Connect with us

Politics, Law & Military

တရုတ်နိုင်ငံကိုယ်စားလှယ်က အမေရိကန်အနေဖြင့် ဘက်ပေါင်းစုံ ရှင်းလင်းစွာနှင့် ပြီးပြည့်စုံစွာ ဖြင့် အရေးယူပိတ်ဆို့မှုအား ပယ်ဖျက်ရန် မျှော်လင့်ကြောင်း ပြောကြား

သြစတြီးယားနိုင်ငံ ဗီယင်နာတွင် ဇွန် ၁၂ ရက်က ကျင်းပပြုလုပ်သည့် အီရန်နျူကလီးယားအရေး ဘက်စုံညှိနှိုင်းဆောင်ရွက်မှုပူးတွဲကော်မတီ အစည်းအဝေးအပြီး တရုတ်နိုင်ငံ ကိုယ်စားလှယ် ဝမ်ချွင် (ရှေ့ညာ) က မေးမြန်းမှုအား ဖြေကြားနေစဉ်(ဆင်ဟွာ)

ဗီယင်နာ ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

အီရန်နျူကလီးယားအရေး ဘက်စုံညှိနှိုင်းဆောင်ရွက်မှုပူးတွဲကော်မတီ၏ သဘောတူညီချက် အသစ် ပြန်လည်လိုက်နာရေး နိုင်ငံရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် အဆင့် အစည်းအဝေးကို ဇွန် ၁၂ ရက်၌ သြစတြီးယားနိုင်ငံ ဗီယင်နာတွင်ကျင်းပပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံဆွေးနွေးမှု ကိုယ်စားလှယ် အဖြစ် ကုလသမဂ္ဂ ဗီယင်နာ အခြေစိုက် တရုတ်အမြဲတမ်း ကိုယ်စားလှယ် ဝမ်ချွင် က အစည်းအဝေးအား တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံ၏ သဘောထားရပ်တည်မှုကို ရှင်းလင်းပြောကြားပေးခဲ့သည်။ဝမ်ချွင် က အမေရိကန်-အီရန် သဘောတူညီချက်ပြန်လည်လိုက်နာရေး ဆွေးနွေးမှု ဆောင်ရွက်ခဲ့သည်မှာ အချိန် ၁၁ ပတ်ရှိလာခဲ့ပြီး နောက်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ၊ သို့သော် အရေးယူပိတ်ဆို့မှုပယ်ဖျက်ရေး နှင့် သက်ဆိုင်ရာ ကိစ္စရပ်များတွင် ဆွေးနွေးမှုများသည် ရှေ့ဆက်မတိုးနိုင်ဘဲ ဆုံးဖြတ်ချက်မချမှတ်နိုင်သေးကြောင်း ၊ အီရန်နိုင်ငံ ၏ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ အလေးထားဂရုပြုမှုသည် ကျိုးကြောင်းဆီလျော်မှုရှိကြောင်း ၊ ဘက်စုံသဘောတူညီချက်အား ပြန်လည်လိုက်နာရေးနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံအနေဖြင့် မဖြစ်မနေဦးစွာ အီရန် နိုင်ငံအပေါ် ဆောင်ရွက်ထားသည့် တစ်ဖက်သက်အရေးယူပိတ်ဆို့မှု နှင့် လက်တံရှည် တရားစီရင်အရေးယူပိတ်ဆို့မှုကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း ၊ အမေရိကန်နိုင်ငံ ၏ အီရန်နိုင်ငံအပေါ် ပုံမှန်စစ်လက်နက်များတင်ပို့ခွင့် ပိတ်ပင်ထားခြင်းသည်လည်း ဘက်စုံသဘောတူညီချက် နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ကိုက်ညီမှုမရှိသဖြင့် ပြီးပြည့်စုံစွာ ဖယ်ရှားသွားသင့်ကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့် ဇွန် ၁၀ ရက်၌ အီရန်နိုင်ငံ အပေါ် အရေးယူပိတ်ဆို့မှု အချက်အနည်းငယ်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သော်လည်း ယင်းဆောင်ရွက်မှုသည် လူများအား အနည်းနှင့်အများ သက်တောင့်သက်သာ မရှိသည့် ခံစားမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့် ဘက်စုံသဘောတူညီချက်အား ပြန်လည်ပါဝင်မည်ဟူသည့် နိုင်ငံရေးဆုံးဖြတ်ချက် ချမှတ်လိုက်ပြီဖြစ်သောကြောင့် သက်ဆိုင်ရာ အရေးယူပိတ်ဆို့မှုများကို ဘက်ပေါင်းစုံ ရှင်းလင်းစွာ နှင့် ပြီးပြည့်စုံစွာ ပယ်ဖျက်သွားသင့်ကြောင်း ၊ တစ်ချိန်တည်းမှာပင် သက်ဆိုင်ရာ အသီးသီးအနေဖြင့် ဆွေးနွေးမှုများမှတစ်ဆင့် လက်တွေ့ထိရောက်သောဆောင်ရွက်မှုများဖြင့် သက်ဆိုင်ရာနိုင်ငံများအား စိတ်သဘောရှိသည့်အတိုင်း နောက်တစ်ကြိမ်ထပ်မံ၍ သဘောတူညီချက်မှ နုတ်ထွက်ခြင်း နှင့် အရေးယူပိတ်ဆို့မှုပြန်လည်ဆောင်ရွက်ခြင်းတို့ကို တားဆီးသွားသင့်ကြောင်း ပြောကြားခဲ့သည်။

သြစတြီးယားနိုင်ငံ ဗီယင်နာတွင် ဇွန် ၁၂ ရက်၌ ကျင်းပပြုလုပ်သည့် အီရန်နျူကလီးယားအရေး ဘက်စုံညှိနှိုင်းဆောင်ရွက်မှုပူးတွဲကော်မတီ အစည်းအဝေး တက်ရောက်ခဲ့သည့် တရုတ်နိုင်ငံ ကိုယ်စားလှယ် ဝမ်ချွင် (ရှေ့ဝဲမှ၂) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် ဝမ်ချွင် က လက်ရှိချိန်သည် ဆွေးနွေးမှု၏နောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးအနေဖြင့် ကြိုးပမ်းဆောင်ရွက်မှု ပိုမိုပြုလုပ်ကြရန် မျှော်လင့်ကြောင်း ၊ ဆင်ခြင်တုံးတရား နှင့် လက်တွေ့ကျသည့် သဘောထားအား ကိုင်ဆွဲကာ အမြန်ဆုံး ဘက်စုံသဘောတူညီချက်ကို ထိရောက်စွာ ပြန်လည်လိုက်နာရေး သဘောတူညီချက် ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————————————
(English Version)

(国际)中国代表:希望美方全面、干净、彻底解除制裁

新华社维也纳6月12日电(记者于涛)6月12日,伊核全面协议联委会新一轮恢复履约谈判政治总司长级会议在奥地利维也纳举行。中国谈判代表、常驻维也纳联合国代表王群出席会议并阐述中方立场。

王群说,美伊恢复履约谈判持续了11周,已进入最后阶段,但制裁解除及相关问题在谈判中仍然拖而不决。伊朗对于这一问题的关切是正当合理的。要恢复全面协议履约,美国就必须首先解除其对伊单边制裁和对第三方长臂管辖制裁。美国对伊常规武器禁运,也与全面协议和联合国安理会相关决议不符,也应当彻底解除。美方10日宣布解除几项对伊制裁,但多少给人有些扭扭捏捏的感觉,美方既然已作出重返全面协议的政治决断,就应当全面、干净、彻底地取消所有相关制裁。同时,有关各方还应当通过谈判采取切实有效措施防止相关方再次随意退约和恢复实施制裁。

王群表示,在当前谈判的最后阶段,希望有关各方加倍努力,秉持理性和务实的态度,尽早达成全面有效恢复履约的一揽子方案。(完)

Photo
1. 6月12日,中国谈判代表、常驻维也纳联合国代表王群(前右)在奥地利维也纳参加伊核全面协议联委会新一轮恢复履约谈判政治总司长级会议后接受采访。新华社记者郭晨摄

2. 6月12日,中国谈判代表、常驻维也纳联合国代表王群(前左二)在奥地利维也纳参加伊核全面协议联委会新一轮恢复履约谈判政治总司长级会议。新华社发(欧盟驻维也纳代表团供图)