Connect with us

International Organizations

တရုတ်နိုင်ငံက အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ပြော

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်ကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် အောက်တိုဘာ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က တရုတ်နိုင်ငံသည် အကြမ်းဖက်မှုပုံစံ အားလုံးနှင့် လူအများအပြား သေစေနိုင်သော လက်နက်များ ၊ ၎င်းတို့အား သယ်ယူပို့ဆောင်သောယာဉ်များ ပြန့်ပွားလာမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ၊ နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ ဆောင်ရွက်ရန်၊ အပြည်ပြည်ဆိုင်ရာ လက်နက်မပြန့်ပွားရေးစနစ် ပြည့်စုံကောင်းမွန်စွာ မြှင့်တင်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ပူးပေါင်းထိန်းသိမ်းရန် ဆန္ဒရှိကြောင်း ဒီဇင်ဘာ ၂ ရက်က ပြောကြားခဲ့သည်။

အကြမ်းဖက်မှု နှင့် လူအများအပြား သေစေနိုင်သော လက်နက်များ ပြန့်ပွားမှုသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေကြောင်း ကိန်းစွမ်က ထိုနေ့တွင် ပြုလုပ်သော လုံခြုံရေးကောင်စီနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ အေဂျင်စီများ ပူးတွဲရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ လက်ရှိ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး အခြေအနေသည် ရှုပ်ထွေးပြင်းထန်နေဆဲ ဖြစ်ကြောင်း၊ ကိုဗစ်ကပ်ရောဂါ ဆက်လက်ပြန့်ပွားမှုကြောင့် နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများအပေါ် ရှုပ်ထွေးသော သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ယင်းသည် နှစ်လယ်မှ ကာလရှည် အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုကို တိုးမြင့်လာစေကြောင်း၊ လူအများအပြား သေစေနိုင်သော လက်နက်များ ပြန့်ပွားမှုအန္တရာယ်ကို တိုးမြှင့်စေခဲ့ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ယင်းကို ထိရောက်စွာ ကိုင်တွယ်ရန် အလေးထားဆောင်ရွက်သင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၁၂၆၇ ကော်မတီသည် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီ၏ အရေးကြီးသော အကြမ်းဖက်မှု တိုက်ဖျက်အရေးယူပိတ်ဆို့ခြင်း အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကော်မတီ၏ သက်ဆိုင်ရာ လုပ်ငန်းများကို ထောက်ခံကြောင်း၊ ကော်မတီသည် ခိုင်လုံသော အထောက်အထားများနှင့် အများသဘောတူညီမှုအပေါ် အခြေခံ၍ စာရင်းသွင်းခြင်း၊ ကင်းလွတ်ခွင့်နှင့် ထုတ်ပယ်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် တရားမျှတသောအခြေခံမူဘောင်အောက်တွင် ဆောင်ရွက်ရန်၊ ပိတ်ဆို့အရေးယူမှု စနစ်အခွင့်အာဏာနှင့် ထိရောက်မှုကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကပ်ရောဂါကာလအတွင်း ကော်မတီစောင့်ကြည့်ရေးအဖွဲ့၏ လုပ်ငန်းဆောင်တာများကို မြဲမြံစွာ လုပ်ဆောင်မှု၊ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် အခြေအနေကို ခြေရာခံပြီး အစီရင်ခံစာ ရေးသားမှု၊ ကော်မတီလုပ်ငန်းအတွက် အရေးကြီးသော ကိုးကားချက်များ ထောက်ပံ့ပေးခဲ့မှုအပေါ် တန်ဖိုးထားချီးကျူးပါကြောင်း ၊ စောင့်ကြည့်အဖွဲ့ အစီရင်ခံစာတွင် ထောက်ပြထားသည့်အတိုင်း အယ်လ်ကိုင်းဒါး၊ အိုင်အက်စ်၊ ETIM ကဲ့သို့သော အကြမ်းဖက်တပ်ဖွဲ့များသည် အလွန်တက်ကြွနေဆဲ၊ အထူးသဖြင့် အာဖဂန်နစ္စတန်တွင် မငြိမ်မသက်မှုများကို အခွင့်ကောင်းယူရန် ကြိုးပမ်းနေမှုအပေါ် ကော်မတီမှ ဆက်လက်စောင့်ကြည့်ဂရုပြုရမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ယခုနှစ်သည် လုံခြုံရေးကောင်စီ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီ တည်ထောင်ခြင်း နှစ် ၂၀ ပြည့်ဖြစ်ကြောင်း၊ နှစ်ပေါင်း ၂၀ ကာလအတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ အဖွဲ့အစည်းများသည် အဖွဲ့ဝင်နိုင်ငံများအား လုံခြုံရေးကောင်စီ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန် ကူညီပေးခဲ့ပြီး အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှုကို တိုက်ဖျက်ရာတွင် ထိရောက်သော အစီအမံများ ဆောင်ရွက်ခဲ့ကြောင်း၊ သတင်းဖလှယ်မှုများ အားကောင်းလာစေရန်နှင့် တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရာတွင် ထိရောက်သော အစီအမံများဖြစ်ခဲ့ကြောင်း၊ လုံခြုံရေးကောင်စီသည် ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အာဖရိကနိုင်ငံများနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး ရှေ့တန်းကျနိုင်ငံများ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး စွမ်းရည်များ အားကောင်းလာစေရန်၊ နိုင်ငံရေး၊ စီးပွားရေး၊ တရားစီရင်ရေး နည်းလမ်းများဖြင့် အကြမ်းဖက်ဝါဒကို မူလဇစ်မြစ်မှ ချေမှုန်းရန် ကူညီသွားမည်ဟု မျှော်လင့်ကြောင်း ကိန်းစွမ်က ထည့်သွင်းပြောကြားခဲ့သည်။

၁၅၄၀ ကော်မတီသည် နိုင်ငံတကာ လက်နက်မပြန့်ပွားရေးစနစ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ဆုံးဖြတ်ချက် ၁၅၄၀ ကို အကောင်အထည်ဖော်ရေးဘက်စုံမြှင့်တင်ရန် ကော်မတီကို တရုတ်နိုင်ငံက ထောက်ခံကြောင်း၊ ယခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ပထမကော်မတီသည် “နိုင်ငံတကာ လုံခြုံရေးနယ်ပယ်တွင် ငြိမ်းချမ်းစွာပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ခြင်း” ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး လက်နက်မပြန့်ပွားရေးစနစ်ကို ဟန်ချက်ညီညီ စီမံဆောင်ရွက်ရန်နှင့် နိုင်ငံတကာ ဆက်ဆံရေးကို ငြိမ်းချမ်းစွာ အသုံးချရန် တောင်းဆိုထားကြောင်း၊ ကော်မတီသည် ပြန့်ပွားမှုအန္တရာယ်များကိုထိရောက်စွာကိုင်သွယ်ရာတွင် လူအများအပြား သေစေနိုင်သော လက်နက်များ ရယူခြင်းမှ ကာကွယ်ရန်သာမက သက်ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန် ကိန်းစွမ်က အကြံပြုပြောကြားခဲ့သည်။

၁၂၆၇ ကော်မတီ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီနှင့် ၁၅၄၀ ကော်မတီတို့သည် တူညီသော ဦးတည်ချက်ဖြင့် မတူညီသော တာဝန်ဝတ္တရား အသီးသီးသယ်ပိုးနေသောကြောင့် သတင်းအချက်အလက် စုဆောင်းခြင်း၊ ဖလှယ်ခြင်းနှင့် မျှဝေခြင်းများတွင် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………………….
(Chinese Version)
(国际)中国常驻联合国副代表:中方将与国际社会一道推进反恐合作、完善防扩散体系
新华社联合国12月2日电(记者王建刚)中国常驻联合国副代表耿爽2日表示,中方反对一切形式的恐怖主义,坚决反对大规模杀伤性武器及其运载工具的扩散,将继续与国际社会一道,积极推进国际反恐合作,完善国际防扩散体系,共同维护世界和平与稳定。
耿爽在当天举行的安理会反恐及相关机构联合通报会上说,恐怖主义和大规模杀伤性武器扩散严重威胁国际和平与安全。当前国际反恐形势依然复杂严峻。新冠肺炎疫情持续延宕,给国际反恐努力带来复杂影响,既增加了中长期恐怖威胁,也放大了大规模杀伤性武器扩散风险。国际社会应对此高度重视,通过综合施策加以有效应对。
他说,1267委员会是联合国及安理会的重要反恐制裁机制。中方支持委员会同当事国加强沟通,希望委员会在列名、豁免、除名等问题上秉持客观、公正、专业原则,以确凿证据为依据,以广泛共识为基础,维护制裁机制权威性和有效性。中方赞赏委员会监测小组在疫情期间坚守工作岗位,密切跟踪全球恐怖形势并起草报告,为委员会工作提供重要参考。正如监测小组报告指出,“伊斯兰国”、“基地”组织、“东伊运”等恐怖势力仍十分活跃,特别是试图在阿富汗趁乱坐大,委员会应对此保持高度关注。
耿爽说,今年是安理会反恐委员会成立20周年。20年来,反恐委员会和反恐执行局帮助会员国落实安理会反恐决议,在打击恐怖融资、加强信息交流、开展司法合作等方面采取有效举措,有关工作值得肯定。希望反恐委员会重点帮助发展中国家,特别是非洲国家和反恐前沿国家加强反恐能力建设,通过政治、经济、司法等综合手段,消除恐怖主义根源。
他说,1540委员会是国际防扩散机制的重要组成部分。中方支持委员会全面促进第1540号决议执行。今年联大第一委员会通过“在国际安全领域促进和平利用国际合作”决议,呼吁平衡处理防扩散与和平利用的关系。委员会也应对此给予重视,既要有效应对扩散风险、防止非国家行为体获取大规模杀伤性武器,也要促进相关国际合作、捍卫各国特别是发展中国家和平利用的权利。
耿爽表示,1267委员会、反恐委员会和1540委员会职责各不相同,但也有相近之处,应该在信息收集、交流、共享等方面加强协调与合作。安理会本月将讨论安理会1267委员会监测小组和监察员授权、反恐执行局授权延期问题,中方将同安理会其他成员保持沟通,积极参与决议草案磋商,对相关授权延期作出妥善安排。(完)