Connect with us

International Organizations

တရုတ်ကိုယ်စားလှယ်က အီရတ်အား စနစ်တကျ အစိုးရသစ်ဖွဲ့စည်းရေး အပြီးသတ်ရန် တိုက်တွန်း

ကုလသမဂ္ဂ၊နိုဝင်ဘာ ၂၄ (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် Geng Shuang က နိုဝင်ဘာ ၂၃ ရက်၌ လုံခြုံရေးကောင်စီ၏ အီရတ်အရေး လူထုတွေ့ဆုံပွဲအစည်းအဝေးတွင် အီရတ်ရှိ ပါတီအသီးသီးအား ရွေးကောက်ပွဲ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန်နှင့် စနစ်တကျ အစိုးရသစ်ဖွဲ့စည်းရေး အပြီးသတ်ရန် တိုက်တွန်းကြောင်းပြောကြားခဲ့သည်။အစည်းအဝးတွင် Geng Shuangကအီရတ်နိုင်ငံ၏ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲကို ပြီးခဲ့သည့်လက အောင်မြင်စွာကျင်းပနိုင်ခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် ကြိုဆိုပါကြောင်း၊အီရတ် ဝန်ကြီးချုပ် Mustafa al-Kadhimi ၏ နေအိမ်အား နိုဝင်ဘာ ၇ ရက်က တိုက်ခိုက်ခဲ့ခြင်းအပေါ် တရုတ်နိုင်ငံက ရှုတ်ချခဲ့ပြီး အီရတ် ရွေးကောက်ပွဲ ကော်မရှင်နှင့် အီရတ်ရှိ ကုလသမဂ္ဂ ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းအား မကြာသေးမီက အကြမ်းဖက် ခြိမ်းခြောက်မှုများအပေါ် ဂရုပြုပါကြောင်း၊ အီရတ်ရှိ ပါတီအသီးသီးသည် တည်ငြိမ်အေးချမ်းစွာဖြင့် တောင်းဆိုချက်များနှင့် အငြင်းပွားမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒမူဘောင်အောက်တွင် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် မျှော်လင့်ကြောင်း၊ဤအထွေထွေရွေးကောက်ပွဲကို အခွင့်အလမ်းတစ်ခုအဖြစ် အသုံးချကာ နိုင်ငံတွင်း စည်းလုံးညီညွတ်မှု အားကောင်းစေရေး၊ အစိုးရသစ်ဖွဲ့စည်းခြင်းကို စနစ်တကျ ပြီးမြောက်စေရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ခိုင်မာသော နိုင်ငံရေးအခြေခံအုတ်မြစ်ချရန် အီရတ်နိုင်ငံပါတီအသီးသီးကို တရုတ်က အားပေးကြောင်း ပြောကြားခဲ့သည်။

နိုဝင်ဘာ ၇ ရက်က အီရတ်နိုင်ငံ ဘဂ္ဂဒက်ရှိ Green Zone အနီးတွင် အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့များအား တွေ့ရစဉ်(ဆင်ဟွာ)

ISစစ်သွေးကြွများက မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အီရတ်၏လုံခြုံရေးအခြေအနေသည် ဆိုးရွားနေဆဲဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝန်းသည် အီရတ်၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို ဆက်လက် အခိုင်အမာ ထောက်ခံရမည်ဖြစ်ကြောင်း၊သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ၎င်းတို့၏တာဝန်များကိုထမ်းဆောင်ကာ အီရတ်ရှိနိုင်ငံခြားအကြမ်းဖက်တိုက်ခိုက်ရေးသမားများနှင့် ၎င်းတို့၏မိသားစုများကို အမြန်ဆုံးစိစစ်ပြီး နေရပ်ပြန်ပို့ရေးတို့ကို စောလျဉ်းစွာလုပ်ဆောင်သင့်ကြောင်း၊ အီရတ်၏ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးကို နိုင်ငံအားလုံးက လေးစားမည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။

နိုဝင်ဘာ ၇ ရက်က အီရတ်နိုင်ငံ ဘဂ္ဂဒက်ရှိ Green Zone အနီးတွင် အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့များအား တွေ့ရစဉ်(ဆင်ဟွာ)

အီရတ်၏ရေရှည်တည်ငြိမ်မှုသည် ကောင်းမွန်သောပတ်ဝန်းကျင်နှင့် ကင်းကွာ၍ မရနိုင်ကြောင်း၊ ယခုနှစ် ဩဂုတ်လတွင် ကျင်းပခဲ့သည့် ဘဂ္ဂဒက် ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေး အစည်းအဝေးတွင် အီရတ်နိုင်ငံ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီရေး၊ ဒေသတွင်း စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းရန်နှင့် နောက်ဆက်တွဲ အကောင်အထည်ဖော်ရေးယန္တရား ထူထောင်ရေးတို့အတွက် အရေးကြီးသော သဘောတူညီမှု ရရှိခဲ့သည့်အပေါ် တရုတ်နိုင်ငံမှကြိုဆိုကြောင်း၊အီရတ်နှင့် အဓိက ဒေသများရှိ နိုင်ငံများသည် ဆက်သွယ်ရေး အားကောင်းစေရန်၊ အပြန်အလှန် ယုံကြည်မှု မြှင့်တင်ရန်၊ ပူးပေါင်းဆောင်ရွက်ရန်နှင့် ဒေသတွင်း တည်ငြိမ်ရေးကို ပူးပေါင်းထိန်းသိမ်းရန် ဤယန္တရားအား အပြည့်အဝ အသုံးချနိုင်ရန် တရုတ်က မျှော်လင့်ကြောင်း၊ အီရတ်သည် ပျောက်ဆုံးနေသူများနှင့် ပိုင်ဆိုင်မှုကိစ္စရပ်များတွင် ကူဝိတ်နိုင်ငံနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မူအပေါ် တရုတ်နိုင်ငံက ချီးကျူးပြီးထောက်ခံပါကြောင်း၊တရုတ်သည် အီရတ်ပြည်သူများ၏ စိတ်ရင်းစေတနာ စစ်မှန်သောမိတ်ဆွေကောင်းဖြစ်ခဲ့ပြီး တရုတ်နိုင်ငံသည် အီရတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အီရတ်ပြည်သူများ၏ လူနေဘဝ တိုးတက်ကောင်းမွန်လာစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အတူ ဆက်လက်ထောက်ခံအားပေး သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

(国际)中国代表敦促伊拉克各方有序完成新政府组建

新华社联合国11月23日电中国常驻联合国副代表耿爽23日在安理会伊拉克问题公开会上发言,敦促伊拉克各方和平解决选举争端,有序完成新政府组建。

他说,伊拉克新一届国民议会选举上个月顺利举行,中方对此表示欢迎。 中方谴责11月7日袭击卡迪米总理官邸的行径,对近期出现针对伊最高选举委员会、联合国伊拉克援助团的暴力威胁表示关切,希望伊拉克各方保持冷静克制,在宪法和法律框架下通过和平手段表达诉求、解决争端。 中方鼓励伊各派别以此次大选为契机,进一步凝聚共识、加强团结,有序完成新政府组建,为继续推进国家建设、实现发展繁荣奠定坚实政治基础。
他说,伊拉克安全形势依然严峻,“伊斯兰国”残余势力频繁发动袭击。 国际社会要继续坚定支持伊拉克反恐努力。 有关国家应当负起责任,尽快推进在伊外国恐怖作战分子及其家属的甄别和遣返。 中方希望伊拉克主权和领土完整能得到所有国家的尊重。

他说,伊拉克实现长治久安离不开良好的周边环境。 今年8月举行的巴格达合作与伙伴关系会议就支持伊拉克和平发展、共同应对地区挑战达成重要共识,并建立后续落实机制,中方对此表示欢迎。 中方希望伊拉克和主要地区国家充分利用这一机制,加强沟通,增进互信,开展合作,共同维护地区稳定。 中方赞赏并支持伊拉克和科威特继续围绕失踪人员和财产问题开展密切合作。

他说,中方始终是伊拉克人民的真诚朋友,中方将同国际社会一道,继续支持伊拉克抗击疫情、发展经济和改善民生。 (完)