Connect with us

CHINA

တရုတ်နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု လူသန်းပေါင်း (၁,၁၀၀)ကို လွှမ်းခြုံထားနိုင်ပြီး လူသန်းပေါင်း(၁,၀၀၀)ကျော်မှာ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီဖြစ်

တရုတ်နိုင်ငံ နင်းရှကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရင်ချွမ်းမြို့ ရှင်းချင့်ဒေသ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးနေရာသို့ ကျောင်းသားကျောင်းသူများနှင့်မိဘများ လာရောက်ကြသည်ကို ဩဂုတ် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခုနှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်အထိ တရုတ်နိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအကြိမ်ရေပေါင်း (၂,၁၇၄.၀၄၃)သန်း ရှိပြီး ကာကွယ်ဆေးထိုးနှံထားသူ (၁,၁၀၀.၈၄၂) သန်း၊ ၎င်းတို့အနက် ကာကွယ်ဆေးအပြည့်အဝထိုးထားသူ (၁,၀၂၂.၂၀၇) ဦး ရှိရာ တစ်နိုင်ငံလုံးလူဦးရေ၏ (၇၈) ရာခိုင်နှုန်း ရှိကြောင်း တရုတ်နိုင်ငံတော်ကောင်စီ ကပ်ရောဂါ ပူးတွဲကာကွယ်တိုက်ဖျက်ရေးယန္တရားမှ သိရသည်။

တရုတ်နိုင်ငံ နင်းရှကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရင်ချွမ်းမြို့ ရှင်းချင့်ဒေသ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးနေရာတွင် ကျောင်းသားကျောင်းသူများနှင့်မိဘများက ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာအခြေအနေကြိုတင်စစ်ဆေးမှုစာရွက်အား ဖြည့်စွက်နေကြသည်ကို ဩဂုတ် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ နင်းရှကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရင်ချွမ်းမြို့ ရှင်းချင့်ဒေသ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးနေရာတွင် ကာကွယ်ဆေးထိုးပြီးနောက် စောင့်ကြည့်ခန်းရှိ ကျောင်းသားကျောင်းသူများအား ဩဂုတ် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကာကွယ်ဆေးထိုးနှံမှုစုစုပေါင်း အကြိမ်ရေနှင့် လွှမ်းခြုံနိုင်သည့် လူဦးရေသည် ကမ္ဘာတွင် ပထမ ဖြစ်ပြီး လူအုပ်စုအလိုက် လွှမ်းခြုံနိုင်မှုသည် ကမ္ဘာ့ရှေ့တန်းနေရာတွင် ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်များ တိုးတက်မှုရှိကြောင်း ၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီ၏ ခိုင်မာသည့် ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံ၏ဝိသေသလက္ခဏာရှိသည့် ဆိုရှယ်လစ်စနစ် စုပေါင်းအင်အားဖြင့် ကြီးမားသည့် လုပ်ငန်းကို ဖော်ဆောင်သော အားသာချက်က တစ်နိုင်ငံလုံး ပြည်သူများ တစ်စိတ်တစ်ဝမ်းတည်း ညီညွတ်စွာ တွန်းအားပေးဆောင်ရွက်မှုကို အပြည့်အဝ ပေါ်လွင်စေခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် သက်ဆိုင်ရာ တာဝန်ရှိသူက ဆိုသည်။

ကိုဗစ်ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံမှု စတင်သည့်အချိန်မှစ၍ ဌာနအသီးသီး၊ဒေသအသီးသီးက ပါတီဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီ၏ ဆုံးဖြတ်ချက် မူဝါဒ စီမံမှုများနှင့် နိုင်ငံတော်ကောင်စီပူးတွဲကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးယန္တရား၏အစီအစဉ်များအတိုင်း နည်းလမ်းအသွယ်သွယ်ဖြင့် လူထုအား ဝန်ဆောင်မှုများပေးခဲ့ကြကြောင်း ၊ ကာကွယ်ဆေးထိုးနှံသည့်အချိန်နှင့်နေရာအား သင့်လျော်အောင် စီစဉ်ခြင်း၊ ဆွေးနွေးညှိနှိုင်း အကြောင်းကြားခြင်း၊ စာရင်းပြုစုခြင်း၊ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ဖြင့် တည်ငြိမ်စွာ စနစ်တကျ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်မှစ၍ အဓိကလူအုပ်စုများ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လကုန်ပိုင်းမှစ၍ တစ်နိုင်ငံလုံးပြည်သူများအား အခမဲ့ကာကွယ်ဆေးထိုးနှံပေးခြင်းကို အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့သည်။ ယင်းနောက် “သက်ကြီးပိုင်းနှင့်က‌လေးလူငယ်”ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများက တွန်းအားပေး ဆောင်ရွက်ခဲ့ကြသည်။ထိုသို့ အရေးကြီးလုပ်ငန်းစဉ်များအား ဆက်တိုက်ဆောင်ရွက်ခြင်းသည် ကာကွယ်ဆေးအကျိုးအား လူထုအများဆုံးရရှိနိုင်ရန်၊ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်နှင့်ကျန်းမာရေးအား ကာကွယ်စောင့်ရှောက်ရန် အစွမ်းကုန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံသူများလေ ကာကွယ်ဆေးမှရရှိသည့် ကာကွယ်နိုင်မှုက ပို၍ ကြီးမားလေ ဖြစ်ရာ ကိုဗစ်ပြင်းထန်အဆုတ်ရောင်ကပ်ရောဂါကြီးကို ထိန်းချုပ်ရန် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟို ကာကွယ်ဆေးထိုးနှံရေးအစီအစဉ် ထိပ်တန်းပညာရှင် ဝမ်ဟွာချင့်က ဆိုသည်။

သက်ဆိုင်ရာဌာနများက ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလိုအပ်ချင်နှင့် လူထု၏လိုအပ်မှုတွင် မူတည်ပြီး ကာကွယ်ဆေးထိုးနှံမှုများကို ပိုက်စိပ်တိုက် စုစည်းဆောင်ရွက်သွားမည်ဖြစ်ရာ ကာကွယ်ဆေး လွှမ်းခြုံနိုင်သည့်လူအုပ်စုများကို တစ်ဆင့်တိုးချဲ့ဆောင်ရွက်၍ ပြည်သူလူထု၏ကျန်းမာရေးကို လက်တွေ့ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(聚焦疫情防控)中国新冠病毒疫苗接种覆盖人数达11亿 超10亿人完成全程接种
2021-09-19 16:19:05
新华社北京9月19日电(记者董瑞丰、邱冰清)记者从国务院联防联控机制获悉,截至2021年9月18日,31个省(区、市)及新疆生产建设兵团累计报告接种新冠病毒疫苗217404.3万剂次,疫苗接种总人数达110084.2万,其中已完成全程接种102220.7万人,接种总人数占全国总人口的78%。接种总剂次和覆盖人数均居全球首位,人群覆盖率位居全球前列。
国家卫生健康委有关负责人表示,疫苗接种工作取得的进展,充分体现了在党中央、国务院的坚强领导下,中国特色社会主义制度集中力量办大事的独特优势,体现了全国人民勠力同心、锐意进取的精神。
新冠病毒疫苗大规模接种启动以来,各部门各地区按照党中央、国务院决策部署和国务院联防联控机制的安排,创新多样化的服务形式,合理安排接种时间和接种场地,积极做好沟通告知、摸底统计、宣传教育,稳妥推进接种工作。
2020年12月15日,我国正式启动重点人群新冠病毒疫苗接种工作;2021年3月下旬开始,加快推进国民全人群免费接种;此后,“一老一小”新冠病毒疫苗的接种工作也稳步推进……一系列重要举措,旨在让疫苗最大程度惠及群众,尽最大努力保护人民生命安全和身体健康。
中国疾控中心免疫规划首席专家王华庆说,接种的人越多,疫苗起到的保护作用越大,将为控制新冠肺炎疫情流行奠定基础。
据悉,下一步,有关部门将立足疫情防控需要和群众需求,周密组织实施后续接种工作,进一步提高疫苗接种人群覆盖面,切实保护人民群众身体健康。(完)

图说1:8月18日,在宁夏银川市兴庆区新冠疫苗方舱接种点,学生在家长的陪同下接种新冠疫苗。新华社记者 冯开华 摄
图说2:8月18日,在宁夏银川市兴庆区新冠疫苗方舱接种点,前来接种新冠疫苗的学生和家长进行预检登记。 新华社记者 冯开华 摄
图说3:8月18日,在宁夏银川市兴庆区新冠疫苗方舱接种点,接种后的学生在留观等候。 新华社记者 冯开华 摄