Connect with us

China

တရုတ်နိုင်ငံက လကမ္ဘာနှင့်ဂြိုဟ် လေ့လာစူးစမ်းရေးလုပ်ငန်းများကို ဆက်လက် အကောင်အထည် ဖော်ဆောင်သွားမည်ဟု စက္ကူဖြူစာတမ်းတွင် ထည့်သွင်းဖော်ပြထား

တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် Zhurong အား ဂြိုဟ်ပေါ်ဆင်းသက်သော ပလက်ဖောင်းနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- CNSA/Handout via Xinhua)

ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် လာမည့် ၅ နှစ်တာကာလတွင် လကမ္ဘာနှင့်ဂြိုဟ်များ လေ့လာစူးစမ်းမှုလုပ်ငန်းအစီအစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး နေအဖွဲ့အစည်း အစွန်အဖျား စူးစမ်းထောက်လှမ်းခြင်းစသည့် အကောင်အထည်ဖော်မှုနည်းလမ်းများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးက ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်သည့် 《၂၀၂၁ ခုနှစ် တရုတ်နိုင်ငံ၏အာကာသ》 စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

လကမ္ဘာနမူနာပစ္စည်းသယ်ဆောင်လာသည့် Chang’e-5 ကမ္ဘာမြေသို့ပျံသန်းယာဉ် တရုတ်နိုင်ငံ အတွင်းမွန်ဂိုးလီးယားဒေသ သတ်မှတ်နေရာတွင် လုံခြုံဘေးကင်းစွာ ဆင်းသက်လာသည်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံး သံတမန်များနှင့် နိုင်ငံတကာအဖွဲ့အစည်း လူပုဂ္ဂိုလ်များက တရုတ်သိပ္ပံအကယ်ဒမီ အမျိုးသား နက္ခတ္တဗေဒလေ့လာရေးဌာနတွင် Chang’e-5 မစ်ရှင်၏ ဗွီဒီယိုအား ကြည့်ရှုနေသည်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စက္ကူဖြူစာတမ်းက လကမ္ဘာ စူးစမ်းလေ့လာရေး လုပ်ငန်းခရီးစဉ်နှင့်စပ်လျဉ်းပြီး Chang’e-4 စူးစမ်းလေ့လာရေးယာဉ်သည် Queqiao ၏ တစ်ဆင့်ခံဆက်သွယ်မှုဖြင့် ပထမဆုံးအကြိမ် အာကာသယာဉ်က လကမ္ဘာအနောက်ဘက်အခြမ်းကို ညင်သာစွာဆင်းသက်ကာ စူးစမ်းလေ့လာမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ Chang’e-5 သည် တရုတ်နိုင်ငံ၏ ပထမဆုံးအကြိမ် ကမ္ဘာ့ပြင်ပ အာကာသ နမူနာပစ္စည်း သယ်ဆောင်ခြင်းကို အကောင်အထည်ဖော်ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး လကမ္ဘာ နမူနာ ပစ္စည်း ၁,၇၃၁ ဂရမ်ကို ကမ္ဘာမြေပေါ်သို့ အောင်မြင်စွာ သယ်ဆောင်လာခဲ့ရာ လကမ္ဘာစူးစမ်းလေ့လာရေးလုပ်ငန်းစဉ်၏ “လှည့်ပတ်ခြင်း၊ ဆင်းသက်ခြင်း၊ ပြန်သွားခြင်း”စသည့် ခြေလှမ်းသုံးရပ်ကို အပြည့်အဝ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ဂြိုဟ်လေ့လာမှုနှင့်စပ်လျဉ်း၍ စက္ကူဖြူစာတမ်းက Tianwen-1 စူးစမ်းလေ့လာရေးယာဉ် အောင်မြင်စွာ လွှတ်တင်ကာ အင်္ဂါဂြိုဟ်ကို လှည့်ပတ်ခြင်း၊ ဆင်းသက်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး Zhurong အင်္ဂါဂြိုဟ်ပေါ်သွားယာဉ်က စူးစမ်းလေ့လာ စမ်းသပ်မှုများ ပြုလုပ်နေပြီဖြစ်ရာ အင်္ဂါဂြိုဟ်ပေါ်တွင် ပထမဆုံး တရုတ်လူမျိုးတို့၏ခြေရာ ထားရှိနိုင်ခဲ့ပြီဖြစ်ကြောင်း၊ တရုတ်အာကာသကဏ္ဍသည် ကမ္ဘာနှင့်လ အဖွဲ့အစည်းမှ ဂြိုဟ်များအကြား လေ့လာစူးစမ်းမှု၏ ကျော်လွှားခြင်းကို အကောင်အထည် ဖော်နိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

နောင်လာမည့် ၅ နှစ်ကြာ ကာလတွင် တရုတ်နိုင်ငံသည် လကမ္ဘာစူးစမ်းလေ့လာရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက္ကူဖြူစာတမ်းက ဖော်ပြထားသည်။
Chang’e-6 စူစမ်းလေ့လာရေးယာဉ် လွှတ်တင်ပြီး လကမ္ဘာအစွန်းအဖျားပိုင်းဒေသ နမူနာပစ္စည်းများ သယ်ဆောင်မှုကို အကောင်အထည် ဖော်ဆောင်ခြင်း၊ Chang’e-7 စူးစမ်းလေ့လာရေးယာဉ်လွှတ်တင်ကာ လကမ္ဘာအစွန်အဖျားပိုင်းဒေသတွင် မြေပြင်သို့အတိအကျဆင်းသက်ခြင်းနှင့် လကမ္ဘာပေါ်ရှိ အရိပ်ကျဧရိယာများ၏ ကျော်လွှားမှုကို စမ်းသပ်ခြင်း၊ Chang’e-8 က အဓိက နည်းပညာကဏ္ဍကို ပြီးပြည့်စုံအောင် ဆောင်ရွက်ကာ သက်ဆိုင်ရာ နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များနှင့်အတူ နိုင်ငံတကာ လကမ္ဘာ သုတေသနပြုလေ့လာရေးစခန်းကို အတူ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဂြိုဟ်လေ့လာစူးစမ်းရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ဂြိုဟ်ငယ် စူးစမ်းလေ့လာရေးယာဉ်များ လွှတ်တင်ပြီး ကမ္ဘာဂြိုဟ်အနီး ဂြိုဟ်သိမ်ဂြိုဟ်မွှားများမှ နမူနာယူခြင်းနှင့် ပင်မကြယ်တံခွန်ခါးပတ်လမ်းစူးစမ်းလေ့လာခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ပြီး အင်္ဂါဂြိုဟ်မှ နမူနာ ပြန်လည်ယူဆောင်လာခြင်း၊ ကြာသပတေးဂြိုဟ် (သို့) ဂျူပီတာဂြိုဟ်အဖွဲ့အစည်းအား လေ့လာစူးစမ်းခြင်း စသည့် အရေးကြီးနည်းပညာများကို ပြီးမြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နေအဖွဲ့အစည်းနယ်နမိတ်အစွန်းလေ့လာခြင်း နည်းလမ်းများအား ဖော်ဆောင်သွားမည် ဖြစ်ကြောင်း စက္ကူဖြူစာတမ်းက ဖော်ပြထားသည်။ (Xinhua)

………………………………………
(Chinese Version)
(2021中国的航天白皮书)白皮书:中国将继续实施月球探测工程、行星探测工程
2022-01-28 10:21:56
新华社北京1月28日电(记者胡喆、宋晨)国务院新闻办公室28日发布的《2021中国的航天》白皮书说,未来五年,中国将继续实施月球探测工程、行星探测工程,论证太阳系边际探测等实施方案。
谈及月球探测工程,白皮书说,“嫦娥四号”探测器通过“鹊桥”卫星中继通信,首次实现航天器在月球背面软着陆和巡视勘察。“嫦娥五号”探测器实现中国首次地外天体采样返回,将1731克月球样品成功带回地球,标志着探月工程“绕、落、回”三步走圆满收官。
谈及行星探测工程,白皮书说,“天问一号”火星探测器成功发射,实现火星环绕、着陆,“祝融号”火星车开展巡视探测,在火星上首次留下中国人的印迹,中国航天实现从地月系到行星际探测的跨越。
白皮书指出,未来五年,中国将继续实施月球探测工程,发射“嫦娥六号”探测器、完成月球极区采样返回,发射“嫦娥七号”探测器、完成月球极区高精度着陆和阴影坑飞跃探测,完成“嫦娥八号”任务关键技术攻关,与相关国家、国际组织和国际合作伙伴共同开展国际月球科研站建设。继续实施行星探测工程,发射小行星探测器、完成近地小行星采样和主带彗星探测,完成火星采样返回、木星系探测等关键技术攻关。论证太阳系边际探测等实施方案。(完)

图说1:“着巡合影”图。。 新华社发(国家航天局供图)
图说2:2020年12月17日凌晨,嫦娥五号返回器携带月球样品,采用半弹道跳跃方式再入返回,在内蒙古四子王旗预定区域安全着陆。新华社记者 连振 摄
图说3:2021年1月18日,外国驻华使馆及国际组织人员在中科院国家天文台观看嫦娥五号任务视频。新华社记者 金立旺 摄