Connect with us

International Organizations

ဆူဒန်နိုင်ငံ ဘက်ပေါင်းစုံ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု စတင်နိုင်ရန် ကုလသမဂ္ဂ ဦးဆောင်လျက်ရှိ

Abdalla Hamdok ဆူဒန်နိုင်ငံ ခါတွမ်းတွင် နိုင်ငံရေးကြေညာချက် လက်မှတ်ရေးထိုးပြီး မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ)

အာဖရိကတိုက် ဆူဒန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်မှစတင်ခဲ့သော မငြိမ်မသက်ကမောက်ကမဖြစ်ပွားမှု အခြေအနေကို အဆုံးသတ်နိုင်စေရန် ရည်ရွယ်ကာ ကုလသမဂ္ဂက ဆူဒန် စစ်တပ်၊ နိုင်ငံရေးပါတီနှင့်အခြားအဖွဲ့အစည်းကိုယ်စားလှယ်များကို တွေ့ဆုံဆွေးရန် ဖိတ်ကြားမည်ဖြစ်ကြောင်း ကုလသမဂ္ဂကဘက်က ဇန်နဝါရီ ၈ ရက် တွင် ပြောကြားခဲ့သည်။

 

ဆူဒန်နိုင်ငံ ခါတွမ်းမြို့ ဈေးတစ်ခုတွင် ငှက်ပျောသီးရောင်းချနေသည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တွေ့ဆုံဆွေးနွေးရန် တွန်းအားပေး

“ယနေ့လုပ်ဆောင်ချက်က ဆူဒန်၏ အသွင်ကူးပြောင်းမှုဖြစ်စဉ်ကို ပြန်လည်ကောင်းမွန်အောင် မဆောင်ရွက်နိုင်ရင်……ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် အကြမ်းဖက်မှုများက ထပ်ခါတလဲလဲဖြစ်ပွားနေမယ်၊ ဒါက ဆူဒန် နိုင်ငံရေးဂိုဏ်းဂနအသီးသီးကြား မယုံကြည်မှုတွေ ပိုပြီး နက်ရှိုင်းစေဖို့သာ ရှိတယ်”ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဆူဒန်ရေးရာ အထူးကိုယ်စားလှယ် Volker Perthes၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြခဲ့သည်။

Volker Perthesက “အခုက အကြမ်းဖက်မှုတွေ အဆုံးသတ်ရမယ့်အချိန်၊ အပြုသဘောဆောင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို စတင်ရမယ့်အချိန် ဖြစ်ပါတယ်၊ ဒီလုပ်ငန်းစဉ်က အားလုံး လက်ခံ ပါဝင်မှု ရှိမှာပါ”ဟု ပြောကြားခဲ့သည်။

၎င်း၏ပြောကြားချက်အရ နိုင်ငံရေးအကျပ်အတည်းကို အဆုံးသတ်၊ သဘောတူညီချက်ရရှိဖို့ ဆူဒန် တပ်ဘက်၊ နိုင်ငံရေးပါတီနှင့် အတိုက်အခံစသည့် နိုင်ငံရေးအင်အားစုများကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

ဆူဒါန် အသွင်ကူးပြောင်းရေးအစိုးရ ဝန်ကြီးချုပ် Abdalla Hamdok ဇန်နဝါရီ ၂ ရက်တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ဆူဒန် ဒေသအများအပြားတွင် ရက်ပေါင်းများစွာ ဆက်တိုက် ဆန့်ကျင့်ဆန္ဒပြမှုများ ပေါ်ပေါက်လာပြီး ဆန္ဒပြသူများနှင့်စစ်တပ်အကြား အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ အဓိကရုဏ်းအတွင်း သေဆုံးသူ အနည်းဆုံး ၆၀ ရှိကြောင်း AFP သတင်းဌာနက ဆိုသည်။

ကုလသမဂ္ဂဦးဆောင်မည့် ညှိနှိုင်းဆွေးနွေးမှု မည်သည့်အချိန်၌ စတင်မည်ကို လတ်တလော မသိရှိရသေးပေ။ ဇူလိုင် ၁၀ ရက်တွင် ကျင်းပမည့် သတင်းစာရှင်းလင်းပွဲတွင် ဆူဒန်နိုင်ငံ ပြည်တွင်း ဒီမိုကရေစီနှင့်အသွင်းကူးပြောင်းရေး ဆွေးနွေးမှု စတင်ရန် တရားဝင်ကြေညာမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုသည်။

အကြောင်းပြန်ဖို့ စောင့်ဆိုင်းနေရ

နိုင်ငံရေးအကျပ်အတည်းအဆုံးသတ်ရန် ကုလဦးဆောင်သည့် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ဖို့ ဆူဒန် စစ်တပ်က လတ်တလော အကြောင်းမပြန်သေးကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးမှုအသေးစိတ်ကို သိပါက ချက်ချင်း လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆူဒန်၏ အဓိက အတိုက်အခံအဖွဲ့ “လွတ်လပ်ရေးနှင့်ပြောင်းလဲရေး မဟာမိတ်”က ဆိုသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့်အတူ အောက်တိုဘာလက “အာဏာသိမ်းမှု”နှင့်အစိုးသစ် ထူထောင်ခြင်းကို ဆက်လက် တွန်းလှန်သွားမည်ဖြစ်ကြောင်း “လွတ်လပ်ရေးနှင့်ပြောင်းလဲရေး မဟာမိတ်”အဖွဲ့က အလေးထား ပြောကြားခဲ့သည်။

ဆူဒန် စစ်တပ်သည် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် နိုင်ငံတော် အရေးပေါ်အခြေအနေကြေညာပြီး အာဏာရကောင်စီနှင့်အသွင်ကူးပြောင်းရေးအစိုးရကို ဖြတ်သိမ်းကြောင်း ကြေညာကာ Abdalla Hamdokကို ထိန်းသိမ်းခဲ့သည်။ နိုဝင်ဘာ ၁၁ ရက်တွင် ဆူဒန်စစ်ဦးစီးချုပ် Abdel Fattah Al-Burhanက အသွင်ကူးပြောင်းရေး‌အချုပ်ခြာအာဏာပိုင်ကောင်စီဖွဲ့စည်းကြောင်း ၊၎င်းအနေဖြင့် ကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ နိုဝင်ဘာ ၂၁ ရက်တွင် Abdel Fattah Al-Burhanနှင့် Abdalla Hamdokတို့ နိုင်ငံရေးကြေညာချက် လက်မှတ်ရေးထိုးခဲ့ပြီး Abdalla Hamdokကို အသွင်ကူးပြောင်းရေးအစိုးရ ဝန်ကြီးချုပ်နေရာတွင် ပြန်လည်ခန့်အပ်ခြင်းနှင့် Abdalla Hamdokက နည်းပညာအရာရှိများပါဝင်သည့် သီးခြားအစိုးရတစ်ရပ်ဖွဲ့စည်းခြင်း စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။ သို့သော် စစ်တပ်နှင့်အတိုက်အခံပါတီ ဆွေးနွေးမှုကွဲပြဲပြီးနောက် Abdalla Hamdok ယခုလဆန်းပိုင်းတွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

ဆန္ဒပြမှုကို ဦးဆောင်သည့် “လွတ်လပ်ရေးနှင့်ပြောင်းလဲရေး မဟာမိတ်”က အရပ်သားအစိုးရ အပြည့်အဝ ဦးဆောင်သည့် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းရသင့်သည်ဟု ခိုင်မာစွာ ယူဆထားရာ စစ်တပ်ဘက်က ယင်းတောင်းဆိုချက်ကို ငြင်းပယ်ခဲ့ပြီး အရပ်သားအစိုးရသို့ အာဏာလွှဲပြောင်းပေးမည်ဟုသာ ပြောကြားခဲ့သည်။ ဆူဒန်နိုင်ငံ အခြေခံဥပဒေ အသွင်ကူးပြောင်းကာလ သတ်မှတ်ချက်များအရ ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ကျင်းပမည်ဟု သတ်မှတ်ထားသည်။

အမေရိကန်၊ ဗြိတိန်၊ ဆော်ဒီအာရေဗျာနှင့် ယူအေအီနိုင်ငံများက ဆူဒန်နိုင်ငံတွင် ဘက်ပေါင်းစုံ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုစတင်ရန် ကုလသမဂ္ဂ၏တွန်းအားပေးမှုအား ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါ ၄ နိုင်ငံက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ဆူဒန် နိုင်ငံရေးအင်အားစုများ အခွင့်အလမ်းကို အမိအရဆုပ်ကိုင်ကာ နိုင်ငံစီမံခန့်ခွဲမှုအသွင်ပြောင်းရေးကို တွန်းအားပေးကြရန် တိုက်တွန်းခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုအတွက် ကုလသမဂ္ဂဦးဆောင်ဦးရွက်ပြုခြင်းကို အာရပ်အဖွဲ့ချုပ်ကလည်း အလားတူ ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————————–
(Chinese Version)
联合国牵头苏丹各方启动和平谈判
2022-01-09 15:39:06
Image Carouse
新华社北京1月9日电 联合国方面8日说,联合国将邀请苏丹军方、政党和其他团体代表开展对话,以期结束这个非洲国家去年10月下旬以来陷入的动荡状态。
促对话
联合国秘书长苏丹问题特使福尔克•佩尔特斯在一份声明中说:“迄今采取的措施没能恢复(苏丹的)转变进程……针对大部分是和平示威者的暴力多次发生,这只会加深苏丹各政治派别之间的不信任。”
2021年11月21日,哈姆杜克在苏丹喀土穆签署政治宣言后发言。(新华社发,穆罕默德•海德尔摄)
佩尔特斯说:“目前是时候结束暴力、启动具有建设性的政治进程。这一进程将具包容性。”
按这名外交官的说法,苏丹军方、各政党和反对派等政治力量都将获邀参与对话,以期就结束政治危机达成一致。
苏丹过渡政府总理阿卜杜拉•哈姆杜克2日宣布辞职。苏丹多地连续多天爆发抗议,示威者与军方发生冲突。法新社报道,冲突已导致至少60人丧生。
暂时不清楚联合国牵头的谈判何时启动。联合国方面说,定于10日召开记者会宣布正式启动苏丹内部民主和过渡谈判。联合国安全理事会定于12日开会讨论苏丹局势。
2021年12月22日,商贩在苏丹喀土穆以北一处集市上卖香蕉。(新华社发,穆罕默德•海德尔摄)
待回应
就联合国牵头举行对话以结束政治危机,苏丹军方暂时没有作出回应。
苏丹主要反对派“自由与变革联盟”说,一旦获悉对话细节,将立即着手研究。“自由与变革联盟”在声明中强调,将继续组织和平示威以推翻去年10月的“政变”并建立新政府。
苏丹军方2021年10月25日宣布国家实施紧急状态、解散主权委员会和过渡政府,哈姆杜克当天遭军方扣押。苏丹武装部队总司令阿卜杜勒•法塔赫•布尔汉11月11日宣布成立过渡主权委员会,他本人出任委员会主席。同月21日,布尔汉和哈姆杜克签署政治宣言,内容包括重新任命哈姆杜克为过渡政府总理,由哈姆杜克组建一个由技术型官员组成的独立内阁等。然而,军方与反对派的谈判破裂导致哈姆杜克本月初宣布辞职。
主导示威的“自由与变革联盟”坚持认为应该建立完全由文职官员主导的过渡政府,而军方拒绝这一要求,只答应向民选政府移交权力。依据苏丹宪法有关过渡期的规定,苏丹定于2023年7月举行选举。
美国、英国、沙特阿拉伯和阿拉伯联合酋长国对联合国推动苏丹各政治派别对话表示欢迎。上述四国发表联合声明,敦促苏丹政治力量抓住机遇,推动国家治理转型。阿拉伯国家联盟同样欢迎联合国牵头启动谈判。(包雪琳)