Connect with us

CHINA

တရုတ်နိုင်ငံတွင် ဇူလိုင် ၂၆ ရက်က ထပ်တိုးကိုဗစ်အတည်ပြုလူနာ (၇၁) ဦး ရှိ၊ ၎င်းတို့အနက် (၃၁)ဦးမှာ ပြည်တွင်းကူးစက်မှုများ ဖြစ်

#တရုတ်နိုင်ငံတွင် ဇူလိုင် ၂၆ ရက်က #ကိုဗစ်ထပ်တိုးအတည်ပြုလူနာ (၇၁)ဦးရှိ #ဆင်ဟွာ

ပေကျင်း၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ဇူလိုင် ၂၆ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ ထပ်တိုး ကိုဗစ်အတည်ပြုလူနာအသစ် ၇၁ ဦး ရှိရာ ၎င်းအနက် ပြည်ပကူးစက် ၄၀ ဦး (ယူနန် ၁၉ ဦး၊ ကွမ်တုန်း ၁၃ ဦး၊ ရှန်ဟိုင်း ၄ ဦး၊ ကျန်းဆူး ၃ ဦး၊ စီချွမ်း ၁ ဦး) ၊ ပြည်တွင်းကူးစက်မှု ၃၁ ဦး (အားလုံးမှာ ကျန်းဆူးပြည်နယ်မှ ဖြစ်သည်)ရှိပြီး ထပ်တိုးသေဆုံးလူနာမရှိနှင့် ပြည်ပကူးစက်မှု သံသယလူနာ ၄ ဦးရှိရာ အားလုံးမှာ ရှန်ဟိုင်း၌ ဖြစ်ကြောင်း တရုတ်နိုင်ငံ ပြည်နယ်၊ ဒေသ၊ မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်ကို အမျိုးသား ကျန်းမာရေးကော်မရှင်က ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ယင်းနေ့တွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၁၇ ဦး ၊ အနီးကပ် ကျန်းမာရေးစောင့်ကြည့်မှုမှ ဖြေလျှော့လိုက်သူ ၃၃၁ ဦး ရှိပြီး ရောဂါပြင်းထန်သူ အရေအတွက်သည် ပြီးခဲ့သည့်ရက်ကထက် ၃ ဦး ထပ်တိုးကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပကူးစက်မှု အတည်ပြုလူနာ ၆၁၅ ဦး (ရောဂါ ပြင်းထန်သူ ၁၈ ဦး ပါဝင်) ရှိပြီး သံသယလူနာ ၄ ဦးရှိကြောင်း၊ စုစုပေါင်း အတည်ပြုလူနာ ၇,၂၈၆ ဦး၊ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၆,၆၇၂ ဦး နှင့် သေဆုံးလူနာ မရှိကြောင်း သိရသည်။

ဇူလိုင် ၂၆ ရက် ၂၄ နာရီအတွင်း ပြည်နယ်၊ ဒေသ၊ မြို့ ၃၁ ခုနှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ လက်ရှိတွင် အတည်ပြုလူနာ ၇၉၅ ဦး(ရောဂါပြင်းထန်လူနာ ၂၀ ဦး ပါဝင်)၊ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၈၇,၂၄၅ ဦး၊ စုစုပေါင်း သေဆုံးလူနာ ၄,၆၃၆ ဦး ၊ စုစုပေါင်း အတည်ပြုလူနာ ၉၂,၆၇၆ ဦး နှင့် လက်ရှိတွင် သံသယလူနာ ၄ ဦး ရှိကြောင်း သိရသည်။
ရောဂါကူးစက်သူနှင့် အနီးကပ်ထိတွေ့သူများအား ခြေရာခံစောင့်ကြည်မှု စုစုပေါင်း ၁,၀၇၇,၃၄၀ ဦး ရှိပြီး ကျန်းမာရေးအခြေအနေ စောင့်ကြည့်မှု ခံယူနေသူ ၁၁,၀၄၆ ဦး ရှိကြောင်း သိရသည်။

အသစ်ထပ်တိုးသည့် လက္ခဏာမပြ ရောဂါ ကူးစက်သူ ၂၀ ဦးရှိပြီး ၎င်းတို့အနက် ပြည်ပကူးစက်မှု ၁၇ ဦး၊ ပြည်တွင်း ကူးစက်မှု ၃ ဦး(အားလုံးမှာ လျောင်နင်ပြည်နယ်မှ ဖြစ်) ရှိရာ ယင်းနေ့တွင် အတည်ပြုလူနာဖြစ်ခဲ့သူ ၁၀ ဦး(ပြည်ပကူးစက်မှု ၃ ဦးပါဝင်) ရှိကြောင်း ၊ လက်ရှိ ကျန်းမာရေးစောင့်ကြည်မှုမှ ဖြေလျှော့လိုက်သူ ၁၅ ဦး (အားလုံးမှာ ပြည်ပကူးစက်မှုဖြစ်) ၊ ကျန်းမာရေးအခြေအနေ စောင့်ကြည့်မှုခံယူနေသည့် လက္ခဏာမပြ ရောဂါကူးစက်သူ ၄၃၁ ဦး (ပြည်ပကူးစက်မှု ၄၁၀ ဦး ပါဝင်) ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသများ၏ သတင်းပေးပို့ချက်များအရ ယင်းဒေသများတွင် အတည်ပြုလူနာ စုစုပေါင်း ၂၇,၆၁၉ ဦး ရှိကြောင်း သိရသည်။ ၎င်းတို့အနက် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၁၁,၉၇၈ ဦး (ဆေးရုံဆင်းလူနာ ၁၁,၇၀၁ ဦး၊ သေဆုံးသူ ၂၁၂ ဦး)၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၅၉ ဦး(ဆေးရုံဆင်းလူနာ ၅၃ ဦး)၊ ထိုင်ဝမ်ဒေသတွင် ၁၅,၅၈၂ ဦး (ဆေးရုံဆင်းလူနာ ၁၂,၆၀၃ ဦး၊ သေဆုံးသူ ၇၈၆ ဦး )ရှိကြောင်း သိရသည်။ (Xinhua)

———————————————-
(Chinese Version)

(聚焦疫情防控)国家卫健委:26日新增新冠肺炎确诊病例71例 其中本土病例31例

新华社北京7月27日电 国家卫生健康委员会27日通报,7月26日0-24时,31个省(自治区、直辖市)和新疆生产建设兵团报告新增新冠肺炎确诊病例71例,其中境外输入病例40例(云南19例,广东13例,上海4例,江苏3例,四川1例),本土病例31例(均在江苏); 无新增死亡病例;新增疑似病例4例,均为境外输入病例(均在上海)。

当日新增治愈出院病例17例,解除医学观察的密切接触者331人,重症病例较前一日增加3例。
境外输入现有确诊病例615例(其中重症病例18例),现有疑似病例4例。累计确诊病例7286例,累计治愈出院病例6671例,无死亡病例。
截至7月26日24时,据31个省(自治区、直辖市)和新疆生产建设兵团报告,现有确诊病例795例(其中重症病例20例),累计治愈出院病例87245例,累计死亡病例4636例,累计报告确诊病例92676例,现有疑似病例4例。累计追踪到密切接触者1077340人,尚在医学观察的密切接触者11046人。

31个省(自治区、直辖市)和新疆生产建设兵团报告新增无症状感染者20例,其中境外输入17例,本土3例(均在辽宁);当日转为确诊病例10例(境外输入3例);当日解除医学观察15例(均为境外输入);尚在医学观察的无症状感染者431例(境外输入410例)。

累计收到港澳台地区通报确诊病例27619例。其中,香港特别行政区11978例(出院11701例,死亡212例),澳门特别行政区59例(出院53例),台湾地区15582例(出院12603例,死亡786例)。(完)
图说1:7月22日,市民在南京市鼓楼区五台山体育中心体育馆内进行核酸检测取样。新华社记者 李博 摄