Connect with us

Science & Technology

တရုတ်နိုင်ငံတွင် လူပေါင်း တစ်သန်းကျော်ရှိသည့် မြို့များ၏ ၉၅ ရာခိုင်နှုန်းကျော်ကို မြန်နှုန်းမြင့်ရထားလမ်း လွှမ်းခြုံထားနိုင်ပြီဖြစ်

ပေကျင်း၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ယခုနှစ်များတွင် တရုတ်နိုင်ငံသည် ရထားလမ်းကို အဓိကထား၊ ကုန်လမ်းကို အခြေခံထား၊ ရေလမ်းပို့ဆောင်ရေးနှင့် လေကြောင်းပို့ဆောင်ရေးအားသာချက်ကို အပြည့်အဝအသုံးချနိုင်ခဲ့ရာ နိုင်ငံ၏အထွေထွေလမ်းပန်းဆက်သွယ်ရေး ရုပ်လုံးသည် တစ်နေ့တစ်ခြားပို၍ ပြည်စုံလာခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက် မြန်နှုန်းမြင့်ရထားလမ်းသည် လူပေါင်းတစ်သန်းကျော်ရှိသည့် မြို့များ၏ ၉၅ ရာခိုင်နှုန်းကို လွှမ်းခြုံထားနိုင်ပြီဖြစ်သည်။မြန်နှုန်းမြင့်ရထားလမ်းသည် လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေး ခေတ်မီလာခြင်း၏ အဓိကလက္ခဏာတစ်ခုဖြစ်သည်။ ၂၀၀၈ ခုနှစ် တရုတ်နိုင်ငံ၌ ပထမဆုံးသော တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ မောင်းနှင်နိုင်သည့် ပေကျင်း-ထျန်းကျင်းရထားလမ်းဖောက်လုပ်နိုင်ချိန်မှစ၍ မြန်နှုန်းမြင့်ရထားလမ်းအများအပြားကို ဆက်တိုက်ဆိုသလို ဖောက်လုပ်တည်ဆောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။

Fuxing ကျည်ဆန်ရထားကြီးတစ်စီး ပေကျင်း-ကျန်းကြားခိုရထားလမ်းရှိ ကျွီးရုံကွမ်းမဟာတံတိုင်းကြီးအား ဖြတ်သန်းသွားသည်ကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီ (၁၈)ကြိမ်မြောက် အမျိုးသား ကွန်ဂရက်မှစ၍ တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထားလမ်းဖွံ့ဖြိုးတိုးတက်မှုသည် အရှိန်အဟုန်ဖြင့်အားကောင်းလာခဲ့ရာ နှစ်စဉ် ပျမ်းမျှ ၃,၅၀၀ ကီလိုမီတာ ဖောက်လုပ်ပြီးစီး အသုံးပြုနိုင်ခဲ့ပြီး ကမ္ဘာပေါ်တွင် ပမာဏအကျယ်ပြန့်ဆုံးနှင့်ခေတ်မီအရည်အသွေးအမြင့်ဆုံး မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။

တရုတ်နိုင်ငံ လျောင်နင်းပြည်နယ် ထျယ်လျင်ခရိုင် ရောင်ဖူမြို့နယ် ရွှေဝါရောင်စပါးခင်းများအကြား ကျည်ဆန်ရထားဖြတ်သန်းသွားသည်ကို စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရာလူကျန့်ပုမြစ်ကမ်းနံဘေးတွင် စမ်းသပ်မောင်းနှင်သွားသည့် Fuxingကျည်ဆန်ရထားကြီးအား ဇွန် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆန်းနန်မြို့တွင် Fuxingကျည်ဆန်ရထားကြီး စမ်းသပ်မောင်းနှင်သွားသည်ကို ဇွန် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

China Railway၏ စာရင်းများအရ ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထားပြေးဆွဲလည်ပတ်မှု ခရီးအကွာအဝေးသည် ၃၇,၉၀၀ ကီလိုမီတာ ရှိရာ ကမ္ဘာ့မြန်နှုန်းမြင့်ရထားလမ်းခရီးသွားလာမှု၏ ၆၉ ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။ ၎င်းတို့အနက် တစ်နာရီလျှင် ၃၀၀ ကီလိုမီတာမှ ၃၅၀ ကီလိုမီတာ မောင်းနှင်နိုင်သည့် ရထားလမ်းသွားလာမှုအကွာအဝေး ၁၃,၇၀၀ ကီလိုမီတာဖြင့် ၃၆ ရာခိုင်နှုန်းရှိပြီး တစ်နာရီလျှင် ၂၀၀ ကီလိုမီတာမှ ၂၅၀ ကီလိုမီတာ ပြေးဆွဲနိုင်သည့် ရထားလမ်း သွားလာမှုသည် ၂၄,၂၀၀ ကီလိုမီတာဖြင့် ၆၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

လက်ရှိ တရုတ်နိုင်ငံတွင် “ဒေါင်လိုက်လမ်းကြောင်း ၄ သွယ်၊အလျားလိုက် လမ်းကြောင်း ၄ သွယ်” မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်တည်ဆောက်မှုသည် ပုံစံပေါ်နေပြီး “ဒေါင်လိုက်လမ်းကြောင်း ၈ သွယ်၊အလျားလိုက် လမ်းကြောင်း ၈ သွယ်”မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်တည်ဆောက်မှုကို အသေးစိတ်ပုံဖော်လျက်ရှိသည်။

ပေကျင်း-ရှန်ဟိုင်း၊ ပေကျင်း-ထျန်းကျင်း၊ ပေကျင်း-ကျန်းကျားခို၊ ချိန်တူး-ချုံချင့် စသည့် မြန်နှုန်းမြင့်ရထားလမ်းပေါ်တွင် Fuxing ကျည်ဆန်ရထားများသည် တစ်နာရီလျှင် ၃၅၀ ကီလိုမီတာနှုန်းဖြင့် ပြေးဆွဲလျက်ရှိရာ တရုတ်နိုင်ငံသည် တစ်နာရီလျှင် ၃၅၀ ကီလိုမီတာနှုန်းမောင်းနှင်နိုင်သည့်ရထားလမ်းကို စီးပွားဖြစ်လည်ပတ်နိုင်သည့် တစ်ခုတည်းသောနိုင်ငံဖြစ်ရာ ကမ္ဘာ့မြန်နှုန်းမြင့်ရထားလမ်း စီးပွားဖြစ်လည်ပတ်နိုင်ရန်အတွက် စံနမူနာဖြစ်ခဲ့သည်။ (Xinhua)

————————————————
(Chinese Version)

(经济)我国高铁对百万以上人口城市的覆盖率超过95%

新华社北京9月23日电(记者樊曦)近年来,我国以铁路为主干、以公路为基础、水运和民航比较优势充分发挥的国家综合立体交通网日益完善。其中,高速铁路对百万以上人口城市的覆盖率超过了95%。
高铁是交通运输现代化的重要标志。自2008年我国第一条设计时速350公里的京津城际铁路建成运营以来,一大批高铁相继建成投产。特别是党的十八大以来,我国高铁发展进入快车道,年均投产达3500公里,成功建设了世界上规模最大、现代化水平最高的高速铁路网。

来自中国国家铁路集团有限公司的统计显示,到2020年底,我国高铁营业里程达到3.79万公里,占世界高铁总里程的69%。其中,时速300—350公里的高铁营业里程1.37万公里,占比为36%;时速200—250公里的高铁营业里程2.42万公里,占比为64%。

目前, 我国“四纵四横”高铁网已经形成,“八纵八横”高铁网正加密成型。在京沪、京津、京张、成渝等高铁线路上,复兴号以时速350公里运营。我国是世界上唯一实现高铁时速350公里商业运营的国家,树起了世界高铁商业化运营标杆,以最直观的方式向世界展示了“中国速度”。(完)
图说1:1月22日,京哈高铁G902次列车驶出哈尔滨西站。新华社记者 王建威 摄

图说2:一列复兴号高铁列车从京张高铁驶过居庸关长城(2020年10月6日摄)。新华社记者 鞠焕宗 摄
图说3: 9月22日,在辽宁省铁岭县腰堡镇,高铁列车从金色的稻田旁经过(无人机照片)。新华社记者 杨青 摄
图说4:试运行的复兴号列车行驶在雅鲁藏布江畔(6月16日摄)。新华社记者 觉果摄
图说5: 试运行的复兴号列车行驶在西藏山南市境内(6月16日摄)。新华社记者 觉果 摄