Connect with us

INTERNATIONAL ORGANIZATION

တစ်ကမ္ဘာလုံး ကာကွယ်ဆေးထိုးနှံမှုက ကိုဗစ်ကပ်ရောဂါမှ ရုန်းထွက်နိုင်မည့် တစ်ခုတည်းသော ထွက်လမ်းဖြစ်သည်ဟု ကုလအထွေထွေအတွင်းရေးမှူးချုပ် အလေးထား ပြောကြား

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

တစ်ကမ္ဘာလုံး ကာကွယ်ဆေးထိုးနှံမှုကို အကောင်အထည်ဖော်ခြင်းသည် နိုင်ငံအသီးသီး ကိုဗစ်ကပ်ရောဂါအန္တရာယ်မှ ရုန်းထွက်မည့် တစ်ခုတည်းသော ထွက်လမ်းဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ယခုနှစ်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့်သေဆုံးသူ ဦးရေသည် ၂၀၂၀ ပြည့်နှစ်ကို ကျော်လွန်ခဲ့ကြောင်း၊ ဤကမ္ဘာ့ကပ်ရောဂါကြီးမှ ရုန်းထွက်ရန်နှင့် အခြေအနေများကို ပြောင်းလဲရန် တစ်ခုတည်းသော ထွက်လမ်းမှာ ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဂူတာရက်စ်က ၄၅ ကြိမ်မြောက် G77+China နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရေးဆွဲထားသည့် ကမ္ဘာတစ်ဝန်းကိုဗစ်ကာကွယ်ဆေးထိုးနှံရေး မဟာဗျူဟာကို ထောက်ခံကြောင်း၊ ၎င်း၏ရည်မှန်းချက်မှာ ယခုနှစ်နှစ်ကုန်ပိုင်းတွင် နိုင်ငံအားလုံးရှိ လူဦးရေ ၄၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပြီးဖြစ်ရမည်ဖြစ်ကာ ၂၀၂၂ ခုနှစ်လယ်ပိုင်းတွင် ၇၀ ရာခိုင်နှုန်းထိ တိုးမြှင့်ထိုးနှံရန်ဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
“လူအားလုံး၊ ဘယ်နေရာမှာရှိသည်ဖြစ်စေ၊ ကာကွယ်ဆေးထိုးနှံမှု၊ ဆေးစစ်မှုနှင့် ဆေးကုသမှုကို ရရှိရမှာ ဖြစ်တယ်”၊ ကိုဗစ်ရောဂါထိန်းချုပ်မှုဆိုင်ရာ ကိရိယာများ လျင်မြန်စွာ ရရှိရေးအစီအစဉ် နှင့် COVAX အစီအစဉ်တွင် ဘက်ပေါင်းစုံက ထောက်ခံအားပေးကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

ယခုနှစ် ကမ္ဘာ့စီးပွားရေး ၅.၉ ရာခိုင်နှုန်းတိုးတက်မှုရှိသည်ဟု ခန့်မှန်းရသော်လည်း နိုင်ငံအသီးသီး ပြန်လည်နလံထူရေး ခြေလှမ်းများက အလွန်တရာမညီမျှမှုများ ရှိနေကြောင်း၊ ဆာဟာရ သဲကန္တာရ တောင်ဘက် အာဖရိကတိုက်ဒေသများ၏ အနာဂတ်စီးပွားရေး တိုးတက်မှုသည် ကမ္ဘာ့အခြားဒေသများနှင့် နောက်ထပ်တစ်ဆင့် အလှမ်းဝေးသွားနိုင်ကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်။

ဘက်ပေါင်းစုံဝါဒနှင့် ကပ်ရောဂါအတွင်း ကုလသမဂ္ဂ၏အရေးကြီးသည့်အခန်းကဏ္ဍကို ဂူတာရက်စ်က အလေးထားပြောကြားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရာ၌ တစ်စုတစ်စည်းတည်း ဆုံးဖြတ်ရာတွင် အကျိုးဖြစ်ထွန်းစေရန် နိုင်ငံအသီးသီးက စည်းလုံးညီညွတ်မှု၊ ဆွေးနွေးညှိနှိုင်းမှုများတွင် ကြီးမားသည့်သာလွန်မှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထောက်ပြ ပြောဆိုခဲ့သည်။ (Xinhua)

………………………………………….
(Chinese Version)

(国际)联合国秘书长强调实现全球疫苗接种是摆脱新冠疫情的唯一出路
2021-12-01 11:57:45
新华社联合国11月30日电(记者王建刚)联合国秘书长古特雷斯11月30日表示,实现全球疫苗接种是各国摆脱新冠疫情危机的唯一出路。
古特雷斯在“77国集团和中国”第45届外长会上说,今年死于新冠疫情的人数超过了2020年,摆脱这一全球大流行病以及扭转局面的唯一出路,就是落实全球疫苗接种计划。

他表示,联合国支持世界卫生组织制定的全球新冠疫苗接种战略,其目标是到今年年底使所有国家约40%的人口获得新冠疫苗接种,到2022年中期将这一比例提到70%。“所有人,无论身在何处,都必须能够获得新冠疫苗、检测和治疗。”他要求各方支持“获取防控新冠肺炎相关工具加速计划”和“新冠肺炎疫苗实施计划”。

此外,古特雷斯提醒说,虽然今年世界经济预计将增长5.9%,但各国复苏的步伐“极不均衡”,撒哈拉以南非洲地区未来的经济增长可能会与世界其他地区进一步拉开差距。

同时,古特雷斯也强调了多边主义和联合国在应对这场大流行病中的重要性。他指出,各国必须在团结和协调方面实现“重大飞跃”,以利于对全球性挑战做出集体决定。(完)

图说1:4月19日,联合国秘书长古特雷斯在位于纽约的联合国总部出席新闻发布会。新华社记者 谢锷 摄