Connect with us

Asia

တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသည့် တရုတ်-သီရိလင်္ကာ ချစ်ကြည်ရေးဆေးရုံကြီး တရားဝင်စတင်ဖွင့်လှစ်

ကိုလံဘို၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရမှ ကူညီတည်ဆောက်ပေးသည့် တရုတ်-သီရိလင်္ကာချစ်ကြည်ရေးဆေးရုံ (ခေါ်) သီရိလင်္ကာ အမျိုးသားကျောက်ကပ်အထူးကုဆေးရုံကြီးကို ဇွန် ၁၁ ရက်က ပိုလွန်နာရုဝါမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားကို သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa ၊ သမ္မတဟောင်း Maithripala Sirisena၊ ကျန်းမာရေးဝန်ကြီး Pavithra Wanniarachchi နှင့် သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချီကျန့်ဟုန်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။Gotabaya Rajapaksa ၊ Maithripala Sirisena နှင့် ချီကျန့်ဟုန်တို့မှ ဆေးရုံဖွင့်ပွဲတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဆေးရုံ၏ခွဲစိတ်ခန်း၊ သွေးသွင်းခန်း၊ အထူးကြပ်မတ်ကုသဆောင်များအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa က ပိုလွန်နာရုဝါရှိ တရုတ်-သီရိလင်္ကာ ချစ်ကြည်ရေးဆေးရုံ ခွဲစိတ်ခန်း၌ လေ့လာကြည့်ရှုနေသည်ကို ဇွန် ၁၁ ရက်က တွေ့ရစဉ် (ဓါတ်ပုံ – သီရိလင်္ကာနိုင်ငံ သမ္မတရုံးမီဒီယာ)

တရုတ်-သီရိလင်္ကာ နှစ်နိုင်ငံသည် အခက်အခဲများကို ကျော်လွှား၍ အရည်အသွေးမြင့် ခေတ်မီအထူးကုဆေးရုံကြီးကို တည်ဆောက်ခဲ့ခြင်းဖြစ်ရာ ၎င်းမှာ သီရိလင်္ကာနိုင်ငံတွင် ထောင်သောင်းချီရှိသည့် ကျောက်ကပ်ဝေဒနာရှင်များနှင့်မိသားစုဝင်များအတွက် မျှော်လင့်ချက်ကို ဆောင်ကြဉ်းပေးခြင်းဖြစ်သလို တောင်အာရှဒေသ ပြည်သူလူထု၏ အကျိုးစီးပွားလည်း ဖြစ်ကြောင်း ချီကျန့်ဟုန်က ဆင်ဟွာကို ပြောသည်။ ယခုဆေးရုံသည် နှစ်နိုင်ငံချစ်ကြည်ရေးအမှတ်လက္ခဏာသစ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa က ပိုလွန်နာရုဝါရှိ တရုတ်-သီရိလင်္ကာ ချစ်ကြည်ရေးဆေးရုံ ခွဲစိတ်ခန်းသို့ သွားရောက်လေ့လာကြည့်ရှုနေသည်ကို ဇွန် ၁၁ ရက်က တွေ့ရစဉ်(ဓါတ်ပုံ – သီရိလင်္ကာနိုင်ငံ သမ္မတရုံးမီဒီယာ)

သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa က ပိုလွန်နာရုဝါရှိ တရုတ်-သီရိလင်္ကာ ချစ်ကြည်ရေးဆေးရုံ အထူးကြပ်မတ်ကုသဆောင်သို့ သွားရောက်လေ့လာကြည့်ရှုနေသည်ကို ဇွန် ၁၁ ရက်က တွေ့ရစဉ် (ဓါတ်ပုံ – သီရိလင်္ကာနိုင်ငံ သမ္မတရုံးမီဒီယာ)

သီရိလင်္ကာနိုင်ငံ ပိုလွန်နာရုဝါရှိ တရုတ်-သီရိလင်္ကာ ချစ်ကြည်ရေးဆေးရုံအား ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဓါတ်ပုံ- သီရိလင်္ကာနိုင်ငံ သမ္မတရုံးမီဒီယာ )

ပိုလွန်နာရုဝါဒေသသည် သီရိလင်္ကာနိုင်ငံတွင် နာတာရှည်ကျောက်ကပ်ရောဂါအဖြစ်အများဆုံး နေရာဒေသဖြစ်သည်။ သမ္မတဟောင်း Maithripala Sirisena လက်ထက် ၂၀၁၅ ခုနှစ် မတ်လတွင် သီရိလင်္ကာနိုင်ငံ၏ တောင်းဆိုမှုအရ ပိုလွန်နာရုဝါဒေသတွင် ကျောက်ကပ်အထူးကုဆေးရုံ ကူညီတည်ဆောက်ပေးရန် တရုတ်နိုင်ငံက သဘောတူညီခဲ့သည်။ အစီအစဉ်အရ သာမန်လူနာကုတင် (၂၀၀)နှင့် ကျောက်ကပ်ဆေးလူနာကုတင် (၁၀၀)ပါဝင်သည့် ဆေးရုံအဆောက်အအုံကို (၂၅,၀၀၀)စတုရန်းမီတာ အကျယ်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————
(国际)中国援建的中国-斯里兰卡友好医院正式启用

新华社科伦坡6月11日电(记者唐璐)中国政府援建的中斯友好暨斯里兰卡国家肾内专科医院(简称中斯友好医院)11日在位于斯中部的波隆纳鲁沃正式启用,斯里兰卡总统戈塔巴雅、前总统西里塞纳、卫生部长万尼亚拉奇和中国驻斯里兰卡大使戚振宏参加仪式。

戈塔巴雅、西里塞纳和戚振宏为医院揭牌并剪彩。随后,在中斯友好医院院长陪同下,戈塔巴雅与嘉宾一起参观了医院手术室、输血室、重症监护病房等各种设施。

戚振宏对新华社记者表示,中斯双方克服种种困难高质量建成了这所现代化专科医院,不仅将为斯里兰卡成千上万肾病患者和家人带来希望,也为南亚地区民众带来福祉。这所医院将成为中斯友好的新名片。

波隆纳鲁沃地区是斯里兰卡慢性肾病最高发地区。2015年3月,在西里塞纳担任总统期间,应斯方请求,中方同意为斯在波隆纳鲁沃地区援建一所肾病医院。按照规划,医院建筑面积为2.5万平方米,包括200个普通住院床位及100个血液透析床位。(完)

图说1:这是6月10日拍摄的位于斯里兰卡波隆纳鲁沃的中斯友好医院。新华社发(华山国际工程公司供图)
图说2: 6月11日,在斯里兰卡波隆纳鲁沃,斯里兰卡总统戈塔巴雅(前排中)在中斯友好医院手术室参观。新华社发(斯里兰卡总统府媒体处供图)

图说3:6月11日,在斯里兰卡波隆纳鲁沃,斯里兰卡总统戈塔巴雅(前排中)在中斯友好医院重症监护室参观。 新华社发(斯里兰卡总统府媒体处供图)

图说4: 这是6月10日拍摄的位于斯里兰卡波隆纳鲁沃的中斯友好医院(航拍照片)。新华社发(斯里兰卡总统府媒体处供图)
图说5:这是6月10日拍摄的位于斯里兰卡波隆纳鲁沃的中斯友好医院。 新华社发(斯里兰卡总统府媒体处供图)