Connect with us

CHINA

တရုတ်နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု အရှိန်အဟုန် မြှင့်တင် ၊ လူထုကိုယ်ခံအားတည်ဆောက်မှုနှုန်းအား အရှိန်မြှင့်တင် ဆောင်ရွက်နေ

ပေကျင်း၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု၊ ဆောင်းဦး၊ဆောင်းရာသီရောက်ရှိခြင်းနှင့်အတူ ကပ်ရောဂါကူးစပ်ပြန့်ပွားသည့်အန္တရာယ်ဆိုးဝါးလာသည်။ အောက်တိုဘာ ၁၇ ရက်က ပြည်တွင်းကူးစက်မှုအချို့ တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံ နေရာဒေသအသီးသီးတွင် အဓိကလူအုပ်စုများအတွက် ကိုဗစ်အားဖြည့်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ စတင်ကာ လူထုကိုယ်ခံအား တည်ဆောက်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ပေကျင်းရှိ ခရိုင်ဒေသအသီးသီးတွင် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်လျက်ရှိရာ ၎င်းတို့အနက် ချောင်ယန်ခရိုင်၌ ၃ ရက် ဆက်တိုက် အားဖြည့် ကာကွယ်ဆေးထိုးနှံမှု အကြိမ်ရေ ၁ သိန်းကျော် ရှိပြီး ကလေးလူငယ်များအတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ တာ့ရှင်းခရိုင် ရိကျွမ်းမြို့နယ်ရှိ ကာကွယ်ဆေးထိုးနှံရေးစင်တာတစ်ခုတွင် မြို့နေပြည်သူတစ်ဦးက အချက်အလက်များ ဖြည့်စွက်ရေးသားနေသည်ကို အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“အခုပဲအားဖြည့်ကာကွယ်ဆေးထိုးပြီးတယ်၊ ရင်ထဲမှာ ပိုပြီးစိတ်ချသွားရတာပေါ့”ဟု ရိကျားဟွေ့ဈေးဝယ်စင်တာ ဆိုင်ဝန်ထမ်း ကျန်းဝန်ရင်းက ဆိုသည်။ “အခုက ရွေ့လျားကာကွယ်ဆေးထိုးနှံပေးတဲ့ယာဉ်တွေက အလုပ်လုပ်တဲ့ ကုန်တိုက်တွေရှေ့မှာရပ်ထားတော့ တကယ်အဆင်ပြေတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် အထက်တန်းကျောင်း မူလတန်းဌာနတွင် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသားကျောင်းသူများအတွက် ကာကွယ်ဆေးထိုးနှံပေးနေသည်ကို နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုရက်ပိုင်း ပေကျင်းမြို့ တာ့ရှင်းခရိုင် ရှီးဟုန်မန်မြို့နယ်က ဟွေ့ကျွိဈေးဝယ်စင်တာ မြောက်ဘက်ရင်ပြင်တွင် ကာကွယ်ဆေးထိုးနှံပေးသည့် ရွေ့လျားယာဉ် နှစ်စီးရပ်နေတာကို တွေ့ရမည်ဖြစ်သလို ကာကွယ်ဆေးထိုးနှံရန် တန်းစီစောင့်နေသူများက ဝန်ထမ်းများ၏ ညွှန်ပြမှုဖြင့် ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာသိရှိသဘောတူညီမှုစာရွက်တွင်လက်မှတ်ထိုး၊ ဖောင်ဖြည့်ကာ ကာကွယ်ဆေးထိုးနှံပြီး စောင့်ကြည့်ခန်းတွင် စောင့်ကြည့်မှုခံယူနေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

ယခုနှစ် နှစ်ဆန်းပိုင်းတွင် လူအစုလိုက်ကူးစက်မှုဖြစ်ပွားခြင်းကြောင့် တာ့ရှင်းခရိုင်တွင် ယာယီကာကွယ်ဆေးထိုးနှံရေးစခန်း ၂၃ ခု ပြန်လည်လည်ပတ်နေသလို ကာကွယ်ဆေးထိုးနှံရေးအဆင်ပြေစေရန်အလို့ငှာ ရွေ့လျားယာဉ် ၁၃ စီးကလည်း ရပ်ကွက်၊ ကျေးရွာ၊ ကုန်တိုက်စသည့်နေရာများသို့ လျင်မြန်စွာ သွားရောက် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ပေကျင်းမြို့ ဖုန်းထိုင်ခရိုင်တွင် အသုတ်လိုက်ခွဲ၍ ရှင်းဖားတိဈေးရှိ ဆိုင်ရှင် ၈,၀၀၀ ကျော်နှင့် ဝန်ထမ်းပေါင်း ၁,၀၀၀ ကျော်အတွက် အားဖြည့်ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေပြီးဖြစ်သည်။

အောက်တိုဘာ လလယ်ပိုင်းမှစ၍ ရှီးအန်း၊ ကွမ်ကျိုး၊ ဟဲဖေ၊ ပေကျင်းစသည့် မြို့များတွင် ပြည်သူ့လုံခြုံရေး၊ မီးသတ်၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးစသည့် အဓိကလူအုပ်စုများအတွက် အားဖြည့်ကာကွယ်ဆေးထိုးနှံမှုများ စတင်ခဲ့သည်။

တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်၏ ကိန်းဂဏန်းများတွင် အောက်တိုဘာ ၂၃ ရက်အထိ တရုတ်နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး စုစုပေါင်း အကြိမ်ရေ ၂.၂ ဘီလီယံကျော် ထိုးနှံပြီးဖြစ်ရာ အပြည့်အဝကာကွယ်ဆေးထိုးနှံထားသူ ၁ ဘီလီယံကျော်ရှိကြောင်း ဖော်ပြထားသည်။

“ပြည်တွင်းပြည်ပ သုတေသနရလဒ်တွေအရ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးရင် ရောဂါကူးစက်မှုကို ကာကွယ်တာ အထူးသဖြင့် ရောဂါပြင်းထန်မှုနဲ့သေဆုံးမှုကို ကာကွယ်တဲ့ထိရောက်မှုက ပိုပြီးကောင်းတယ်”ဟု တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် ထိပ်တန်းပညာရှင် ဝမ်ဟွာချင့်က ဆိုသည်။ “ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးတဲ့ ကူးစက်မှုအန္တရာယ်က ကာကွယ်ဆေးမထိုးနှံရသေးတဲ့ ကူးစက်မှုအန္တရာယ်နဲ့ နှိုင်းယှဉ်ရင် အများကြီးနည်းတယ်”ဟု ၎င်းက ဆိုသည်။

ကာကွယ်ဆေးထိုးနှံမှုအချိန်ကြာလာသည်နှင့်အမျှ ပဋိပစ္စည်း ကိုယ်ခံအားကျဆင်းလာပြီး ကာကွယ်ထိရောက်မှုလျော့နည်းလာကြောင်း ဝမ်ဟွာချင့်က ဆိုသည်။ ကိုယ်ခံစွမ်းအား အားဖြည့်ပြီး ခုခံအားတိုးမြှင့်ပေးခြင်းက ပဋိပစ္စည်းခုခံအားကို လျင်မြန်စွာ ဆွဲတင်နိုင်ကြောင်း၊ ထို့ကြောင့် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးနောက် အားဖြည့်ကာကွယ်ဆေးထိုးနှံရခြင်းဖြစ်ရာ ထိုဆောင်ရွက်မှုသည် အလွန်လိုအပ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့်ရက်တွင် နိုင်ငံတော်ကောင်စီ ကပ်ရောဂါ ပူးတွဲထိန်းချုပ်ရေး ယန္တရားက တရုတ်နိုင်ငံ၏ ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်း၊ ထိုးနှံနိုင်စွမ်း၊ လက်တွေ့စမ်းသပ်သည့်အခြေအနေနှင့်ရောဂါကာကွယ်ထိန်းချုပ်ရေးလက်တွေ့လုပ်ငန်းများကို ဘက်စုံထည့်သွင်းစဉ်းစားပြီး ကာကွယ်ဆေးထိုးနှံမှုပမာဏကို တစ်ဆင့် တိုးချဲ့ခဲ့ရာတွင် ကာကွယ်ဆေးထိုးနှံသည့်ဦးတည်လူအုပ်စုကို ၁၂ နှစ်အထက်မှ ၃ နှစ်အထက်သို့ ပြောင်းလဲခဲ့သည်။

“ကျွန်တော်တို့ အရင်တုန်းက ကိုဗစ်ပြင်းထန်အဆုတ်ရောင်ရောဂါဟာ ကလေးသူငယ်တွေမှာဖြစ်ပွားနှုန်းနည်းတယ်လို့ ယူဆတယ်။ ဒါပေမယ့် ကပ်ရောဂါ ကမ္ဘာအနှံအပြားကူးစက်မှု ရှိလာတဲ့အခါ ကလေးသူငယ်တွေရဲ့ ရောဂါဖြစ်ပွားနှုန်းကလည်း တိုးပွားလာတာကို တွေ့ရတယ်။ ရောဂါပြင်းထန်မှုနဲ့ သေဆုံးမှုနှုန်းက အချို့နိုင်ငံတွေမှာဆို တုပ်ကွေးထက် ကျော်လွန်နေတယ်”ဟု ဝမ်ဟွာချင့်က ဆိုသည်။

အပြည့်အစုံမဟုတ်သေးသည့် ကိန်းဂဏန်းများအရ ဩဂုတ်လလယ်ပိုင်းမှစပြီး ဟူပေ၊ ဟိုင်နန်၊ လျောင်နင်၊ ကန်းစု၊ ဟဲပေ၊ ပေကျင်း စသည့်ပြည်နယ်၊ မြို့များတွင် အသက် ၃ နှစ်မှ ၁၁ နှစ်ရှိ လူအုပ်စုများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမှုစတင်ခဲ့သလို ရှန်ဟိုင်းတွင်လည်း အသက် ၆ နှစ်မှ ၁၁ နှစ် လူအုပ်စုများအတွက် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို ဘက်စုံဆောင်ရွက်လျက်ရှိသည် ။ ကျန်းဆူးပြည်နယ်တွင် နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း အသက် ၃ နှစ်မှ ၁၁ နှစ် လူအုပ်စုများကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ပေကျင်းမြို့ ကာကွယ်ဆေးထိုးနှံရေး ညှိနှိုင်မှု လုပ်ငန်းအဖွဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက စာသင်ကျောင်း၊ မူကြိုတို့တွင် လူဦးရေ သိပ်သည်းမှုရှိရာ ကူးစက်ပြန့်ပွားမှု တစ်စိတ်တစ်ပိုင်းဖြစ်ပွားနိုင်ရန် လွယ်ကူခြင်းကြောင့် အသက် ၃ နှစ်မှ ၁၁ နှစအရွယ်လူအုပ်စုများကို ကိုဗစ်ကာကွယ်ဆေးနေထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ၎င်းမှာ လူထုကိုယ်ခံအားစနစ်တည်ဆောက်မှု၏ အဓိကကအစိတ်အပိုင်းဖြစ်သလို ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးဖြတ်တောက်သည့် အဓိကနည်းလမ်းလည်း ဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံတွင် တစ်နှစ်ပတ်လုံး ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုပမာဏသည် အလုံးရေ ၅ ဘီလီယံနီးပါးရှိနိုင်ကြောင်း ၊ ယခုနှစ် ထုတ်လုပ်မှုပမာက ကာကွယ်ဆေး အလုံးရေ ၃ ဘီလီယံရှိမည်ဟု ခန့်မှန်းထားရာ ယခုနှစ် ဒုတိယနှစ်ဝက်တွင် အကောင်အထည်ပေါ်လာနိုင်ကြောင်း နိုင်ငံတော်ကောင်စီ ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေးယန္တရား သိပ္ပံသုတေသနအဖွဲ့ ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

တရုတ်ကာကွယ်ဆေးလုပ်ငန်းများသည် ပြည်တွင်းကာကွယ်ဆေးပံ့ပိုးမှုကို အာမခံပေးသည့်တစ်ချိန်တည်းတွင်ပင် ပြည်ပ ကာကွယ်ဆေးလိုအပ်ချက်ကို အပြည့်အဝပံ့ပိုးပေးလျက်ရှိသည်။

Sinovac အနေဖြင့် ပြည်ပသို့ ကာကွယ်ဆေး ကုန်ချောတစ်ဝက် နှင့် ကုန်ချောများ ပံ့ပိုးပေးလျက်ရှိရာ လက်ရှိ ထုတ်လုပ်နိုင်စွမ်း တည်ဆောက်မှုက ကာကွယ်ဆေးအလုံးရေ ၂ ဘီလီယံကျော် ရှိကြောင်း Sinovac Biotech Ltd.၏ ကူးသန်းရောင်းဝယ်ရေး အရာရှိချုပ် ယန်ကွမ်းက မိတ်ဆက် ပြောကြားခဲ့သည်။

Sinopharm ကုမ္ပဏီ၏ ထိပ်တန်း သိပ္ပံပညာရှင်၊ ဒုတိယအကြီးအကဲ ကျန်းယွင်စော့က အားဖြည့်ကာကွယ်ဆေးပံ့ပိုးမှုကို ဖြည့်ဆည်းနိုင်ဖို့ Sinopharm၏ ပေကျင်း ဇီဝထုတ်ကုန်သုတေသနဌာနက တတိယအဆင့် ထုတ်လုပ်မှုအလုပ်ရုံ၊ ဝူဟန့်ဇီဝထုတ်ကုန်သုတေသနတွင် ဒုတိယအဆင့် ထုတ်လုပ်မှုအလုပ်ရုံများကို တည်ဆောက်ထားပြီး ဖြစ်သလို လန်ကျိုး၊ ချန်ချွမ်း၊ ချိန်တူး၊ ရှန်ဟိုင်းတို့တွင် ခွဲခြားထုတ်ပိုးသည့် အလုပ်ရုံများ တည်ဆောက်ထားကြောင်း ဆိုသည်။

“လက်ရှိ ကျွန်တော်တို့က နိုင်ငံပေါင်း ၅၀ ကျော်မှာ ကာကွယ်ဆေးပံ့ပိုးရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ထားပါတယ်။ အဲဒီထဲက နိုင်ငံပေါင်း ၂၀ နီးပါးမှာ အားဖြည့်ကာကွယ်ဆေး တွန်းအားပေးလုပ်ငန်းများ စတင်နေပြီဖြစ်ရာ Sinovacအနေဖြင့် ကာကွယ်ဆေးပံ့ပိုးမှုအာမခံချက်ရှိစေရန် အစွမ်းကုန်ဆောင်ရွက်နေတယ်”ဟု ယန်ကွမ်းက ဆိုသည်။ “ကပ်ရောဂါကြီးဖြစ်ပွားတဲ့အခါ ဘယ်နိုင်ငံကမှ တစ်ကိုယ်တည်းကောင်းအောင် နေထိုင်နိုင်မှာမဟုတ်ပါဘူး၊ ကျွန်တော်တို့အတူလက်တွဲမှသာ ကပ်ရောဂါကို အနိုင်တိုက်နိုင်မှာပါ”ဟု ၎င်းက ဆိုသည်။ (Xinhua)

#China, #COVID-19, #Vaccination, #xinhua, #xinhuamyanmar, #တရုတ်, #ကိုဗစ်-၁၉, #ကာကွယ်ဆေးထိုးနှံမှု, #ဆင်ဟွာ

——————————————–
(Chinese Version)
中国加大新冠疫苗接种力度 加速筑牢全人群免疫屏障
2021-11-03 11:08:04
10月25日,大兴区旧宫镇的居民在接种疫苗加强针。新华社记者 李欣 摄
新华社北京11月3日电 题:中国加大新冠疫苗接种力度 加速筑牢全人群免疫屏障
新华社记者
随着德尔塔毒株的扩散和秋冬季节因素叠加,疫情传播扩散风险加剧。自10月17日出现多点散发本土疫情以来,中国各地针对重点人群开启新冠疫苗加强免疫接种工作,加速筑牢全人群免疫屏障。
在北京,各区接种工作正有序推进,其中,朝阳区连续3天加强针单日接种超10万剂次。为青少年接种新冠疫苗的工作也陆续展开。
“刚刚打完加强针,感觉心里更踏实了!”宜家荟聚购物中心店员工张文英说,“现在流动疫苗接种车就停在了工作的商场门口,真方便!”
近日,记者在位于北京大兴西红门镇的荟聚购物中心北门广场看到,两台流动疫苗接种车前,接种人员有序排队,在工作人员的指引下,依次进行知情同意书签署、疫苗接种单填写、接种新冠疫苗、留观室观察。
在今年年初发生过聚集性疫情的大兴区,23个临时接种点迅速“复工”,13台流动疫苗接种车也快速出发,开进社区、村庄、商圈,为接种人员提供便利。北京市丰台区分批次为新发地市场8000多家商户和1000多名员工接种新冠疫苗加强针。
10月23日,在大兴区亦庄镇一处接种点,市民在接种前填写告知书。新华社记者 彭子洋 摄
自10月中旬以来,西安、广州、合肥、北京等城市已陆续启动针对公安、消防、教育、医疗卫生、交通、物流等重点人群的加强针接种。
国家卫生健康委员会数据显示,截至10月23日,中国累计报告接种新冠病毒疫苗逾22亿剂次,完成全程接种的人数超过10亿人。
“根据国内外的研究结果分析,疫苗接种后,预防感染尤其是预防重症和死亡的效果比较好。”中国疾控中心免疫规划首席专家王华庆说,“完成全程免疫接种后的感染风险和未接种疫苗感染风险相比大大降低。”
王华庆表示,随着接种疫苗时间的推移,受种者的中和抗体水平在下降,保护效果在减弱。加强免疫可以提高抗体水平,快速让抗体水平反弹。因此,在新冠疫苗全程接种后增加疫苗接种针次,非常有必要。
日前,国务院联防联控机制综合考虑中国疫苗生产能力、接种能力、临床试验情况和防控工作实际,进一步扩大了接种范围,将疫苗接种目标人群由12岁以上调整为3岁以上。
“我们过去认为新冠肺炎在儿童中发病率较低,但随着疫情在全球流行,发现儿童的发病水平增加,重症、死亡率在部分国家已超过流感。”王华庆说。
据不完全统计,自10月中旬以来,已有湖北、海南、辽宁、甘肃、河北、北京等省市启动3岁至11岁人群新冠疫苗接种,上海全面开展6岁至11岁人群新冠疫苗接种工作。江苏预计将于11月至12月启动3岁至11岁人群新冠疫苗接种。
11月1日,在广东实验中学荔湾学校第二小学部,医务人员为学生接种疫苗。新华社记者 邓华 摄
北京市疫苗接种组织协调工作组相关负责人表示,学校、幼儿园人口密集,易造成传染病局部传播流行,开展3岁至11岁人群新冠病毒疫苗接种,是构筑全人群免疫屏障的重要组成部分,也是阻断新冠病毒传播的重要措施。
国务院联防联控机制科研攻关组公布数据显示,中国新冠疫苗全年产能接近50亿剂,预计今年产量超过30亿剂,在下半年将逐步实现。
中国疫苗企业在保障国内疫苗供应的同时,对国外疫苗需求给予大力支持。科兴控股生物技术有限公司首席商业官杨光介绍,科兴向国外提供了很多疫苗的半成品和成品,目前建设的产能已经超过20亿剂。
国药集团中国生物技术股份有限公司首席科学家、副总裁张云涛表示,为了满足加强针供应,中国生物在北京生物制品研究所建成了三期的生产车间,在武汉生物制品研究所建成了两期的生产车间,在兰州、长春、成都、上海都建成了分装车间。
“目前我们已经和50多个国家建立了疫苗供应的合作伙伴关系,当中已经有近20个国家启动了加强针的推动工作,科兴都会全力保障疫苗的供应。”杨光说,“在疫情中,任何国家都不能独善其身,只有我们共同携手,才能成功战胜疫情。”(记者罗鑫 李春宇 侠克 林苗苗)