Connect with us

International Organizations

တစ်ပတ်အတွင်း ကမ္ဘာ့ကပ်ရောဂါသတင်း -ကပ်ရောဂါဖြစ်ပွားမှုတွင် ဒယ်လ်တာကိုရိုနာဗိုင်းရပ်စ်က အများဆုံး ဖြစ်နေ

ဂျီနီဗာ၊နိုဝင်ဘာ၃ရက် (ဆင်ဟွာ)

လက်ရှိနိုင်ငံအများစုတွင် ကူးစပ်ပျံ့နှံ့နေသော ကိုရိုနာဗိုင်းရပ်စ်များတွင် ဒယ်လ်တာကိုရိုနာဗိုင်းရပ်စ်ပိုးသည် အများဆုံးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နိုဝင်ဘာ၂ရက်တွင်ထုတ်ပြန်သော ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ အပတ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။အပတ်စဉ် အစီရင်ခံစာတွင် လွန်ခဲ့သည့် ရက်ပေါင်း ၆၀ တွင် နိုင်ငံတကာ မျိုးရိုးဗီဇဆိုင်ရာမျှဝေမှု အရင်းအမြစ်တစ်ခုဖြစ်သည့် “ကမ္ဘာလုံးဆိုင်ရာတုတ်ကွေးဒေတာမျှဝေခြင်းအဆိုပြုမှု”ပလက်ဖောင်းသို့ တင်သွင်းသည့် ဓာတ်ခွဲနမူနာပေါင်း ၈၄၂,၅၁၀ ခုတွင် ဒယ်လ်တာကိုရိုနာဗိုင်းရပ်စ်သည် ၉၉.၅ ရာခိုင်နှုန်း ရှိပြီး ဂမ်မာကိုရိုနာဗိုင်းရပ်စ်သည် ၀.၂ ရာခိုင်နှုန်း၊ အယ်လ်ဖာကိုရိုနာဗိုင်းရပ်စ် ၀.၁ရာခိုင်နှုန်း၊မီယာအို နှင့် Lambdaစသော အခြားမျိုးကွဲ ဗိုင်းရပ်စ်မျိုးကွဲများသည် ၀.၂ရာခိုင်နှုန်း အသီးသီးရှိကြောင်းသိရသည်။

WHO၏ အချက်အလက်အရ အောက်တိုဘာ ၃၁ ရက်ထိ ရက်သတ္တပတ်အတွင်း ကမ္ဘာတစ်ဝှမ်း၌ ကိုဗစ်ရောဂါ အတည်ပြုလူနာ ၃ သန်းကျော်နှင့် သေဆုံးသူ၅၀,၀၀၀ကျော်ရှိခဲ့သည်။ အဆိုပါ ကိန်းဂဏန်းနှစ်ခုသည် ယခင်အပတ်ထက် ၃ ရာခိုင်နှုန်းနှင့် ၈ ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့သည်။

WHO က ခွဲခြားသတ်မှတ်သော ကမ္ဘာ့ဒေသခြောက်ခုတွင် ယခုသီတင်းပတ်အတွင်း ဥရောပမှ အတည်ပြုလူနာအသစ် ၆ ရာခိုင်နှုန်း တိုးလာမှုမှလွဲ၍ အခြားဒေသများတွင် အတည်ပြုလူနာအသစ်အရေအတွက် ကျဆင်း(သို့)တည်ငြိမ်နေဆဲဖြစ်သည်။ ၎င်းတို့အနက် အရှေ့မြေထဲပင်လယ်ဒေသသည် ၁၂ ရာခိုင်နှုန်းဖြင့် အများဆုံးကျဆင်းခဲ့ပြီး အရှေ့တောင်အာရှနှင့် အာဖရိကတို့တွင် ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
အရှေ့တောင်အာရှသည် ယခုသီတင်းပတ်အတွင်း ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်သေဆုံးမှု အရေအတွက် အများဆုံးတိုးလာသောဒေသဖြစ်ကာ ယခင်အပတ်ကထက် ၅၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး ဥရောပနှင့် အနောက်ပစိဖိတ်ဒေသတို့တွင် ၁၂ ရာခိုင်နှုန်း နှင့် ၁၀ ရာခိုင်နှုန်းအသီးသီးတိုးလာခဲ့သည်။

ယခုအပတ်အတွင်း ကမ္ဘာ့ပေါ်ရှိ အတည်ပြုလူနာအများဆုံးတွေ့ရှိသည့်နိုင်ငံ၅ခုမှာ အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ တူရကီနှင့် ယူကရိန်းတို့ဖြစ်သည်။ WHO ဝဘ်ဆိုဒ်မှ အချက်အလက်များအရ၊ ဥရောပအလယ်ပိုင်းစံတော်ချိန် နိုဝင်ဘာ၂ ရက် ၊ ၁၇း၄၀(ပေကျင်းစံတော်ချိန် နိုဝင်ဘာ ၃ရက် ၀၀း၄၀) အထိ ကမ္ဘာတစ်ဝှမ်းတွင် ကိုဗစ်အတည်ပြုလူနာအရေအတွက်သည် ယခင်ရက်ဖြင့် နှိုင်းယှဉ်ပါက ၃၄၇,၇၀၃ ဦး တိုး၍ စုစုပေါင်း ၂၄၆,၉၅၁,၂၇၄ ဦးထိရှိလာပြီး သေဆုံးမှုအရေအတွက်သည် ၅,၉၈၁ ဦးတိုး၍ စုစုပေါင်း ၅,၀၀၄,၈၅၅ ဦးအထိရောက်ရှိခဲ့သည်။(Xinhua)

——————————————–
(Chinese Version)

(国际疫情)“数读”一周全球疫情:德尔塔毒株占据“绝对优势”

新华社日内瓦11月2日电世界卫生组织2日发布的全球新冠疫情周报指出,目前在绝大多数国家流行的新冠病毒毒株中,德尔塔毒株占据“绝对优势”。
周报显示,在过去60天向国际共享基因序列资源“流感数据共享全球倡议”平台提交的842510份样本序列中,德尔塔毒株占99.5%,伽马毒株占0.2%,阿尔法毒株占0.1%,缪毒株和拉姆达毒株等其他变异毒株占0.2%。
世卫组织数据显示,在截至10月31日的一周,全球新增新冠确诊病例超过300万例,新增死亡病例超过5万例,这两个数据相比前一周分别增加3%和8%,均出现小幅上升。
在世卫组织划分的全球6个区域中,这一周,除欧洲地区新增确诊病例增加了6%之外,其他地区的新增确诊病例数均有所下降或者保持稳定。其中,东地中海地区下降最多,降幅为12%;其次是东南亚地区和非洲地区,降幅均为9%。
东南亚地区是这一周全球新增新冠死亡病例数增长最多的地区,与前一周相比增幅高达50%,其次是欧洲地区和西太平洋地区,增幅分别为12%和10%。
这一周,新增新冠确诊病例数居全球前5位的国家是美国、英国、俄罗斯、土耳其和乌克兰。
世卫组织网站的数据显示,截至欧洲中部时间2日17时40分(北京时间3日零时40分),全球新冠确诊病例较前一日增加347703例,达到246951274例;死亡病例增加5981例,达到5004855例。(完)