Connect with us

Africa & Middle East

တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်သည့် နိုင်ဂျီးရီယားနိုင်ငံ Lagos-Ibadan ရထားလမ်း တရားဝင်စတင်ဖွင့်လှစ်

နိုင်ဂျီးရီးယားနိုင်ငံ လေးဂို့စ်မြို့ Lagos-Ibadan ရထားလမ်းတွင် ပြေးဆွဲမည့်ရထားတွဲများအား ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လေးဂို့စ်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ၌ တရုတ်မြို့ပြအင်ဂျင်နီယာဆောက်လုပ်ရေးကော်ပိုရေးရှင်း (CCECC) မှ တာဝန်ယူတည်ဆောက်သည့် Lagos-Ibadan ရထားလမ်း ဖွင့်လှစ်ပြေးဆွဲသည့် အခမ်းအနားကို ဇွန် ၁၀ ရက်က လေးဂို့စ်မြို့တွင် ကျင်းပခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံ လေးဂို့စ်မြို့ Mobolaji Johnson ရထားဘူတာ၌ ကျင်းပသည့် Lagos-Ibadan ရထားလမ်းဖွင့်ပွဲအခမ်းအနားတွင် သမ္မတ Muhammadu Buhari က အမှာစကားပြောကြားနေသည်ကို ဇွန် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ လေးဂို့စ်မြို့တွင် အသစ်တည်ဆောက်ထားသည် Mobolaji Johnson ရထားဘူတာကြီးအား ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ Muhammadu Buhari က လေးဂို့စ်မြို့ Mobolaji Johnson ဘူတာကြီး၌ ကျင်းပသည့် Lagos-Ibadan ရထားလမ်းဖွင့်ပွဲအခမ်းအနားတွင် ဆိုင်းဘုတ်ဖွင့်လှစ်ပေးနေသည်ကို ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ လေးဂို့စ်မြို့ Mobolaji Johnson ဘူတာကြီး၌ ကျင်းပသည့် Lagos-Ibadan ရထားလမ်းဖွင့်ပွဲအပြီးတွင် ရထားလိုက်ပါစီးနင်းကြသူများအား ဇွန် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါအခမ်းအနားကို နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ Muhammadu Buhari နှင့်အတူ ဝန်ကြီးများ နှင့် နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချွေးကျန့်ချွန်း စသည့် လူပေါင်း (၁၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနား၌ Muhammadu Buhari က အမှာစကားပြောကြားရာတွင် Lagos-Ibadan ရထားလမ်းဖွင့်လှစ်ခြင်းသည် နိုင်ဂျီးရီးယားနိုင်ငံအစိုးရ၏ ရထားလမ်းစနစ်ဖွံ့ဖြိုးတိုးတက်အားကောင်းအောင် ဆောင်ရွက်ခြင်း၏ နောက်ထပ်မှတ်ကျောက်တစ်ခုဖြစ်ပြီး နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိပ္ပါယ်လေးနက်ကြောင်း ဆိုသည်။ Lagos-Ibadan ရထားလမ်းသည် ပြည်သူလူထု သွားလာရေးအတွက် အဆင်ပြေလွယ်ကူစေရုံသာမက ဆိပ်ကမ်းနှင့် ကုန်းတွင်းပိုင်းကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး၏ ထိရောက်မှုကို မြှင့်တင်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေသလို နိုင်ဂျီးရီးယား၏ စက်မှုလုပ်ငန်းနှင့် စီးပွားရေးလှုပ်ရှားမှုများအား အရည်အသွေးမြှင့်တင်ရန် အရှိန်မြှင့်တင်ဆောင်ရွက်ခြင်းလည်း ဖြစ်ကြောင်း ဆိုသည်။

Lagos-Ibadan ရထားလမ်း အဆင်ပြေချောမွေ့စွာ ဖွင့်လှစ်ပြေးဆွဲခြင်းသည် နိုင်ဂျီးရီးယားနိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအပေါ် တရုတ်နိုင်ငံ၏ ထောက်ခံအားပေးမှုကို ဖော်ပြသလို နိုင်ဂျီးရီးယားအစိုးရနှင့်ပြည်သူတို့က တရုတ်နိုင်ငံနှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်လိုသည့် အမျှော်အမြင်၏ သက်သေလည်းဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် စေတနာထားမှန်ကန်ရင်းနှီးစွာဖြင့် နိုင်ဂျီးရီးယားနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ တွန်းအားပေးလုပ်ဆောင်ကာ ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုကို အတူလက်တွဲညီစွာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ချွေးကျန့်ချွန်းက ဆိုသည်။

နိုင်ဂျီးရီးယားနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီး Rotimi Amaechi က အခြေခံအဆောက်အအုံတည်ဆောက်မှုများတွင် တရုတ်နိုင်ငံ၏ အားပေးထောက်ခံမှုကို အထူးရရှိသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Lagos-Ibadan ရထားလမ်းကို ၂၀၁၇ ခုနှစ် မတ်လတွင် စတင် ဖောက်လုပ်တည်ဆောက်ခဲ့ရာ ဆောက်လုပ်ရေးတွင်ပါဝင်သည့် နှစ်နိုင်ငံ အလုပ်သမားဝန်ထမ်းများက အချိန်အခက်အခဲ၊ ဆောက်လုပ်ရေးပတ်ဝန်းကျင်ရှုပ်ထွေးခြင်း၊ ဆောက်လုပ်ရေးအရင်းအမြစ်အကန့်အသတ်ရှိခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါရိုက်ခတ်မှုရှိခြင်းစသည့် အခက်အခဲနှင့်စိန်ခေါ်မှုများကို ကျော်လွှားခဲ့ရပြီး နောက်ဆုံးတွင် ရထားလမ်းကို အဆင်ပြေချောမွေ့စွာ ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း ၊ ၎င်းသည် တရုတ်-အာဖရိက ရပ်ဝန်းနှင့်ပိုးလမ်းမ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၌ အနောက်အာဖရိကဒေသများတွင် အဆက်မပြတ်ထဲထဲဝင်ဝင် လက်တွေ့ကျကျဆောင်ရွက်လာခြင်း၏ အားကောင်းသည့် တွန်းအားတစ်ရပ်ဖြစ်ကြောင်း တရုတ်မြို့ပြအင်ဂျင်နီယာဆောက်လုပ်ရေးကော်ပိုရေးရှင်း (CCECC) နိုင်ဂျီးရီးယားကုမ္ပဏီ၏ အလုပ်အမှုဆောင်ဒါရိုက်တာ ကျန်းရိကောင်း၏ ပြောကြားချက်များအရ သိရသည်။

Lagos-Ibadan ရထားလမ်းသည် တရုတ်မြို့ပြအင်ဂျင်နီယာဆောက်လုပ်ရေးကော်ပိုရေးရှင်း (CCECC) က တာဝန်ယူတည်ဆောက်သည့် နိုင်ဂျီးရီးယားရထားလမ်းခေတ်မီရေးစီမံကိန်း၏ ဒုတိယအပိုင်းဖြစ်ရာ စီးပွားရေးအချက်အချာကျသော Lagos မြို့နှင့် အနောက်တောင်ပိုင်း စက်မှုအချက်အချာမြို့ဖြစ်သော Ibadan ကို ချိတ်ဆက်ထားခြင်းဖြစ်သည်။ ၎င်းရထားလမ်း၏ ပင်မရထားလမ်း စုစုပေါင်းအရှည်သည် (၁၅၇)ကီလိုမီတာခန့်၊ လမ်းခွဲအရှည် (၇)ကီလိုမီတာရှိပြီး ခေတ်မီရထားလမ်းစံချိန်ဖြင့် တစ်နာရီလျှင် (၁၅၀)ကီလိုမီတာ မြန်နှုန်းဖြင့် ပြေးဆွဲနိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ တရုတ်မြို့ပြအင်ဂျင်နီယာဆောက်လုပ်ရေးကော်ပိုရေးရှင်း (CCECC) က တာဝန်ယူတည်ဆောက်ပေးသည့် နိုင်ဂျီးရီးယားရထားလမ်းခေတ်မီရေးစီမံကိန်း ပထမအပိုင်းသည် ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် စတင်ဖွင့်လှစ်သည့် မြို့တော် အဘူဂျာမှ မြောက်ပိုင်းမြို့ ကဒွန်းန သို့ ပြေးဆွဲသည့် Abuja-Kaduna ရထားလမ်းဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际)中企承建的尼日利亚拉伊铁路正式通车运营
2021-06-11 06:04:52
新华社拉各斯6月10日电(记者郭骏)中国土木工程集团有限公司(中土集团)承建的尼日利亚拉伊铁路10日在拉各斯举行通车仪式。尼日利亚总统布哈里、尼政府多名部长和州长,以及中国驻尼大使崔建春等数百人出席仪式。
布哈里在通车仪式上致辞说,拉伊铁路的开通是尼日利亚政府振兴铁路系统的又一个“里程碑”,对于尼经济发展意义重大。拉伊铁路不仅便利民众出行,也有助于提升港口与内陆货物运输效率,加快尼工业和经济活动提质升级。
崔建春在致辞中表示,拉伊铁路顺利通车运营体现了中国对尼日利亚经济和社会发展的支持,也证明尼日利亚政府和人民深化与中国合作的远见。中国将继续秉持“真实亲诚”的理念,推进与尼日利亚合作,共同演奏好“一带一路”合作的交响乐。
尼日利亚交通部长阿马埃奇在接受新华社记者采访时说,尼日利亚基础设施建设获得中国的大力支持,尼政府对此表示感谢,并期待未来与中方有更加深入的合作。
据中土集团尼日利亚有限公司执行董事姜义高说,自拉伊铁路2017年3月开工以来,中尼参建员工克服工期紧张、施工环境复杂、施工资源有限、新冠疫情冲击等诸多困难和挑战,最终顺利实现铁路通车运营,有力推动了中非共建“一带一路”实践在西非地区不断走深走实。
据介绍,拉伊铁路是中土集团承建的尼日利亚铁路现代化项目的第二标段,连接尼日利亚经济中心拉各斯和西南部工业重镇伊巴丹,干线全长约157公里,支线长约7公里,采用现代化铁路标准,设计时速150公里。中土集团承建的尼铁路现代化项目第一标段是2016年7月正式运营的首都阿布贾至北部城市卡杜纳的阿卡铁路。(完)

图说1:这是6月10日在尼日利亚拉各斯拍摄的拉伊铁路通车仪式上的火车。新华社发(埃玛•休斯敦摄)
图说2:6月10日,尼日利亚总统布哈里在拉各斯的莫博拉吉•约翰逊火车站出席拉伊铁路通车仪式并讲话。新华社发(埃玛•休斯敦摄)Mobolaji Johnson
图说3:这是6月10日在尼日利亚拉各斯拍摄的新建成的莫博拉吉•约翰逊火车站。新华社发(埃玛•休斯敦摄)Mobolaji Johnson
图说4:6月10日,尼日利亚总统布哈里(前排左三)在拉各斯的莫博拉吉•约翰逊火车站出席拉伊铁路通车仪式并揭牌。新华社发(彼得•奥巴萨摄)
图说5:(210611) — LAGOS, June 11, 2021 (Xinhua) — People try out a train trip following a ceremony to flag off the commercial operation of the Lagos-Ibadan railway at the Mobolaji Johnson Railway Station in Lagos, Nigeria on June 10, 2021. (Photo by Emma Houston/Xinhua)