Connect with us

COVID-19 UPDATES

တရုတ်နိုင်ငံက ဇင်ဘာဘွေနိုင်ငံသို့ ကူညီပံ့ပိုးသော ပဥ္စမမြောက် ကိုဗစ်ကာကွယ်ဆေးများ ဟာရာရီသို့ ရောက်ရှိ

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေးများ ဇင်ဘာဘွေနိုင်ငံ ဟာရာရီမြို့ Robert Gabriel Mugabeလေဆိပ်သို့ ရောက်ရှိလာသည်ကို ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟာရာရီ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက ဇင်ဘာဘွေနိုင်ငံသို့ ကူညီပံ့ပိုးသော ပဥ္စမမြောက် ကိုဗစ်ကာကွယ်ဆေးများသည် ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းက မြို့တော် ဟာရာရီသို့ ရောက်ရှိခဲ့ရာ ဇင်ဘာဘွေနိုင်ငံ ဒုတိယ သမ္မတနှင့် ကျန်းမာရေးဝန်ကြီး Constantino Chiwenga တို့က လေဆိပ်တွင် ကြိုဆိုလက်ခံခဲ့သည်။

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေးများ ဇင်ဘာဘွေနိုင်ငံ ဟာရာရီမြို့ Robert Gabriel Mugabeလေဆိပ်သို့ ရောက်ရှိလာသည်ကို ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေးများ ဇင်ဘာဘွေနိုင်ငံ ဟာရာရီမြို့ Robert Gabriel Mugabeလေဆိပ်သို့ ရောက်ရှိလာသည်ကို ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Constantino Chiwengaက ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးကာလမှစ၍ တရုတ်နိုင်ငံက ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ဘက်ပေါင်းစုံကူညီအားပေးထောက်ပံ့မှုများ ပြုလုပ်ခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၈ ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးတွင် အာဖရိကကို ကာကွယ်ဆေးကူညီမှုအသစ်များပေးမည်ဟု ကြေညာပြီးနောက် ဇင်ဘာဘွေသည် ပထမဆုံးအသုတ် ကာကွယ်ဆေးကူညီမှုကို လက်ခံရရှိသည့်နိုင်ငံများအနက် တစ်ခုဖြစ်ရာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၏အဆင့်မြင့်မှုကို ပေါ်လွင်စေကြောင်း၊ တရုတ်နိုင်ငံ၏ ကာကွယ်ဆေးအကူအညီသည် လက်ရှိ ကိုဗစ် စတုတ္ထလှိုင်းကို ရင်ဆိုင်နေရသည့် ဇင်ဘာဘွေအတွက် အထူးလေးနက်ရာ အစိုးရနှင့်ပြည်သူများ အတွက် ကပ်ရောဂါတိုက်ဖျက်ရေး ဆုံးဖြတ်ချက်နှင့်ယုံကြည်ချက်ကို ကြီးမားသည့် အားပေးမှုဖြစ်ကြောင်း ဆိုသည်။

ဇင်ဘာဘွေနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကောရှောက်ချွမ်းက အာဖရိကသည် လက်ရှိတွင် ကြီးမားသည့် ကာကွယ်ဆေးကိုယ်ခံအားစနစ်တည်ဆောက်မှု ကွာဟချက်ကြီးနှင့် ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း ဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် အာဖရိကတိုက်၏ ကပ်ရောဂါတိုက်ဖျက်ရေး၊ ပြည်သူ့အသက်အိုးအိမ်လုံခြုံရေးအာမခံရှိစေလိုမှုမှာ တိကျခိုင်မာရာ အာဖရိကတိုက်နိုင်ငံပြည်သူများ လိုအပ်ချက်ရှိပါက ကပ်ရောဂါကို အနိုင်တိုက်ဖျက်နိုင်သည်အထိ တရုတ်နိုင်ငံဘက်မှ ကာကွယ်ဆေးများ အဆက်မပြတ်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ၊ ဇင်ဘာဘွေအစိုးရနှင့်ပြည်သူ ကပ်ရောဂါကို အနိုင်တိုက်ဖျက်မှုအပေါ် တရုတ်နိုင်ငံအနေဖြင့် အပြည့်အဝ ယုံကြည်ကြောင်း ဆိုသည်။

ယခုအကြိမ် ကူညီပေးအပ်သည့် ကာကွယ်ဆေးများမှာ တရုတ်နိုင်ငံထုတ် Sinovacကိုဗစ်ကာကွယ်ဆေးများ ဖြစ်ကြောင်း သိရသည်။ ဇင်ဘာဘွေနိုင်ငံသည် ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် တရုတ်နိုင်ငံမှကူညီပေးအပ်သည် ပထမအသုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးများအား လက်ခံရရှိခဲ့ပြီး နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသည့် Sinopharmကိုဗစ်ကာကွယ်ဆေး အသုတ်များစွာကို လက်ခံရရှိခဲ့သည်။

ဇင်ဘာဘွေကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ဒီဇင်ဘာ ၁၉ ရက် ညပိုင်းအထိ နိုင်ငံတစ်ဝန်း လူဦးရေ ၁၄ သန်းတွင် ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးသူ ၄.၀၅ သန်းရှိပြီး ၎င်းတို့အနက် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသူ ၃.၀၆ သန်းရှိကြောင်း သိရသည်။ ဇင်ဘာဘွေနိုင်ငံတွင် အသုံးပြုသည့်ကိုဗစ်ကာကွယ်ဆေးများအနက် ၉၅ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးများ ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际疫情)中国援助津巴布韦第五批新冠疫苗运抵哈拉雷
2021-12-21 04:22:42
新华社哈拉雷12月20日电(记者张玉亮)中国政府援助津巴布韦的第五批新冠疫苗20日下午运抵津首都哈拉雷。津巴布韦副总统兼卫生部长奇温加代表津政府到机场接收疫苗。
奇温加由衷感谢新冠疫情以来中方对津方抗疫提供的多方面援助和支持。他表示,中方在中非合作论坛第八届部长级会议上宣布对非疫苗援助新举措后,津巴布韦成为首批接收中方援助疫苗的国家之一,体现了两国全面战略合作伙伴关系的高水平。中国的疫苗援助对正在面临第四波新冠疫情的津巴布韦意义重大,极大鼓舞了津政府和人民抗击疫情的决心和信心。
中国驻津巴布韦大使郭少春表示,非洲目前仍面临巨大的“免疫鸿沟”。中国支持非洲抗击疫情、保障人民生命安全的态度是坚定和明确的,只要非洲人民有需要,中方就会持续不断地向非洲国家提供疫苗,直至非洲彻底战胜疫情。中方对津政府和人民战胜疫情充满信心。
据介绍,当天运抵的援助疫苗为中国科兴公司生产的新冠疫苗。津巴布韦今年2月15日接收了中国援助的首批国药集团生产的新冠疫苗,此后又接收多批中国援助的国药集团新冠疫苗。
据津巴布韦卫生部公布的数据,截至19日晚,在津全国约1400万人口中,已有405万人接种至少一剂新冠疫苗,其中306万人完成两剂接种。在该国接种的新冠疫苗中,95%以上为中国生产的新冠疫苗。(完)
图说1: 12月20日,中国援助津巴布韦的新冠疫苗运抵津巴布韦哈拉雷的罗伯特•穆加贝机场。 新华社记者张玉亮摄