Connect with us

Politics, Law & Military

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျဲ့ချီနှင့် အမေရိကန်သမ္မတ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် တွေ့ဆုံဆွေးနွေး

ဇူးရစ်ချ်၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ယန်ကျဲ့ချီနှင့် အမေရိကန်သမ္မတ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်(Jake Sullivan)တို့သည် အောက်တိုဘာ ၆ ရက်က ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်အကြား တရုတ်-အမေရိကန်ဆက်ဆံရေးနှင့် အတူအလေးထားဂရုပြုကြသည့် နိုင်ငံတကာနှင့်ဒေသရေးရာပြဿနာများကို ဘက်ပေါင်းစုံ ထဲထဲဝင်ဝင် ပွင့်လင်းစွာ အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးမှုသည် အပြုသဘောဆောင်ပြီး အပြန်အလှန် နားလည်မှုကို ပို၍တိုးပွားစေရန် အကျိုးဖြစ်စေခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၀ ရက် နှစ်နိုင်ငံခေါင်းဆောင်များ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေသည့် သဘောထားကို လက်တွေ့ဆောင်ရွက်ရန် နှစ်ဖက်သဘောတူညီခဲ့ရာ မဟာဗျူ ဟာ တွေ့ဆုံဆွေးနွေးမှုများ အားဖြည့်ဆောင်ရွက်ရန်၊ ကွဲလွဲမှုများကို သင့်လျော်ကောင်းမွန်အောင် ထိန်းချုပ်စီမံရန်၊ ထိပ်တိုက်ရင်ဆိုင်မှုပဋိပက္ခများကို ရှောင်ရှားရန်၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမည့်ဘုံအကျိုးစီးပွားကို ရှာဖွေရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်သည့် ဖွံ့ဖြိုးတိုးတက်ရေး မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိဖို့ အတူကြိုးပမ်းတွန်းအားပေးဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် ယန်ကျဲ့ချီက တရုတ်-အမေရိကန် အပြန်အလှန်ဆက်ဆံရေး ကောင်းမွန်အောင် စီမံနိုင်မှုရှိမရှိသည် နှစ်နိုင်ငံ၊ နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့်သက်ဆိုင်သလို ကမ္ဘာ့အနာဂတ်ကံကြမ္မာနှင့်လည်းဆက်နွယ်နေကြောင်း ပြောကြားခဲ့သည်။ တရုတ်-အမေရိကန်၏ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံနှင့်ကမ္ဘာ အားလုံးအတွက် အကျိုးရှိစေမည်ဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်မှုသည် နှစ်နိုင်ငံနှင့်တစ်ကမ္ဘာလုံးအတွက် ထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး အပြန်အလှန်အကျိုးဖြစ်ထွန်းမှုဘုံအကျိုးစီးပွား၏သဘောတရားကို နက်နက်နဲနဲသိမြင်ပြီး တရုတ်နိုင်ငံ၏ပြည်တွင်း၊ပြည်ပမူဝါဒနှင့် မဟာဗျူဟာရည်ရွယ်ချက်ကို မှန်ကန်စွာ သိရှိသင့်ပါကြောင်း၊ တရုတ်-အမေရိကန်ဆက်ဆံရေးကို “ပြိုင်ဘက်”ဟု အနက်ဖွင့်ဆိုခြင်းကို တရုတ်နိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

ယခုကာလများတွင် သမ္မတဘိုင်ဒန်၏ တရုတ်-အမေရိကန်ဆက်ဆံရေးအပေါ် အပြုသဘောဆောင် ဖော်ပြမှုများအား တရုတ်နိုင်ငံအနေဖြင့် အလေးထားရာ အမေရိကန်က တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးရန် ဆန္ဒမရှိသလို စစ်အေးတိုက်ပွဲ မဆင်နွှဲလိုသည့် သဘောထားကို ဂရုပြုမိပါကြောင်း၊ အမေရိကန်အနေဖြင့် ဆင်ခြင်တုံတရားဖြင့် လက်တွေ့ကျသည့် တရုတ်နိုင်ငံမူဝါဒကို ဆောင်ရွက်စေလိုရာ အဓိကအကျိုးစီးပွားနှင့်အရေးကြီးဂရုပြုမှုများအပေါ် အပြန်အလှန်လေးစား၍ တရုတ်နိုင်ငံနှင့်အတူ တရုတ်-အမေရိကန် အပြန်အလှန်လေးစားသော၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်သော၊ ပူးပေါင်းဆောင်ရွက်မှုဖြင့်ဘုံအကျိုးစီးပွားကို ဖော်ဆောင်သောလမ်းကို လျှောက်လှမ်းစေလိုကြောင်း ယန်ကျဲ့ချီက ပြောကြားခဲ့သည်။

ယန်ကျဲ့ချီက ထိုင်ဝမ်၊ ဟောင်ကောင်၊ ရှင်းကျန်း၊ တိဗက်၊ လူအခွင့်အရေးနှင့် ပင်လယ်ရေးကြောင်းဆိုင်ရာ ကိစ္စရပ်များစသည်တို့အပေါ် တရုတ်နိုင်ငံ၏ တည်ကြည်မှန်ကန်သည့် သဘောထားကို ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏အချုပ်အချာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားကို လက်တွေ့လေးစားရန်နှင့် အဆိုပါအရေးကိစ္စများကို အသုံးချ၍ တရုတ်နိုင်ငံပြည်တွင်းရေးစွက်ဖက်မှုကို ရပ်တန့်ရန် ပြောကြားခဲ့သည်။

အမေရိကန်ဘက်က တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လက်ကိုင်ထားကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် ရာသီဥတုပြောင်းလဲမှုနှင့် အတူဂရုပြုကြသည့်ဒေသရေးရာပြဿနာများအပေါ် နှစ်ဖက် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။

အရေးကြီးပြဿနာများတွင် အမြဲတွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများပြုလုပ်သွားကြရန် နှစ်ဖက်အကြား သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။(Xinhua)

————————————————-
(English Version)

杨洁篪同美国总统国家安全事务助理沙利文举行会晤

新华社瑞士苏黎世10月6日电(记者陈俊侠 姜雪兰)当地时间2021年10月6日,中共中央政治局委员、中央外事工作委员会办公室主任杨洁篪同美国总统国家安全事务助理沙利文在瑞士苏黎世举行会晤。双方就中美关系和共同关心的国际与地区问题全面、坦诚、深入交换意见。会晤是建设性的,有益于增进相互了解。双方同意采取行动,落实9月10日两国元首通话精神,加强战略沟通,妥善管控分歧,避免冲突对抗,寻求互利共赢,共同努力推动中美关系重回健康稳定发展的正确轨道。

杨洁篪指出,中美能否处理好彼此关系,事关两国和两国人民根本利益,攸关世界前途命运。中美合作,两国和世界都会受益。中美对抗,两国和世界都会遭受严重损害。美方应深刻认识两国关系互利共赢的本质,正确认识中方内外政策和战略意图。中方反对以“竞争”来定义中美关系。
杨洁篪表示,中方重视拜登总统近期关于中美关系的积极表态,注意到美方表示无意遏制中国发展,不搞“新冷战”,希望美方采取理性务实的对华政策,同中方一道尊重彼此核心利益和重大关切,走中美相互尊重、和平共处、合作共赢之路。

杨洁篪阐述了中方在涉台、涉港、涉疆、涉藏、涉海、人权等问题上的严正立场,要求美方切实尊重中方主权安全发展利益,停止利用上述问题干涉中国内政。
美方表示坚持一个中国政策。
双方还就气候变化和共同关心的地区问题交换了意见。
双方同意就重要问题保持经常性对话和沟通。
图说1:10月6日,中共中央政治局委员、中央外事工作委员会办公室主任杨洁篪(右一)同美国总统国家安全事务助理沙利文(左一)在瑞士苏黎世举行会晤。新华社记者陈俊侠摄