Connect with us

China

တရုတ်နိုင်ငံက နိုင်ငံရပ်ခြားသို့ ကိုဗစ်ကာကွယ်ဆေး အရေအတွက် အများဆုံး ထောက်ပံ့ပေးသည့် နိုင်ငံ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော

နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းအား ၂၀၂၀ခုနှစ် ဇူလိုင် ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ယနေ့အထိ ကမ္ဘာပေါ်ရှိ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၁၁၀ ကျော်အတွက် ကာကွယ်ဆေး ၁.၇ ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ပြီး ၂၀၂၁ ခုနှစ်တစ်လျှောက်တွင် နိုင်ငံခြားသို့ ကာကွယ်ဆေးပမာဏ ၂ ဘီလီယံ ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် နိုင်ငံခြားသို့ ကိုဗစ် ကာကွယ်ဆေး အရေအတွက် အများဆုံး ထောက်ပံ့ပေးသည့် နိုင်ငံ ဖြစ်လာပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ ရရှိသော ကာကွယ်ဆေး အများစုမှာ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း က နိုဝင်ဘာ ၁၂ ရက်၌ ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းအား ၂၀၂၀ခုနှစ် ဇူလိုင် ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

နိုဝင်ဘာ ၁၀ ရက်နေ့တွင် Economist Intelligence Unit မှ အောက်တိုဘာလကုန်အထိ ကမ္ဘာတစ်ဝှမ်း၌ ကာကွယ်ဆေး ၇ ဘီလီယံကျော်ထိုးနှံထားပြီးဖြစ်သည်။ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများပံ့ပိုးမှုဖြင့် ချီလီနှင့် ကမ္ဘောဒီးယား နိုင်ငံတို့တွင် ကာကွယ်ဆေးထိုးနှံမှုနှုန်းသည် ၇၉ ရာခိုင်နှုန်းနှင့် ၇၇ ရာခိုင်နှုန်း အသီးသီး သို့ရောက်ရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည့် အမေရိကန်နှင့် ဥရောပတို့ထက် အရေအတွက်ပိုများနေကြောင်း သိရသည်။ ထိုအချက်အပေါ် တရုတ်အနေဖြင့် မည်သို့ မှတ်ချက် ပေးသနည်း ဟု ယင်းနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

ဝမ်းဝန်ပင်းက ဆက်စပ်သတင်းများကို သတိမထားမိကြောင်း၊ ကာကွယ်ဆေးများ မျှတစွာရရှိရေး မြှင့်တင်ရာတွင် တရုတ်နိုင်ငံ၏ အဆိုပြုမှုများနှင့် လုပ်ဆောင်ချက်များကို ကမ္ဘာက မြင်တွေ့ခဲ့ရကြောင်း၊ သမ္မတ ရှီကျင့်ဖိန် သည် ကာကွယ်ဆေးများကို ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် ဆောင်ရွက်ရေး အဆိုပြုရာတွင် ဦးဆောင်ခဲ့ကြောင်း၊ မကြာသေးမီက ရောမမြို့၌ ပြုလုပ်သည့် G20 ထိပ်သီးအစည်းအဝေးတွင်လည်း သမ္မတ ရှီကျင့်ဖိန်က အဓိက ဆောင်ရွက်ချက် ခြောက်ချက် အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှု ပဏာမခြေလှမ်းကို လေးနက်စွာ အဆိုပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ၎င်း၏ကြီးမားသောလူဦးရေအခြေခံနှင့် တင်းကျပ်သော ကာကွယ်ဆေးပေးဝေမှု၏ အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ပြီး ယခုအချိန်အထိ ကမ္ဘာ့နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ၁၁၀ ကျော်အား ကာကွယ်ဆေးအလုံးရေ ၁.၇ ဘီလီယံကျော်ကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်တစ်လျှောက်တွင် နိုင်ငံခြားသို့ ကာကွယ်ဆေးပမာဏ ၂ ဘီလီယံ ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ “ကိုဗစ်ကာကွယ်ဆေး အကောင်အထည်ဖော်ရေး စီမံချက်” အတွက် ကာကွယ်ဆေး အလုံးရေ သန်း ၇၀ ကျော် ထောက်ပံ့ပေးခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းခဲ့ကြောင်း၊ နိုင်ငံပေါင်း ၃၀ ကျော်နှင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” ကာကွယ်ဆေး မိတ်ဖက်ပဏာမခြေလှမ်း အစပြုခဲ့ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံ ၁၉ နိုင်ငံနှင့် ကာကွယ်ဆေးပူးတွဲထုတ်လုပ်ခြင်း စသည့်လုပ်ဆောင်ချက်များ ဆောင်ရွက်ခဲ့သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် နိုင်ငံခြားသို့ ကိုဗစ် ကာကွယ်ဆေး အရေအတွက် အများဆုံး ထောက်ပံ့ပေးသည့် နိုင်ငံ ဖြစ်လာပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ ရရှိသော ကာကွယ်ဆေး အများစုမှာ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း ဝမ်းဝန်ပင်း ကပြောကြားခဲ့သည်။

“နောက်တဆင့်မှာတော့ တရုတ်နိုင်ငံဟာ ကျန်းမာသော လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူအသိုက်အဝန်းရဲ့ အဆိုပြုချက်ကို ဆက်လက်လက်ကိုင်ပြုသွားမှာ ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အခမဲ့ ပံ့ပိုးကူညီမှုအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ ကာကွယ်ဆေးတွေ ပိုမိုပံ့ပိုးပေးမှာဖြစ်သလို ကာကွယ်ဆေးများ သာတူညီမျှရရှိရေးနဲ့ ကပ်ရောဂါကို စောစီးစွာ ပြီးပြည့်စုံအောင် တိုက်ဖျက်နိုင်ဖို့ တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုတွေ ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု ဝမ်းဝန်ပင်း ကပြောသည်။ (Xinhua)

………………………………………………
(Chinese Version)
外交部:中国是对外提供新冠疫苗最多的国家
新华社北京11月12日电(记者成欣、朱超)外交部发言人汪文斌12日表示,中国迄今已向世界110多个国家和国际组织提供超17亿剂疫苗,2021年全年将努力对外提供20亿剂。 目前,中国已成为世界上对外提供新冠疫苗最多的国家,发展中国家迄今获得的疫苗大多数来自中国。
当日例行记者会上,有记者问:10日,经济学人智库发布报告称,截至10月末,全球已接种逾70亿剂疫苗,受中国疫苗带动,智利、柬埔寨接种率已达79%、77%,高于美欧等发达国家。 中方对此有何评论?
汪文斌说,我注意到相关报道。 在推动疫苗公平可及方面,世界见证了中国倡议、中国行动。 习近平主席率先提出将疫苗作为全球公共产品的宣示。 在不久前召开的二十国集团领导人罗马峰会上,习近平主席又郑重提出包括6方面主要举措在内的全球疫苗合作行动倡议。
汪文斌说,中国克服自身人口基数巨大、疫苗供应紧张的现实困难,迄今已向世界110多个国家和国际组织提供超17亿剂疫苗,2021年全年将努力对外提供20亿剂。 中国已向“新冠疫苗实施计划”供应超过7000万剂疫苗,并捐赠1亿美元,还同30多个国家发起“一带一路”疫苗合作伙伴关系倡议,同19个发展中国家开展疫苗联合生产。 目前,中国已成为世界上对外提供新冠疫苗最多的国家,发展中国家迄今获得的疫苗大多数来自中国。