Connect with us

North America

ဆိုက်ဘာပြစ်မှုတိုက်ဖျက်ရေးအတွက် ရုရှား-အမေရိကန် နှစ်နိုင်ငံ သမ္မတများ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် တို့အား တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ဆိုက်ဘာပြစ်မှုကျူးလွန်ခြင်းစသည့် ပြဿနာများကို တိုက်ဖျက်ရန်အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်တို့ ဇူလိုင် ၉ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံခေါင်းဆောင်များက ပြီးခဲ့သည့်လ၌ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင် တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည့် သတင်းအချက်အလက်လုံခြုံရေးနှင့် ဆိုက်ဘာပြစ်မှုတိုက်ဖျက်ရေးစသည့် ပြဿနာများကို ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း ကရင်မလင်နန်းတော်ဝက်ဘ်ဆိုက်၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။ ဆိုက်ဘာလုံခြုံရေးကဏ္ဍသည် လက်တွေ့အပြုသဘော ပူးပေါင်းဆောင်ရွက်ရမည့် လိုအပ်ချက်ရှိကြောင်း နှစ်ဖက်စလုံးက အလေးထားပြောကြားခဲ့သည်။

ယခုကာလများအတွင်း အမေရိကန်ကို ဦးတည်သည့် ဆိုက်ဘာတိုက်ခိုက်ရေးများသည် ရုရှားနိုင်ငံအတွင်းမှဖြစ်နိုင်သည်ဟူသော သတင်းများအပေါ် ပူတင်က ဤအရေးကိစ္စနှင့်စပ်လျဉ်း၍ ယခုတစ်လကြာကာလတွင်း အမေရိကန်သက်ဆိုင်ရာဌာနများက ရုရှားနှင့် ဆက်သွယ်ဆွေးနွေးခြင်းမရှိခဲ့ကြောင်း၊ ဆိုက်ဘာပြစ်မှုကျူးလွန်ခြင်းများကို တိုက်ဖျက်ရန်အတွက် ရုရှားက အမေရိကန်နှင့် အတူဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ရုရှားနှင့် အမေရိကန်သည် သတင်းအချက်အလက်လုံခြုံရေးကဏ္ဍတွင် ရေရှည်ပရော်ဖက်ရှင်နယ်ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သွားသင့်ကြောင်း၊ နိုင်ငံရေးကြိုးကိုင်မှုမဟုတ်သည့် သက်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများကို နှစ်ဖက်ဥပဒေယန္တရားမူဘောင်အတွင်း နိုင်ငံတကာဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန် အိမ်ဖြူတော်ကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ ရုရှားဘက်က ၎င်းနယ်နိမိတ်အတွင်း ဆိုက်ဘာပြစ်မှုကျူးလွန်ပြီး ငွေညှစ်သည့် ရာဇဝတ်ဂိုဏ်းများကို တိုက်ဖျက်ဖို့ဆောင်ရွက်ပေးရန် ဘိုင်ဒန်က တောင်းဆိုခဲ့ကြောင်း သိရသည်။ ထို့သို့ဆောင်ရွက်ရာတွင် ရုရှားနှင့်ဆက်သွယ်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ အမေရိကန်ပြည်သူလူထုနှင့်အရေးကြီးအခြေအခံအဆောက်အအုံလုံခြုံရေးကို ကာကွယ်ရန်အတွက် လိုအပ်သည့် လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။

အမေရိကန်-ရုရှား နှစ်နိုင်ငံအဆင့်မြင့်အရာရှိများက လာမည့်အပတ်တွင် ဆိုက်ဘာတိုက်ခိုက်ငွေညှစ်မှုနှင့်စပ်လျဉ်းသည့် အရေးကိစ္စများကို တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော် သတင်းနှင့်ပြန်ကြားရေးဆိုင်ရာ အတွင်းရေးမှူး Jen Psakiက ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။

ယခုလပိုင်းများတွင် အမေရိကန်လုပ်ငန်းများကို ဦးတည်သည့် ဆိုက်ဘာတိုက်ခိုက်ငွေညှစ်မှုများ ဖြစ်ပေါ်ခဲ့သည်။ အမေရိကန် ဆော့ဖ်ဝဲကုမ္ပဏီ Cassia သည် ယခုရက်ပိုင်းများတွင် ကွန်ပျူတာများအား အွန်လိုင်းမှထိန်းချုပ်ပြီးငွေညှစ်သည့် Ransomware တိုက်ခိုက်ခံရမှုကြောင့် ၎င်းဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းပေါင်း(၈၀၀)မှ (၁၅၀၀)ကို ရိုက်ခတ်မှုရှိခဲ့သည်။ ထိုတိုက်ခိုက်မှုသည် ရုရှားနိုင်ငံအတွင်းရှိ “REvil” ဟက်ကာအဖွဲ့နှင့်ဆက်စပ်သည်ဟု အမေရိကန်မီဒီယာများတွင် ဖော်ပြထားသည်။

အမေရိကန်-ရုရှား ဆက်ဆံရေးသည် ယခုနှစ်ပိုင်းများတွင် ဆက်တိုက် တင်းမာလာခဲ့ရာ ဘိုင်ဒန်အစိုးရ အာဏာရပြီးနောက်ပိုင်း နှစ်ဖက်အကြား လက်နက်ထိန်းချုပ်ရေးကဏ္ဍတွင် အကန့်အသတ်နှင့်ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သော်လည်း ယူကရိန်းအရေးကိစ္စ၊ ဆိုက်ဘာအင်တာနက်လုံခြုံရေး၊ လူ့အခွင့်အရေး၊ ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှု စသည်တို့တွင် သိသာထင်ရှားသည့် ကွဲလွဲမှုများရှိကာ ထိပ်တိုက်ရင်ဆိုင်မှုများ ပိုဆိုးလာခဲ့သည်။ ဘိုင်ဒန်နှင့်ပူတင်သည် ဇွန် ၁၆ ရက်က ဂျီနီဗာတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သော်လည်း ကြီးကြီးမားမား အပြောင်းအလဲဖြစ်စေသည့် ရလဒ် မရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
———————————–
(Chinese Version)
(国际)俄美总统通电话讨论打击网络犯罪等问题
2021-07-10 06:46:13
新华社莫斯科7月9日电(记者李奥)俄罗斯总统普京9日与美国总统拜登通电话,讨论打击网络犯罪等问题。
据克里姆林宫网站当天发表的声明,两国领导人在通话中就双方上月在瑞士日内瓦会晤期间谈及的信息安全与打击网络犯罪问题继续进行对话。
双方强调在网络安全领域进行实质性、建设性合作的必要性。就近期有关一系列针对美方的网络攻击或源自俄罗斯境内的报道,普京表示,近一个月来美方相关部门并没有就这些问题与俄方进行沟通。俄方愿与美方共同开展行动,打击网络犯罪行为。  普京表示,俄美双方应在信息安全领域展开长期、专业的协作,不搞政治操弄,相关协作应在双边法律机制框架内进行,并符合国际法相关条款。
另据美国白宫发表的声明,拜登在通话中要求俄方采取行动打击在其境内活动的勒索软件犯罪团伙,并表示他将致力于与俄方就此保持沟通,美方将采取一切必要行动来保护美国民众和关键基础设施的安全。
美国白宫新闻秘书普萨基6日说,美俄高级别官员下周将就勒索软件攻击问题举行会晤。
近几个月来,发生了多起针对美国企业的勒索软件攻击事件。美国软件企业卡西亚公司近日遭勒索软件攻击,其客户企业中有800家至1500家受波及。有美国媒体报道称,这起攻击与俄境内的“邪恶”黑客团伙有关。
美俄关系近年来持续紧张,拜登政府上台以来,双方在军控领域实现有限合作,但在乌克兰、网络安全、人权、干预选举等问题上分歧明显,对抗加剧。拜登和普京曾于6月16日在日内瓦举行会晤,但双方未取得任何重大突破。(参与记者:刘品然)(完)
Photo1:Combo photo of U.S. President Joe Biden (L) and Russian President Vladimir Putin. (Xinhua)