Connect with us

International Organizations

တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံအများကိုယ်စား ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ကမ္ဘာ့နိုင်ငံအသီးသီးအား ကာကွယ်ဆေးတန်းတူညီမျှစွာ ခွဲဝေပေးရန် တိုက်တွန်းပြောကြား

ကုလသမဂ္ဂ ဂျီနီဗာ အခြေစိုက် တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ချိန်ရွှီ က မေ ၂၇ ရက်၌ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ဂျီနီဗာ အခြေစိုက် တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ချိန်ရွှီ က ဇွန် ၂၁ ရက်၌ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၄၇)ကြိမ်မြောက် အစည်းအဝေး၌ COVID-19 ကပ်ရောဂါ ရင်ဆိုင်ဖြေရှင်းရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်အရာရှိ တွေ့ဆုံဆွေးနွေးမှုတွင် ကမ္ဘာ့ဒေသအသီးသီး မှ နိုင်ငံပေါင်း ၆၃ နိုင်ငံအား ကိုယ်စားပြုစု၍ ပူးတွဲ သဘောထားတင်သွင်းခဲ့ရာတွင် ကမ္ဘာ့ကာကွယ်ဆေးခွဲဝေမှုကို တန်းတူညီမျှစွာ ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။ချိန်ရွှီ က COVID-19 ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပျံ့နှံ့နေပြီး နိုင်ငံအသီးသီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုးရွားသည့် သက်ရောက်မှုကို ဖြစ်ပွားစေခဲ့ကြောင်း ၊ ကပ်ရောဂါဖြစ်ပွားရာတွင် စီးပွားရေး ၊ လူမှုရေး နှင့် ယဉ်ကျေးမှုအခွင့်အရေး၏ အရေးပါမှုကို ပေါ်လွင်စေခဲ့ပြီး နိုင်ငံအသီးသီး စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံကိုလည်း ပေါ်လွင်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ချိန်ရွှီက ကပ်ရောဂါအား အောင်မြင်စွာတိုက်ဖျက်နိုင်ရန် ကာကွယ်ဆေးသည် အားကောင်းသည့် အရာတစ်ခုဖြစ်သောကြောင့် ကာကွယ်ဆေးကို ကမ္ဘာ့အများပြည်သူပိုင်ဆိုင်သည့် ပစ္စည်းဖြစ်သင့်ကြောင်း ၊ သို့သော်လက်ရှိချိန်တွင် ကာကွယ်ရေးအား လက်လှမ်းမီနိုင်မှု ၊ ရရှိနိုင်မှု နှင့် အကုန်အကျခံနိုင်မှုတို့သည် ဆိုးရွားသည့် ကိစ္စရပ်တစ်ခုဖြစ်လာခဲ့ကြောင်း ၊ ကာကွယ်ဆေးလူမျိုးရေးဝါဒ ဆောင်ရွက်ခြင်း နှင့် နိုင်ငံရှိပြည်သူဦးရေထက် ပိုမိုများပြားသော ကာကွယ်ဆေးများ သိုလှောင်ထားခြင်းတို့သည် လွန်စွာစိုးရိမ်ဖွယ်ရာကောင်းသည့် ဆောင်ရွက်မှုမျိုးဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး တန်းတူညီမျှစွာခွဲဝေမှု တိုက်တွန်းချက်အပေါ် ကြိုဆိုပြီး နိုင်ငံအသီးသီးအနေဖြင့်လည်း နိုင်ငံတကာစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကို လက်ဆွဲ၍ ကတိပြုချက်အား လက်တွေ့ဆောင်ရွက်မှုအဖြစ်သို့ပြောင်းလဲဖော်ဆောင်သွားရန် တိုက်တွန်းကြောင်း ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ အချိန်မီ COVID-19 ရောဂါ ကာကွယ်ဆေး ရရှိရန်တိုးချဲ့ဆောင်ရွက်မှုအပေါ် ထောက်ခံအားပေးပြီး ကပ်ရောဂါအား အမြန်ဆုံးတိုက်ဖျက်နိုင်စေလိုကြောင်း ၊ မိမိတို့အနေဖြင့် စွမ်းဆောင်နိုင်မှုရှိသည့်နိုင်ငံများအား နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစွာ ပါဝင်ကြရန် တိုက်တွန်းလိုပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီထောက်ပံ့ပေးစေလိုကာ ကပ်ရောဂါကြောင့် ဖြစ်ပွားသည့် သက်ရောက်မှုကို ထိရောက်စွာ ဖြေရှင်းပေးစေလိုကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတက်ရောက်ခဲ့ကြသည့် ဖွံ့ဖြိုးဆဲနိုင်ငံအများ က တရုတ်နိုင်ငံ မှ ဖွံ့ဖြိုးဆဲနိုင်ငံများအား ကာကွယ်ဆေး ကူညီထောက်ပံ့ပေးခဲ့သည့်အပေါ် ကျေးဇူးတင်ခဲ့ကြသည်။ တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သဘောထားကို ပြောဆိုပေးခဲ့ပြီး နိုင်ငံအသီးသီးအနေဖြင့် ကာကွယ်ဆေး တန်းတူညီမျှစွာ ခွဲဝေမှုကို ထောက်ခံကြရန် ပြောကြားပေးခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————
(Chinese Verson)

(国际)中国代表广大发展中国家在联合国人权理事会呼吁促进全球疫苗公平分配

新华社日内瓦6月21日电中国常驻联合国日内瓦办事处和瑞士其他国际组织代表陈旭21日在联合国人权理事会第47次会议就新冠疫情应对问题与人权高专互动对话时,代表来自世界各地的63个国家作共同发言,呼吁促进全球新冠疫苗公平分配。

陈旭表示,新冠疫情仍在全球蔓延,对各国特别是发展中国家经济社会发展造成严重消极影响。疫情凸显经济、社会、文化权利的重要性,凸显各国团结合作的重要性。

陈旭表示,疫苗是战胜疫情的有力工具,因此应该成为全球公共产品,但目前疫苗的可及性、可获得性和可负担性成为严重问题。“疫苗民族主义”和囤积远超人口需要疫苗的做法令人担忧。我们支持联合国关于全球公平分配疫苗的呼吁,敦促所有国家本着国际团结合作精神,将承诺转化为实际行动,支持广大发展中国家及时获取新冠疫苗,提高疫苗在发展中国家包括最不发达国家的可及性、可负担性和生产量,拯救生命,尽快战胜疫情。我们呼吁有能力的国家积极参与国际发展合作,帮助发展中国家实现可持续发展,有效化解疫情影响。

许多发展中国家表示,感谢中国向发展中国家提供疫苗援助。中国所作的共同发言道出了发展中国家的心声,希望各国都能支持公平分配疫苗。(完)

Photo
5月27日,中国常驻联合国日内瓦办事处和瑞士其他国际组织代表陈旭在瑞士日内瓦联合国人权理事会特别会议上讲话。