Connect with us

International Organizations

တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိတ်ရင်းစေတနာမှန်ကန်ပြီးအားကိုးနိုင်သော မိတ်ဖက်အဖြစ် ခိုင်မာစွာ လုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံ ကိုယ်စားလှယ်ပြောကြား

ကုလသမဂ္ဂ ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ဇန်နဝါရီ ၁၄ ရက်တွင် ကျင်းပသော G77 ဥက္ကဋ္ဌ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား၌ တရုတ်နိုင်ငံသည် နှစ်သစ်တွင် G77 အဖွဲ့ဝင်များနှင့် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သလို တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိတ်ရင်းစေတနာမှန်ကန်ပြီး အားကိုးနိုင်သော မိတ်ဖက်အဖြစ် ခိုင်မာစွာ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်အတွက် ဥက္ကဋ္ဌတာဝန်ယူခဲ့သော ဂီနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Kuyat၊ ၂၀၂၂ ခုနှစ်အတွက် ဥက္ကဋ္ဌဖြစ်သော ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Qureshi ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဌ Shahi တို့မှ မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။

ကျန်းကျွင်းက ကမ္ဘာပေါ်တွင် ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးသည် နှေးကွေးပြီး အဖန်တလဲလဲဖြစ်နေသလို ကမ္ဘာ့စီးပွားရေးပြန်လည်နလန်ထူရေးမှာလည်း အခက်အခဲများစွာနှင့်ကြုံတွေ့နေရသောကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ၂၀၃၀ ရည်မှန်းချက် အကောင်အထည်ဖော်ရေးသည် ပြင်းထန်သော စိန်ခေါ်မှုများ ရှိနေကြောင်း၊ လက်ရှိ အခြေအနေတွင် G77 နှင့် တရုတ်နိုင်ငံတို့၏အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း၊ အဖွဲ့အသီးသီးမှ စည်းလုံးညီညွှတ်ပြီး အတူတကွဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ဖြင့် ရှေ့ဆက်ရန် အာရုံစိုက်ရမည် ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ကျန်းကျွင်းက ကပ်ရောဂါတိုက်ဖျက်ရေး ဆောလျင်စွာ အောင်မြင်မှုရရှိနိုင်ရန်အတွက် ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်ဆောင်ရွက်သင့်ကြောင်း၊ ပြည်သူနှင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကိုဦးထိပ်ထားခြင်းကို ခိုင်မာစွာလက်ကိုင်ကာ ကပ်ရောဂါတိုက်ဖျက်ရေး အတွေ့အကြုံများကို မျှဝေ၍ ကာကွယ်ဆေးနှင့် ဆေးဝါးထုတ်လုပ်မှုတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ကာကွယ်ဆေးရရှိရေး၊ ကာကွယ်ဆေးရရှိမှု ကွာဟချက်များကို လျှော့ချရေးအတွက် နိုင်ငံတကာအသိုက်အဝန်းမှ ပိုမိုပါဝင်လာရန် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း ၁၂၀ ကျော်ကို ကာကွယ်ဆေးပမာဏ၂ ဘီလီယံကျော် ကူညီပံ့ပိုးပေးခဲ့ရာ ပြည်ပသို့ ကာကွယ်ဆေးအများဆုံး ထောက်ပံ့ပေးသောနိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံက အခမဲ့အကူအညီပေးခြင်း၊ ပူးပေါင်းထုတ်လုပ်ခြင်းနည်းလမ်းများဖြင့် နိုင်ငံအသီးသီးသို့ ကာကွယ်ဆေးများ ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ လာမည့် ၃ နှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများကပ်ရောဂါအပြီး စီးပွားရေးပြန်လည် နာလန်ထူရေးတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ထပ်မံပံ့ပိုးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျန်းကျွင်းက ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးကာ စီးပွားရေးနာလန်ထူရေးနှင့် ဖွံ့ဖြိုးမှုကို အရှိန်မြှင့်တင်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထားသည့် လုပ်ငန်းစဉ်ကို တွန်းအားပေးရန် ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ဖွံ့ဖြိုးတိုးတက်ရေးဘဏ္ဍာငွေ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စွမ်းအင်ဖူလုံရေးစသည့် ကဏ္ဍာများကို အာရုံစိုက်သင့်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဖွံ့ဖြိုးရေးကူညီမှု ကတိကဝတ်များကို အကောင်အထည်ဖော်ရန် တိုက်တွန်းရမည်ဖြစ်ကြောင်း၊ မက်ခရိုစီးပွားရေးမူဝါဒများ အကောင်အထည်ဖော်ရေး၊ ငွေကြေးဖောင်းပွမှုများ ကမ္ဘာတဝန်းသို့ ပျံ့နှံခြင်းကို ဟန့်တားရေး စသည်တို့ကို လုပ်ဆောင်ရန် ၎င်းကဆိုသည်။

ကျန်းကျွင်းက အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု နှင့် ကမ္ဘာ့ဂေဟပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ပြီးပြည့်စုံကောင်းမွန်အောင် တွန်းအားပေးဆောင်ရွက်ရန်၊ တူညီသည့်ဦးတည်ချက်ဖြင့် မတူညီသည့် တာဝန်ဝတ္တရား အခြေခံမူကို ခိုင်မာစွာ လက်ကိုင်ကာ ပါရီစာချုပ်ကို အပြည့်အဝအကောင်အထည်ဖော်ရန်၊ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ အပြောနှင့်လုပ်ဆောင်ချက်များ ညီညွတ်ရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အစိမ်းရောင် ကာဗွန်လျှော့ အသွင်ပြောင်းမှုကို ထောက်ခံရန် အလေးထားပြောကြားခဲ့သည်။

ကျန်းကျွင်းက နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကျင့်သုံးရန်၊ ကမ္ယာလုံးဆိုင်ရာမိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းအောင် လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂကို အဓိကထားသည့် နိုင်ငံတကာ အဖွဲ့အစည်းကို ခိုင်မာစွာ ထိန်းသိမ်းရန်၊ တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ၊ ထင်မြင်ချက် အယူအဆ စည်းခြား၍ ဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များကို နိုင်ငံရေးအသွင်ဆောင်ခြင်းများကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန်၊ တောင်-မြောက်ပူးပေါင်းဆောင်ရွက်ရေး အဓိကလမ်းကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အခင်းအကျင်းများကို ခိုင်မာစွာ လက်ကိုင်ပြုလျက် တန်းတူညီမျှပြီး ဘုံအကျိုးဖြစ်ထွန်းမှု နည်းလမ်းကို ရှာဖွေသင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………………

(Chinese Version)

(国际)中国代表:将坚定做发展中国家真诚可靠的伙伴

2022-01-15 11:25:49 分类: 其他
新华社联合国1月14日电中国常驻联合国代表张军14日在77国集团主席国在线交接仪式上表示,在新的一年,中方将同77国集团成员保持密切合作,坚定做发展中国家真诚可靠的伙伴。
2021年主席国几内亚外长库亚特、2022年主席国巴基斯坦外长库雷希、联合国秘书长古特雷斯、第76届联大主席沙希德致辞。

张军表示,全球新冠疫情延宕反复,世界经济复苏步履维艰,发展中国家落实2030年议程面临严峻挑战。当前形势下,“77国集团和中国”的作用更为重要,应该凝心聚力,向着联合自强、共同发展的目标勇毅前行。
张军强调,要深化抗疫合作,力争早日战胜疫情。要坚持人民至上、生命至上,积极分享抗疫经验,开展疫苗生产和药物研发合作,推动国际社会加大投入,确保疫苗在发展中国家的可及性和可负担性,弥合“免疫鸿沟”。他说,中方已向120多个国家和国际组织提供超过20亿剂疫苗,是对外提供疫苗最多的国家。中国还在通过无偿援助、联合生产等方式,继续向各国提供更多疫苗。未来3年中方将再提供30亿美元,支持发展中国家疫后复苏发展。
张军表示,要坚持发展优先,加快经济复苏和增长。要继续推动联合国将发展置于议程核心位置,重视发展中国家在减贫、发展筹资、粮食安全、能源安全等方面需求。敦促发达国家落实发展援助承诺,实施负责任宏观经济政策,遏制通胀向全球蔓延。

张军强调,要促进绿色发展,完善全球生态环境治理。要坚持“共同但有区别的责任”等原则,全面落实《巴黎协定》,要求发达国家言行一致,支持发展中国家绿色低碳转型。

张军表示,要践行多边主义,深化全球伙伴关系。要坚定维护以联合国为核心的国际体系,以国际法为基础的国际秩序,旗帜鲜明地反对单边主义和保护主义,反对意识形态划线和发展问题政治化。要坚持南北合作为主渠道、南南合作为补充的国际发展合作格局,坚持平等互利,谋求合作共赢。(完)

图说-12月1日,在位于纽约的联合国总部,中国常驻联合国代表张军在联合国大会审议巴勒斯坦问题和中东局势时发言。 新华社记者 谢锷 摄