Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံအသီးသီးအနေဖြင့် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို အခွင့်အလမ်းအဖြစ် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် တိုက်တွန်းကြောင်း ပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့၌ သတင်းစာရှင်းလင်းပွဲအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား တွေ့ရစဉ် (ဓာတ်ပုံ- နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်)

ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဇန်နဝါရီ ၂၅ ရက် မိန့်ခွန်းပြောကြားရာတွင် နိုင်ငံအသီးသီးအနေဖြင့် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကာလအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာကြရန် တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံအနေဖြင့် ဂူတာရက်စ်၏ ပြောကြားမှုကို ခိုင်မာစွာ ကြိုဆိုထောက်ခံကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို အခွင့်အလမ်းအဖြစ် ကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖယ်ရှားရန်၊ ထိပ်တိုက်ရင်ဆိုင်မှုများကို ပူးပေါင်းဆောင်ရွက်မှုဖြင့် အစားထိုးရန် တိုက်တွန်းကြောင်း ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့ကကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ကျောက်လိကျန်းက ရှည်လျားသောသမိုင်းရှိသည့် အိုလံပစ် အပစ်အခတ်ရပ်စဲရေးအစဉ်အလာသည် လူသားတို့၏ ငြိမ်းချမ်းရေးနှင့် အပြန်အလှန် ဖေးမကူညီခြင်း လိုလားချက်များကို အသွင်ဆောင်ပြီး ကုလသမဂ္ဂ၏ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းသော ရည်ရွယ်ချက်နှင့် အလားတူပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မကြာသေးမီက ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ပေကျင်းဆောင်ရာသီအိုလံပစ်ပွဲတော် အိုလံပစ်အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ရာ နိုင်ငံတကာအသိုက်အဝန်း၏ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်မှု အပေါ် ခိုင်မာသောယုံကြည်မှုကို ပေါ်လွင်ကြောင်းနှင့် စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်ကာ ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းရန် ကမ္ဘာ့နိုင်ငံပြည်သူအသီးသီးမှ ကြီးမားသော အင်အားကို စုစည်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့်ငြိမ်းချမ်းရေး ကတိကဝတ်များကို ခိုင်မာစွာ လိုက်နာကာ စစ်မှန်သော နိုင်ငံပေါင်းစုံ ဘက်ပေါင်းစုံ မူဝါဒကို ကျင့်သုံးပြီး ကုလသမဂ္ဂ၏လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ထောက်ခံကာ နွေရာသီနှင့် ဆောင်းရာသီ အိုလံပစ်ပွဲတော်များတွင် တက်ကြွစွာပါဝင်မည်နှင့် ယခင်က အပစ်အခတ် ရပ်စဲရေး ဆုံးဖြတ်ချက်များကို ထောက်ခံကြောင်း၊ အားကစားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်စေရန် တရုတ်နိုင်ငံ အင်အားကို ထည့်သွင်းပေးမည်ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံက နိုင်ငံအသီးသီးအနေဖြင့် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို အခွင့်အလမ်းအဖြစ် ကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖယ်ရှားရန်၊ ထိပ်တိုက်ရင်ဆိုင်မှုများကို ပူးပေါင်းဆောင်ရွက်မှုဖြင့် အစားထိုးရန် ၊ အပြန်အလှန်နားလည်မှုကို တိုးမြှင့်ရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို မြှင့်တင်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

အိုလံပစ်မီးလျှံသည် နောက် ၁၀ ရက် ကြာပြီးနောက်ဆိုလျှင် ပေကျင်း၌ ထပ်မံထွန်းညှိမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့် လက်တွဲကာ ပို၍စည်းလုံးညီညွတ်သည့် အိုလံပစ်စိတ်ဓာတ်ကို အကောင်အထည်ဖော်ပြီး ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော် အခွင့်အလမ်းဖြင့် ငြိမ်းချမ်းပြီး ပိုမိုကောင်းမွန်သော အနာဂတ်သို့ အတူလျှောက်လှမ်းသွားမည် ဖြစ်ကြောင်း ကျောက်လိကျန်းကဆိုသည်။(Xinhua)

………………………………………
(Chinese Version)
外交部:呼吁各国以北京冬奥会为契机增进世界和平与发展
2022-01-26 00:27:18 分类: 政治法律
新华社北京1月25日电(记者董雪)联合国秘书长古特雷斯日前发表书面讲话,呼吁各国在北京冬奥会期间遵守休战协议。对此,外交部发言人赵立坚25日表示,中方欢迎并坚定支持古特雷斯书面讲话,呼吁各国以北京冬奥会为契机,以对话消弭分歧,以合作替代对抗。
赵立坚在当日例行记者会上表示,奥林匹克休战传统源远流长,承载着人类渴望和平、守望相助的美好追求,同联合国维护国际和平与安全的初心使命一脉相承。不久前,第76届联合国大会协商一致通过北京冬奥会奥林匹克休战决议,彰显了国际社会对中国成功举办冬奥会的坚定信心,汇聚了世界各国人民守望团结合作、维护世界和平愿景的磅礴力量。
他表示,中方始终坚守和平承诺,践行真正的多边主义,深入参与和支持联合国事业,也踊跃参与夏季、冬季奥运会,并支持历届休战决议,为通过体育维护世界和平、促进各国发展、增进人民友谊注入了中国力量。中方也呼吁各国以北京冬奥会为契机,以对话消弭分歧,以合作替代对抗,增进相互理解,增进世界和平与发展。
“还有10天,奥林匹克火种将在北京再次点燃。中国有信心同各方一道,践行‘更团结’的奥林匹克精神,以北京冬奥会为契机,携手迈向一个和平、更美好的未来。”赵立坚说。(完)