Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ်က အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာကောင်စီဖွဲ့စည်းကြောင်း အမိန့်ထုတ်ပြန်

ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ် Abdel Fattah Al-Burhan ကို အောက်တိုဘာ၂၆ ရက်က သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ခါတွမ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အာဖရိကမြောက်ပိုင်းနိုင်ငံဖြစ်သော ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ် Abdel Fattah Al-Burhan သည် အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာ ကောင်စီ တစ်ရပ် ဖွဲ့စည်းကာ ၎င်းက ကောင်စီ ဥက္ကဌအဖြစ်တာဝန်ယူကြောင်း နိုဝင်ဘာ ၁၁ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အမိန့်ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ် Abdel Fattah Al-Burhan ကို အောက်တိုဘာ၂၆ ရက်က သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် ဧပြီလတွင် ဆူဒန်စစ်တပ်သည် Bashir အစိုးရကို ဖြုတ်ချခဲ့ပြီး အမျိုးသားရေးတာဝန်ယူရန် အသွင်ကူးပြောင်းရေး စစ်ဘက်ဆိုင်ရာကောင်စီကို ဖွဲ့စည်းခဲ့သည်။ ဆူဒန် အသွင်ကူးပြောင်းရေး အစိုးရနှင့် စစ်ဘက်နှင့် အရပ်ဘက် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အချုပ်အခြာအာဏာ ကော်မတီကို ထိုနှစ် သြဂုတ်လတွင် ဖွဲ့စည်းခဲ့သည်။ ယခုနှစ် အောက်တိုဘာလတွင် ဆူဒန်စစ်တပ်က အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အချုပ်အခြာအာဏာကောင်စီနှင့် အသွင်ကူးပြောင်းရေးအစိုးရကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ (Xinhua)

———————————
(Chinese Version)
(新华简讯)苏丹武装部队总司令宣布成立过渡主权委员会
新华社喀土穆11月11日电苏丹武装部队总司令布尔汉11日发布宪法法令,宣布成立过渡主权委员会,由其本人担任该委员会主席。   2019年4月,苏丹军方推翻巴希尔政权,成立过渡军事委员会执掌国家事务。 苏丹过渡政府以及由军方代表和平民代表组成的主权委员会同年8月成立。 今年10月,苏丹军方宣布国家进入紧急状态,解散主权委员会和过渡政府。 (完)