Connect with us

Economy

တရုတ်တွင်ထုတ်လုပ်မှုက ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်အတွက် ခိုင်မာသော အထောက်အပံ့ပေး

ဟဲဖေး၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

၂၀၂၁ ခုနှစ် ကမ္ဘာ့ကုန်ထုတ်လုပ်မှုညီလာခံကို တရုတ်နိုင်ငံ၊ အန်းဟွေးပြည်နယ်၊ ဟဲဖေးမြို့တွင် နိုဝင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ကမ္ဘာ့စီးပွားရေးသည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည့်ကာလတွင် တရုတ်တွင်ထုတ်လုပ်မှုသည် ကမ္ဘာလုံးဆိုင်ရာစက်မှုလုပ်ငန်း ထောက်ပံ့ရေးကွင်းဆက်ကို တည်ငြိမ်စေရန်အတွက် ခိုင်မာပြီး ယုံကြည်စိတ်ချရသော အထောက်အပံ့ကိုလည်းပေးလျက်ရှိသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်၏ photovoltaic (ဆိုလာပြား) စက်မှုလုပ်ငန်းမှ ကမ္ဘာ့စျေးကွက်သို့ ကုန်ပစ္စည်းပေါင်း ၇၀ ရာခိုင်နှုန်းကျော်ကို ထောက်ပံ့ပေးခဲ့ပြီး လေအားလျှပ်စစ်ထုတ်လုပ်မှုသည် ကမ္ဘာ့စုစုပေါင်းကုန်ထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်း ကျော်ရှိကြောင်း အချက်အလက်များက ဖော်ပြထားသည်။

ယခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ ကုန်စည်များ ပြည်ပတင်ပို့မှုကုန်သွယ်ရေးပမာဏ စုစုပေါင်း တန်ဖိုးသည် ယွမ် ၁၅.၅၅ ထရီလီယံရှိပြီး ယမန်နှစ်ကထက်၂၂.၇ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း သိရသည်။ (Xinhua)

………………………………………………
(Chinese Version)
全球连线 | 中国制造为全球供应链提供坚实支撑
2021世界制造业大会11月19日至22日在安徽合肥市召开。
在全球经济面临多项挑战的当下,中国制造正为稳定全球产业链供应链提供坚实可靠的支撑。
数据显示,近年来中国光伏产业为全球市场供应了超过70%的组件,风电整机制造占全球总产量超过40%。
今年前三季度,中国货物贸易出口总值15.55万亿元人民币,同比增长22.7%。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.