛中进攻。新华社发(佩德罗•菲乌萨摄)
2. 3月24日,葡萄牙队球员克•罗纳尔多(右二)在比赛中进攻。新华社发(费代里科•塔尔迪托 摄)
3. 6月4日,葡萄牙队球员克•罗纳尔多在比赛中。新华社发(爱德华•皮特斯摄)
4. 6月4日,葡萄牙队球员克•罗纳尔多在比赛中。 新华社发(帕布罗•莫拉诺摄)