Connect with us

China

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တိဗက်နှင့် ပတ်သက်သည့် ပြဿနာများကို အသုံးချကာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းအား ရပ်တန့်ရန် အမေရိကန်အား တိုက်တွန်း

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မကြာသေးမီက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမည်ခံ “တိဗက်ရေးရာအထူးညှိနှိုင်းရေးမှူး” ခန့်အပ်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွပ်ဖက်ရန် “တိဗက်ရေးရာအထူးညှိနှိုင်းရေးမှူး ” ခန့်အပ်ခြင်းအပေါ် တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး မည်သည့်အခါမှ အသိအမှတ်မပြုကြောင်းနှင့် တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် တိဗက်နှင့်ပတ်သက်သော ပြဿနာများကို အသုံးချခြင်းမှ ရပ်တန့်ရန် အမေရိကန်ကို တိုက်တွန်းကြောင်း ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့တွင် ပြုလုပ်ခဲ့သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တိဗက်နှင့် ဆက်စပ်သော မေးခွန်းများအား ဖြေကြားရာ၌ ပြောရေးတိုခွင့်ရှိသူ ကျောက်လိကျန်းက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

ကျောက်လိကျန်းက တိဗက်ရေးရာသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသက်သက်ဖြစ်ကြောင်း မည်သည့်နိုင်ငံခြားအင်အားစုမှ ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ဆိုသည်။ တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် အမေရိကန်သည် အမည်ခံ “တိဗက်ရေးရာအထူးညှိနှိုင်းရေးမှူး” ကို ခန့်အပ်ခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး မည်သည့်အခါမှ အသိအမှတ်မပြုကြောင်း၊ တိဗက်ကို တရုတ်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုရန်၊ “တိဗက်လွတ်လပ်ရေး”ကို ထောက်ခံမှုမပြုသည့် ကတိကဝတ်ကို ခိုင်မာသော လုပ်ဆောင်ချက်ဖြင့် လုပ်ဆောင်ရန် အမေရိကန်ကို တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံသည် ၎င်း၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ခိုင်မာစွာ ကာကွယ်ရန် လိုအပ်သည့် စီမံမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

တိဗက်ဒေသ တည်ငြိမ်စွာ လွတ်လပ်မှုရရှိခြင်း နှစ် ၇၀ ကာလတွင် လူမှုသဟဇာတဖြစ်မှု၊ စီးပွားရေးသာယာဝပြောမှု ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုလုပ်ငန်းများ ထွန်းကားလာကာ လူနေဘဝ ချမ်းမြေ့သာယာ လှပလာကြောင်း၊ အမေရိကန်ရှိ လူအချို့ စိုးရိမ်ပူပန်မှုနှင့် ဝင်ရောက်စွက်ဖက်မှုအတွက် မှတ်ချက်ပြုရန် မလိုအပ်ကြောင်း၊ အမေရိကန်နိုင်ငံရေးသမားများအနေဖြင့် လုပ်စရာ ကိစ္စမရှိပါက ၎င်းတို့၏ ပြင်းထန်သော လူမျိုးရေးခွဲခြားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများကို အာရုံစိုက်သင့်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သည်သမိုင်းတွင်အင်ဒီးယန်းလူမျိုးများအပေါ် ကျင့်သုံးခဲ့သည့်မူဝါဒများသည် လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှုမြောက်ကြောင်း၊ အမေရိကန်သည် မည်သည့်အချိန်မှ ၎င်း၏လုပ်ရပ်များကို အလေးအနက် ဆင်ခြင်သုံးသပ်ကာ အင်ဒီးယန်းလူမျိုး၏ လူ့အခွင့်အရေးကို ကာကွယ်နိုင်မည်နည်း။ အမေရိကန်ရှိ လူနည်းစုလူမျိုးများသည် တရားမျှတမှုမရှိသော ဆက်ဆံမှုနှင့် လူမျိုးရေး ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက် ရာဇ၀တ်မှုများကို ကာလကြာရှည်စွာ ခံစားခဲ့ရကြောင်း၊ အမေရိကန်နိုင်ငံရေးသမားများသည် ၎င်းတို့၏ လူနည်းစုများ၏ လူ့အခွင့်အရေးကို မည်သည့်အချိန်မှ ကာကွယ်နိုင်မည်နည်း။ အမေရိကန်သည် ကမ္ဘာပေါ်တွင် ကပ်ရောဂါကူးစက်ဖြစ်ပွားမှု နှင့် သေဆုံးမှု လူဦးရေအများဆုံးနိုင်ငံဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံရေးသမားများသည် ၎င်းတို့၏ ပြည်သူများ၏အသက်နှင့် ကျန်းမာရေးကိုပင် အကာအကွယ်မပေးနိုင်ဘဲ တိဗက်တွင် လူ့အခွင့်အရေး ကာကွယ်ရန် မည်ကဲ့သို့ ပြောဆိုနိုင်သနည်း ဟု၎င်းကမေးခွန်းထုတ် ပြောကြားခဲ့သည်။

အမေရိကန်က အမည်ခံ “တိဗက်ရေးရာအထူးညှိနှိုင်းရေးမှူး” ကို ခန့်အပ်သည်ထက် ” အင်ဒီးယန်းလူမျိုးတုံးသတ်ဖြတ်မှုအထူးစစ်ဆးရေးမှူး” ” လူနည်းစုလူ့အခွင့်အရေးဆိုင်ရာအထူးညှိနှိုင်းရေးမှူး” နှင့် ” ကပ်ရောဂါကို တိုက်ဖျက်ရာတွင် အမေရိကန်၏ ထိရောက်မှု မရှိခြင်း၏ အမှန်တရား စုံစမ်းစစ်ဆေးရေးမှူး” များ ခန့်အပ်သင့်ကြောင်း ကျောက်လိကျန်းက ဆိုသည်။

လူ့အခွင့်အရေးကို ဘန်းပြပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေကို အမေရိကန်က ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ၎င်းကဆိုသည်။ အမေရိကန်သည် နိုင်ငံရေး ခြယ်လှယ်မှုကို ရပ်တန့်သင့်ကြောင်း၊ ၎င်း၏လုပ်ရပ်များကို ဆင်ခြင်သုံးသပ်ကာ ၎င်း၏ ပြင်းထန်သော လူမျိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများကို စိတ်အားထက်သန်စွာ ဖြေရှင်းသင့်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ (Xinhua)

———————————-
(Chinese Version)
外交部:敦促美方停止利用涉藏问题干涉中国内政
新华社北京12月21日电(记者成欣、马卓言)针对美国务院近日任命新的所谓“西藏事务特别协调员”,外交部发言人赵立坚21日表示,美方设立所谓“西藏事务特别协调员”干涉中国内政,中方坚决反对,从来不予承认,敦促美方停止利用涉藏问题干涉中国内政。
赵立坚是在当日例行记者会上回答提问时作出上述表示的。
赵立坚说,西藏事务纯属中国内政,不容任何外国势力干涉。美方设立所谓“西藏事务特别协调员”干涉中国内政,中方坚决反对,从来不予承认。“我们敦促美方以实际行动恪守承认西藏是中国一部分、不支持‘西藏独立’的承诺,停止利用涉藏问题干涉中国内政。中方将继续采取一切必要措施,坚决捍卫自身主权、安全、发展利益。”
赵立坚说,西藏和平解放70年来,社会和谐、经济繁荣、宗教文化事业蓬勃发展,人民生活幸福美好,根本用不着美方一些人“操心”,更轮不到美方指手画脚。美方政客若是有劲没处使,还是好好关注一下美国严重的种族主义和人权问题吧。
他表示,美国历史上对印第安人实施的政策早已构成事实上的种族灭绝,美方何时才能认真反省,好好保护印第安人的人权?美国少数族裔长期遭受不公平待遇,饱受种族歧视和暴力犯罪之苦,美方政客何时才能好好保护本国少数族裔的人权?美国新冠肺炎感染和死亡人数全球最高,美方政客连本国人民的生命健康都保护不好,有何颜面大谈保护西藏人权?
“美方最应该设立的不是所谓‘西藏事务特别协调员’,他们应该设立‘印第安人种族灭绝特别调查员’‘少数族裔人权事务特别协调员’‘美国抗疫不力真相调查特别协调员’。”赵立坚说。
他说,事实已经充分证明,美国根本没有资格打着人权的幌子干涉他国内政。美国应该立即停止政治操弄,认真反躬自省,切实解决自身存在的严重种族和人权问题。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.